ရန်ကုန် – ဒီဇင်ဘာ(၂၂) 

မြန်မာနိုင်ငံက ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းမှာ ရောင်းစားခံထားရတဲ့ မလေးရှားနိုင်ငံသား (၆)ဦးဟာ ဒီဇင်ဘာလ(၂၁) ရက်နေ့က ပြည်တော်ပြန်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ 

အသက်(၁၉) နှစ်အရွယ် မလေးရှားနိုင်ငံသား မွတ်ဖာဟန်အက်ဇ်မာန် က ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်ခန်းမကို ရောက်ရှိချိန်မှာ ကျေးဇူးတင်ကြောင်း ကြမ်းပြင်ပေါ်ထိုင်ချကာ အရိုအသေပေး ပြီး ဖော်ပြခဲ့တာပါ။ 

မြန်မာနိုင်ငံကို လူကုန်ကူးခံခဲ့ရတဲ့ မလေးရှားနိုင်ငံသားတွေ အတွက် မလေးရှားသံရုံး၊ ထိုင်းနိုင်ငံ မှာနေထိုင်တဲ့ မလေးနိုင်ငံသား မစ္စတာ ဗစ်တာဝန် နဲ့ မလေးနဲ့ထိုင်းရဲတပ်ဖွဲ့တွေက ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

စင်္ကာပူနိုင်ငံမှာ အိမ်အကူ အလုပ်လုပ်ကိုင်ခဲ့တဲ့ မစ္စတာဖာဟန်ကို ငွေကြေးလိမ်လည်တဲ့ Call Center  လုပ်ငန်းတွေမှာ အတင်းအကျပ်ခိုင်းစေတဲ့ မြန်မာနိုင်ငံကို လူကုန်ကူးခံခဲ့ရတာဖြစ်ပါတယ်။ 

“ကျွန်မသား မြန်မာနိုင်ငံမှာရှိနေတဲ့အချိန် အလုပ်ရှင်ဘက်က လျော်ကြေးငွေ မလေးရှားငွေ တစ်သောင်းငါးထောင် တောင်းတဲ့အချိန်မှာ အဆက်အသွယ်ရခဲ့တယ်။ သူ့ခမျာ နှိပ်စက်ခံ နေရမယ် ပြီးတော့ ဆာလောင်နေမယ်ဆိုတာကို ကျွန်မသိခဲ့ပါတယ်” လို့မစ္စတာ ဖာဟန်ရဲ့ မိခင်ဖြစ်သူက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် သူမရဲ့သားကြောင့် လွန်ခဲ့တဲ့ (၄)လလုံး အိပ်မပျော်နိုင်ဖြစ်ခဲ့ရတယ်လို့ သူမက ပြောပါ သေးတယ်။ 

အသက်(၁၉) နှစ်အရွယ်မစ္စတာဖာဟန်ကို ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းမှာ လစဉ် ရောင်းအား သတ်မှတ်ချက် အမေရိကန်ဒေါ်လာ (၉၁၂၈) ဒေါ်လာ မပြည့်မီတဲ့အတွက် ရိုက်နှက်ခံခဲ့ရတယ် လို့ သိရပါတယ်။ 

KK Garden  ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းမှာရောင်းစားခံခဲ့ရ မလေးရှားနိုင်ငံသား (၆) ဦး ထဲမှာ မွတ် ဖာဟန် ကလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး ကျန်(၅) ဦးမှာတော့ မူဟာမက်ရက်ဒ်ဇူ ယန် အသက်(၂၁)နှစ်၊ ယွန်ယင် အသက်(၃၀) နှစ်၊ဖဲလစ်လင်းမ် အသက်(၂၅) နှစ်၊ ဝန်ချီဟွန် (၂၇)နှစ်နဲ့ လင်မ်ဟန်ဆင် အသက်(၂၈) နှစ်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။ 

အမြင့်ပေ (၄) မီတာနဲ့ သံဆူးကြိုးတွေ အုတ်တံတိုင်းတွေနဲ့ ကာရံထားတဲ့ မြန်မာနိုင်ငံက KK Garden မှာ မလေးရှားနိုင်ငံသား (၁၀၀၀) လောက် ပိတ်မိနေသေးတယ်လို့ သိရပါတယ်။

Ref:The Straitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.