ဒေလီ – ဒီဇင်ဘာ(၂၃)
အိန္ဒိယ ကမ်းလွန်မှာ လှေစီးဒုက္ခသည် ရိုဟင်ဂျာ (၁၀၀) ကျော်သောင်တင်နေပြီး သူတို့တွေထဲ က စားနပ်ရိက္ခာ အခက်အခဲနဲ့ ရေနစ်တာတွေကြောင့် လူဦးရေ (၂၀) လောက်သေဆုံး ထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၀) ရက်နေ့ နှောင်းပိုင်းက အိန္ဒိယနိုင်ငံပိုင် သင်္ဘော (၅) စင်းက သောင်တင် နေတဲ့လှေငယ်ကို တွေ့ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာ သတင်းအေဂျင်စီကို ပြောခဲ့ပါတယ်။
“ကျွန်ုပ်တို့ ခန့်မှန်းသလောက် အစာရေဆာပြတ်လပ်တာရယ်၊ စိတ်ဓါတ်ကျအားငယ်ချိန်မှာ ရေထဲကို ခုန်ဆင်းကြတာရယ်ကြောင့် လူ ၂၀ ဦးလောက်က သေဆုံးထားပြီးဖြစ်တယ်။ ဒါက အလွန်ဆိုးရွားပြီး ဒေါသထွက်စရာကောင်းပါတယ်” လို့ မြန်မာရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ နေတဲ့ အာရကန်စီမံကိန်း ညွှတ်ကြားရေးမှူး ခရစ်လီဝါက ပြောခဲ့ပါတယ်။
ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့နေရသတဲ့ အတွက် ဘင်္ဂလားဒေ့ရှ် က ဒုက္ခသည်စခန်းတွေကလည်း ခနော်ခနဲ့ လှေငယ်တွေကို စီးပြီး ပင်လယ်ပြင် ကိုဖြတ်ကာ စွန့်ခွာထွက်ပြေးနေကြပြီး မလေးရှားကိုသွားဖို့ ကြိုးစားနေကြတာပါ။
“လှေရဲ့ အခြေအနေက ပိုပြီးဆိုးရွားလာခဲ့တယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ လှေထဲက လူတွေကို ဆက်သွယ်မိချိန်မှာတော့ သူတို့ပြောပြချက်အရ ကလေးငယ် ၂ ယောက်ဟာ သေဆုံး ပြီးသား ဖြစ်တယ်။ လူ ၂ ဦး ရေထဲကို ခုန်ချသွားကြသလို အချို့သော အတည်မပြုနိုင်တဲ့ သေဆုံးမှုတွေ ကို ရထားတာရှိတယ်။ လှေကတော့ ပင်လယ်ထဲမှာ ၂၅ ရက် ကြာနေပြီး အစာနဲ့ သောက်ရေတွေ လည်း ပြတ်လပ်ကုန်ကြတာပေ့ါ” လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတစ်ဦး ပရီယာလီ ဆူ က ပြောပါသေးတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ရိုဟင်ဂျာ (၁၀၀) ကျော် တင်ဆောင်ထားတဲ့ နောက်ထပ်လှေ တစ်စင်းကို သီရိလင်္ကာ Navy က ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက ကပ္ပလီပင်လယ်ပြင်ကို ဖြတ်သန်းထွက်ပြေးနေတဲ့ လူအရေအတွက် ဟာ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ဒီဇင်ဘာလ(၂) ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြောထားပါတယ်။
ကုလသမဂ္ဂ ထုတ်ပြန်ချက်တစ်ခုအရ တောင်အာရှရေလမ်းကြောင်းဟာ ကမ္ဘာပေါ်မှာ အန္တရာယ် အများဆုံးထဲက တစ်ခုဖြစ်ပြီး ဒီနှစ် ဇန်နဝါရီလကစတင်ကာ လူပေါင်း (၁၉၀၀) ကျော်က အဲဒီ ခရီးလမ်းကို အသုံးပြုခဲ့ကြသလို ၂၀၂၀ ခုနှစ်မှာကလည်း ဖြတ်သန်းသွားသူတွေက ဒီနှစ်ထပ် (၆) ဆပိုများတယ်လို့ သိရပါတယ်။
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ အဓမ္မပြုကျင့်တဲ့ ကိစ္စရပ်တွေပါဝင်တဲ့ မြန်မာစစ်တပ် ရဲ့ ၂၀၁၈ ခုနှစ်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ (၇) သိန်း(၃) သောင်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။
Ref:Aljazeera