ရန်ကုန်၊ ဒီဇင်ဘာလ ၂၃

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၁)ရပ်ကွက် ဆီစက်လမ်းမှာရှိတဲ့ ကမာရွတ်မြို့နယ် စာရင်းစစ်ရုံးမှာ ဒီနေ့ နေ့လည် ၁၂နာရီ ၄၅မိနစ်ခန့်က လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခံရပြီး လူသေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။

ကမာရွတ်မြို့နယ်စာရင်းစစ်ရုံးဝင်းထဲကို ဗုံးပစ်ခံရပြီး နာရီဝက်ခန့်အကြာမှာ စစ်သားနဲ့ ရဲ စုစုပေါင်း ၁၅ယောက်ခန့် ကားနှစ်စီးနဲ့လာရောက်ပြီး အနီးဝန်းကျင်တစ်ဝိုက်ကို လမ်းပိတ်စစ်ဆေးခဲ့တယ်လို့ လည်း သိရပါတယ်။

ကမာရွတ်မြို့နယ်စာရင်းစစ်ရုံး ဗုံးပစ်ခံရချိန်မှာ အနီးနားမှာရှိတဲ့ ကမာရွတ်မြို့နယ် အထွေထွေ အုပ် ချုပ်ရေးမှုးရုံးမှာ အဆင့်မြင့်အရာရှိတွေ စည်းအဝေးပြုလုပ်နေချိန်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိမိတို့လုပ်ဆောင်ခဲ့တယ်လို့ ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ – KMY INFO

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.