ဘန်ကောက် – ဒီဇင်ဘာ(၂၄) 

ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ နှစ်ကုန်ပိုင်းမှာ ဥရောပနဲ့ အမေရိက တို့က ခရီးသွားဧည့်သည် တွေလာရောက်လည်ပတ်မှုတွေကြောင့် ရည်မှန်းထားတာထက် (၁၅) ရာခိုင်နှုန်း ကျော်လွန်ခဲ့ တယ်လို့ အစိုးရခရီးသွား အေဂျင်စီက ပြောပါတယ်။ 

ဒီနှစ်အတွင်း နိုင်ငံတကာ ခရီးသွားဦးရေ (၁၁.၅) သန်းထက်မနည်းလာရောက်ဖို့ ရည်မှန်းထားပြီး ၂၀၂၂ ခုနှစ်နောက်ဆုံးလတွေမှာ လူအများအပြားလာရောက်လည်ပတ်မှုကြောင့် (၁၀.၉) သန်း ကို မှတ်တမ်းတင်ထားနိုင်ပြီဖြစ်တယ်လို့ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အုပ်ချုပ်ရေးမှူး ယူတာဆက် ဆူပါစွန်က ပြောပါတယ်။ 

ထိပ်တန်းစျေးကွက်တွေမှာ မလေးရှား၊ အိန္ဒိယနဲ့ လာအိုတို့ပါဝင်ပြီး တစ်နှစ်တာအတွင်း လည်ပတ်သူ(၁၁.၅) သန်းထက် မပိုနိုင်ဘူးလို့ သူက ဆိုခဲ့တာပါ။ 

အစိုးရအချက်အလက်တွေအရ ကိုဗစ်မတိုင်ခင် နိုင်ငံ GDP ရဲ့ (၁၂) ရာခိုင်နှုန်း ပြန်လည်ရရှိဖို့ ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာတာဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေး အတွက် အရေးကြီးတယ်လို့ ယူတာဆက် ဆူပါစွန်က ပြောခဲ့ပါတယ်။ 

ထိုင်းနိုင်ငံဟာ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေအားလုံးနီးပါး ရုတ်သိမ်းခဲ့ပြီးနောက် အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးကို မြှင့်တင်ပေးခဲ့တာကြောင့် နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု အရေအတွက်ဟာ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

လာမယ့်နှစ် ထိုင်းနိုင်ငံကို ခရီးသွားဧည့်သည်(၂၂) သန်းလာရောက်ဖို့ အစိုးရက မျှော်လင့်ထား ပြီး အရေအတွက်မြင့်မားလာဖို့ အာရုံစိုက်နေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ 

ပြည်တွင်းခရီးသည်တွေအပါအဝင် ခရီးသွားကဏ္ဍမှ ဝင်ငွေဟာ ၂၀၂၂ ခုနှစ်အတွက် ထိုင်းဘတ် ငွေ(၁.၅) ထရီလီယံ ရရှိလာမှာဖြစ်ပြီး ကိုဗစ်အကြိုကာလ အဆင့်ထက် ထက်ဝက်ခန့်ရှိတယ်လို့ မစ္စတာ ယူတာဆက်က ပြောပါသေးတယ်။ 

ဒီအရေအတွက်ကို လာမယ့်နှစ်မှာ နိုင်ငံတကာခရီးသွားဝင်ရောက်မှု တစ်ခုတည်းက မြင်တွေ့ရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံသားတွေကြား သွားလာလှုပ်ရှားမှုအပါအဝင် ၂၀၂၃ ခုနှစ်မှာ ဘတ်ငွေ(၂.၃၈) ထရီလီယံ ထိရရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ 

Ref: Bloomberg

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.