လဟိုး၊ ဒီဇင်ဘာ (၂၁)

ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခံထားရတဲ့ ရဲစခန်းတစ်ခုကို ပြန်လည်ရယူနိုင်ခဲ့ပြီး ဓားစာခံတွေကို ဖမ်းဆီးထားတဲ့ စစ်သွေးကြွ (၃၃) ဦးစလုံး သေဆုံးခဲ့ကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောကြား ခဲ့ပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ ဝေးလံခေါင်ဖျားတဲ့ ပါကစ္စတန်အနောက်မြောက်ပိုင်း ဘန်နူခရိုင်ရှိ ရဲစခန်း တစ်ခုကို တနင်္ဂနွေနေ့မှာဝင်ရောက်သိမ်းပိုက်ခဲ့ပြီး အဲဒီအချိန်မှာ လုံခြုံရေးအရာရှိတွေအပါအဝင် လူအများ အပြားက အတွင်းမှာရှိနေခဲ့တာပါ။

ဓားစာခံတွေအားလုံး လွတ်မြောက်ခဲ့ပြီး အထူးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကာ စစ်သား ၁၅ ဦးခန့် ဒဏ်ရာရ ရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး မူဟာမက်အဆစ်ဖ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

TTP လို့ လူသိများတဲ့ ပါကစ္စတန် တာလီဘန်တွေဟာ အဲဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှရှိနေကြောင်း အတည်ပြုခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့လက အဲဒီအဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ပြီးနောက် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့ ဒီအဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာတော့ စစ်ဆင်ရေးနဲ့ နှိမ်နင်းခံခဲ့ရတာပါ။
၂၀၂၀ ခုနှစ်မှာတော့ အာဖဂန်နစ္စတန်က အမေရိကန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီခဲ့ပြီးပေမယ့် သူတို့အနေနဲ့ လွန်ခဲ့တဲ့နှစ်မှာ နိုင်ငံကို ပြန်လည်သိမ်းယူခဲ့ပါတယ်။

နှစ်နိုင်ငံနယ်စပ်အနီးရှိ ဒေသတစ်ခုမှာ ဓားစာခံအဖြစ် ဖမ်းဆီးမှုဖြစ်ပေါ်ခဲ့ပြီး မတူညီတဲ့ အုပ်စုတွေနဲ့ ချိတ်ဆက် မှုရှိနေတဲ့ စစ်သွေးကြွ ၃၃ ဦးကို အကြမ်းဖက်မှု တန်ပြန်ရေး အဆောက်အအုံမှာ ထိန်းသိမ်း ထားကြောင်း ဝန်ကြီးက ပါလီမန်ကို ရှင်းပြခဲ့ပါတယ်။

စစ်သွေးကြွတွေဟာ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့အတွက် ညှိုနှိုင်းချက်အနေနဲ့ လုံခြုံတဲ့ ထွက်ပေါက်ကို တောင်းဆိုခဲ့ကြတာပါ။ ဒါပေမယ့် စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုတွေ မအောင်မြင်တာကြောင့် ထိပ်တိုက်ရင်ဆိုင်မှု ပေါ်ပေါက်ခဲ့ရတာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲသံနဲ့ သေနတ်သံတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေက  ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်သမားအားလုံး သေဆုံးခဲ့ရပြီး ဓားစာခံတွေအားလုံး လွတ်မြောက်ခဲ့ကြောင်း ဝန်ကြီးက အတည်ပြုခဲ့တာပါ။

ပါကစ္စတန်မှာ လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ဘန်နူရှိ သီးခြားတိုက်ခိုက်မှုတစ်ခုအတွင်း ရဲတပ် ဖွဲ့ဝင်လေးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.