Radio Than Lwin Times(20/12)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
ဆိုးလ်၊ ဒီဇင်ဘာ(၂၃) မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ တိုးပွားလာနေချိန်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် အကြီးစားပူးတွဲစစ်ရေးလေ့ကျင့် စမ်းသပ်ပစ်ခတ်မှုတွေလုပ်ဖို့ စဉ်းစားနေ ပြီလို့ ဆိုးလ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ လာမယ့်နှစ်မှာ မဟာမိတ်ဖွဲ့ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား ပြင်ဆင် ရေးအတွက် ဆွေးနွေးနေကြကြောင်း ဌာနပြောရေး ဆိုခွင့်ရှိသူ ဂျီအွန်ဟန်ဂျူက ဆိုပါတယ်။ “နှစ်…
မနီလာ – ဒီဇင်ဘာ(၂၃) တရုတ်ရဲ့ နယ်မြေသိမ်းယူတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ပြီးနောက်မှာတော့ အငြင်းပွားနေတဲ့ ရေ လမ်းကြောင်းက မြို့စောင့်တပ်ကို ခြိမ်းခြောက်ခံနေရတဲ့အတွက်ဆိုပြီး တောင်တရုတ်ပင်လယ် မှာ ဖိလစ်ပိုင်က သူတို့ရဲ့ စစ်အင်အားကို တိုးချဲ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ တောင်တရုတ်ပင်လယ်က အဓိက ကျွန်းစုဖြစ်တဲ့ စပရက်တလီကျွန်းစုမှာ တရုတ်စစ်တပ်က နယ်မြေအများအပြားကို ပြန်လည်သိမ်းယူနေတယ်လို့ မီဒီယာတွေက ဖော်ပြပြီးနောက် နှစ်ရက် အကြာမှာ…
ဒေလီ – ဒီဇင်ဘာ(၂၃) အိန္ဒိယ ကမ်းလွန်မှာ လှေစီးဒုက္ခသည် ရိုဟင်ဂျာ (၁၀၀) ကျော်သောင်တင်နေပြီး သူတို့တွေထဲ က စားနပ်ရိက္ခာ အခက်အခဲနဲ့ ရေနစ်တာတွေကြောင့် လူဦးရေ (၂၀) လောက်သေဆုံး ထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၀) ရက်နေ့ နှောင်းပိုင်းက အိန္ဒိယနိုင်ငံပိုင် သင်္ဘော (၅) စင်းက သောင်တင် နေတဲ့လှေငယ်ကို…
ကျိုက်ထို၊ ဒီဇင်ဘာ(၂၃) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ကျိုက်ထိုမြို့နယ်ထဲမှာ နေရပ်ပြန်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ်ထဲက ဒေသခံ ၄၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာပထမအပတ်တုန်းက စစ်ကောင်စီ သိမ်ဇရပ်အခြေစိုက် အမြောက်တပ်ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့…
ကော့ကရိတ်၊ ဒီဇင်ဘာ(၂၃) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းဖို့ စစ်ခေါင်းဆောင်က ထပ်မံဖိတ်ခေါ်ခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့မှာလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ကရင်နှစ်သစ်ကူးနေ့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး အဲ့ဒီသဝဏ်လွှာထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်သံသရာကနေ ရုန်းထွက်ကြဖို့ အချိန်ကျရောက်ပြီလို့ တိုက်တွန်းပြောဆိုထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ဖို့အတွက် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိဖို့…
မော်လမြိုင်၊ ဒီဇင်ဘာ (၂၃) AAPP ရဲ့ ဒီဇင်ဘာ (၂၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၉၀)ရက်အတွင်း ပြည်သူ (၂၆၄၀)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၈၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…
မော်လမြိုင်၊ ဒီဇင်ဘာ(၂၃) စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီလို့ လူသိများနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ မွန်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲအတွက် ပါတီဝင်စိစစ်တာအပြင် ကြိုတင်ပြင်ဆင်မှုတချို့ စတင်ဆောင်ရွက်နေပြီလို့ ပါတီဘက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီဟာ မွန်ပြည်နယ်ထဲက မြို့နယ်တွေမှာ ရက်(၉၀) စီမံချက်နဲ့ လာမယ့်ရွေးကောက်ပွဲမှာ အသုံးပြုသွားမယ့် အချိုးကျကိုယ်စားပြုစနစ် PR စနစ်အကြောင်း လိုက်လံရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ပါတီဝင်အမည်စာရင်း…
တနင်္သာရီ၊ ဒီဇင်ဘာ(၂၃) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တနင်္သာရီမြို့အခြေစိုက် စစ်ကောင်စီခလရ(၅၆၁)တပ်နဲ့ ဗောဓိကမ်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင် စီတပ်က တိုက်ပွဲမရှိဘဲ ညောင်ပင်ကွင်းနဲ့ ဘန်လောကျေးရွာတွေဘက်ကို လက်နက်ကြီးအချက် ၃၀ ထက်မနည်း အကြောင်းမဲ့ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့…
ရန်ကုန်၊ ဒီဇင်ဘာ(၂၃) မြန်မာနိုင်ငံအတွင်း ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကနေ မဲခွဲဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ အရွှေ့တစ်ခုဖြစ်ပေမယ့် စောင့်ကြည့်ရဦးမယ်လို့ ဝါရင့်နိုင်ငံရေးသမားနဲ့ လေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့ကနေ ထောက်ခံမဲ ၁၂ မဲနဲ့ တရုတ်၊ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့က ကြားနေမဲအဖြစ်၊…