ဆိုးလ်၊ ဒီဇင်ဘာ(၂၃)

မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ တိုးပွားလာနေချိန်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် အကြီးစားပူးတွဲစစ်ရေးလေ့ကျင့် စမ်းသပ်ပစ်ခတ်မှုတွေလုပ်ဖို့ စဉ်းစားနေ ပြီလို့  ဆိုးလ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ လာမယ့်နှစ်မှာ မဟာမိတ်ဖွဲ့ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား ပြင်ဆင် ရေးအတွက် ဆွေးနွေးနေကြကြောင်း ဌာနပြောရေး ဆိုခွင့်ရှိသူ ဂျီအွန်ဟန်ဂျူက ဆိုပါတယ်။

“နှစ် ၇၀ ပြည့်ကို အမှတ်တရရှိစေဖို့ မြောက်ကိုရီးယားအပေါ် တောင်ကိုရီးယားနဲ့ မဟာမိတ်အဖွဲ့ရဲ့ လွှမ်းမိုး တားဆီးမှုစွမ်းရည်တွေကို ပြသနိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေနေပါတယ်။ ဒီလိုနှစ်နိုင်ငံ ပူးပေါင်းပစ် ခတ်မှုဆိုတာဟာ ရွေးချယ်စရာတွေအနက် တစ်ခုဖြစ်ပါတယ်” လို့ဂျီအွန်က ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ လက်နက်ဖွံ့ဖြိးတိုးတက်လာမှုကို ဟန့်တားနိုင်ဖို့အတွက် စစ်ရေးဆိုင်ရာစွမ်းဆောင်ရည် တွေနဲ့ အသင့်ဖြစ်မှုတွေကို တိုးမြှင့်ဆောင်ရွက်ဖို့လိုလားနေတဲ့ တောင်ကိုရီးယား သမ္မတသစ် ယွန်းလက် ထပ်မှာ နှစ်ရှည်ကြာဆိုင်းငံ့ထားသည့် နောက်ထပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေတာပါ။

မြောက်ကိုရီးယားက ပူးတွဲ စစ်ရေးလေ့ကျင့်မယ့် နှစ်နိုင်ငံစလုံးကို ပြစ်တင်ဝေဖန်ပြီး သူတို့ဘက်ကလည်း ဒုံးကျည်စမ်းသပ်မှုတွေ ထပ်လုပ်မယ်လို့ကတိပြုပြောဆိုခဲ့ပါတယ်။ ဒီလိုပြောပြီး နာရီပိုင်းအကြာမှာ ပထမဆုံး အကြိမ်အဖြစ် တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ အသုံးပြုခဲ့တဲ့ F-22 Raptor ကိုယ်ပျောက် တိုက်လေယာဉ်တွေကို အမေရိကန်ဘက်ကနေ ပျံသန်းပြသခဲ့တာပါ။

ဒါ့အပြင် ၂၀၁၈ ခုနှစ်ကတည်းက ရပ်တန့်ထားရတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့ စစ်ရေးလေ့ကျင့် မှုတွေကိုလည်း မဟာမိတ်တွေက ပြသခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံရေးကို ဦးစားပေးတဲ့ သမ္မတမွန်ဂျေအင်း လက်ထက်မှာတော့ စစ်ရေး လေ့ကျင့်မှုတွေကို ရပ်တန့်ထားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ဖို့ ဒီဇိုင်းထုတ်ထားတဲ့  တိုက်ချင်း ပစ်ဒုံးကျည် (ICBMs) အပါအဝင် မကြုံစဖူးသော ဒုံးကျည်အရေအတွက်ကို စမ်းသပ်ပြခဲ့တာပါ။

Ref; Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.