မော်လမြိုင်၊ ဒီဇင်ဘာ(၂၉)

ဒီကနေ့မှာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၁ ကြိမ်မြောက်မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည် သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ၊ ထားဝယ်ခရိုင်၊ ဝယ်ဇင်ဒေသမှာ ကျင်းပခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ မွန်လူငယ်နေ့ကို နိုင်ငံရေးအခြေအနေကြောင့် အခုနှစ်မှာတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့တာ ဖြစ်ပြီး မွန်ပြည်သစ်ပါတီ (NMSP) ဘက်က ရဲဘော်၊ရဲမေတွေက လုံခြုံရေးယူပေးကြတာ တွေ့ရပါတယ်။

မွန်လူငယ်နေ့အခမ်းအနားကိုတော့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာအပါအဝင် မွန်အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသအသီးသီးက မွန်လူငယ်တွေနဲ့ မွန်သံဃာတော်တို့လည်း တက်ရောက်ကြပါတယ်။

ဒါပေမယ့် ဒီနှစ်ကျရောက်တဲ့ မွန်လူငယ်နေ့အခမ်းအနားနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီအပါအဝင် မွန်လူငယ်ဆုံရပ် (MYF) ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတွေ မတွေ့ရသေးပါဘူး။

မွန်လူငယ်နေ့ဟာ မွန်လူမျိုးတွေရဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေကို ဂါရဝပြုဖို့၊ မွန်လူငယ်အချင်းချင်းကြားမှာ အပြန်အလှန် ချစ်ခင်ရင်းနှီးမှုတွေတိုးပွားလာဖို့ဆိုတဲ့ ရည် ရွယ်ချက်တွေနဲ့ ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.