မနီလာ – ဒီဇင်ဘာ(၂၃)
တရုတ်ရဲ့ နယ်မြေသိမ်းယူတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ပြီးနောက်မှာတော့ အငြင်းပွားနေတဲ့ ရေ လမ်းကြောင်းက မြို့စောင့်တပ်ကို ခြိမ်းခြောက်ခံနေရတဲ့အတွက်ဆိုပြီး တောင်တရုတ်ပင်လယ် မှာ ဖိလစ်ပိုင်က သူတို့ရဲ့ စစ်အင်အားကို တိုးချဲ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။
တောင်တရုတ်ပင်လယ်က အဓိက ကျွန်းစုဖြစ်တဲ့ စပရက်တလီကျွန်းစုမှာ တရုတ်စစ်တပ်က နယ်မြေအများအပြားကို ပြန်လည်သိမ်းယူနေတယ်လို့ မီဒီယာတွေက ဖော်ပြပြီးနောက် နှစ်ရက် အကြာမှာ စစ်အင်အားတိုးချဲ့သွားမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာပါ။
“အနောက်ဖိလစ်ပိုင်ပင်လယ်တွင် ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် ယင်းအစီအစဉ်များကို ပြန်လည်နေရာချထားခြင်းဟာ ကျွန်း၏လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်တယ်” လို့ ဖိလစ်ပိုင် ကာကွယ်ရေးဌာနက ပြောခဲ့ပါတယ်။
ပါဂါဆာကျွန်းနဲ့ နီးကပ်တဲ့ တရုတ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး အနောက်ဖိလစ်ပိုင် ပင်လယ်မှာ နိုင်ငံရဲ့ လုံခြုံရေးအားကောင်းလာစေဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ကာကွယ်ရေး ဌာန အင်အားတို့ချဲ့ဖို့ ညွှန်ကြားလာတာဖြစ်ပါတယ်။
သယံဇာတပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်အားလုံးနီးပါးကို တရုတ်နိုင်ငံက ထုတ်ယူနေ ပြီး နှစ်စဉ် ကုန်သွယ်မှု ဒေါ်လာ ထရီလီယံပေါင်းများစွာ ဖြတ်သန်းသွားလာနေတယ်လို့ သိရပါ တယ်။
ပြီးခဲ့တဲ့ နှစ်တွေကလည်း တရုတ်က စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ လေယာဉ်ကွင်းတွေ တည်ဆောက်ဖို့ ကျွန်းတုတွေ တည်ဆောက်ခဲ့ပါသေးတယ်။
အမေရိကန် အရာရှိတွေက ဂြိုလ်တုဓာတ်ပုံတွေကို ကိုးကားပြီး အဓိက ကျွန်းစုတွေအနီးမှာ ကုန်းမြေဖွဲ့စည်းပုံအသစ်တွေ ထွက်ပေါ်လာတယ်လို့ Bloomberg မီဒီယာက ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီအစီရင်ခံစာဟာ လုံးဝအခြေအမြစ်မရှိဘူးလို့ဆိုပြီး ငြင်းဆိုထားပါတယ်။
ဖိလစ်ပိုင်က ဒေသတွင်း ငါးဖမ်းလှေတွေနဲ့ တခြားရေယာဉ်တွေကို တရုတ်ကမ်းခြေစောင့်တပ်နဲ့ ရေကြောင်းပြည်သူ့စစ်တွေက နှောင့်ယှက်တိုက်ခိုက်နေတယ်လို့ အကြိမ်ကြိမ်စွပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက တရုတ်ကမ်းခြေစောင့် သင်္ဘောတစ်စင်းဟာ ဖိလစ်ပိုင်ရေတပ် ဘင်္ဘောက ပြန်လည်ရယူခဲ့တဲ့ တရုတ်ဒုံးကျည်တစ်စင်းက အပျက်အစီးတွေကို ထိန်းသိမ်းခဲ့ပြီးနောက် မနီလာမှာ သံတမန်ရေးရာ ကန့်ကွက်မှု တစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။
ရင်းနှီးတဲ့ ညှိနှိုင်းမှုအပြီးမှာ အပျက်အစီးတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ မနီလာမှာရှိတဲ့ တရုတ် သံရုံးက ပြောဆိုခဲ့ပြီး အင်အားသုံးခဲ့တာကို ငြင်းဆိုထားတာပါ။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ်က သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးနဲ့ ဆန့်ကျင်ဘက်အနေနဲ့ တရုတ်နိုင်ငံရဲ့ ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးတွေကို ခြေချခွင့်မပြုဘူးလို့ အခိုင်အမာ ပြောဆို ထားပါတယ်။
Ref: Alarabiya