တိုကျို – ဒီဇင်ဘာ(၂၂) 

မြောက်ကိုရီးယားက ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဗျူဟာသစ်ကို ရှုတ်ချခဲ့ပြီး ဒီရွေးချယ်မှုဟာ မှားယွင်းကြောင်း ပြသမယ်လို့ ဆိုခဲ့ပါတယ်။ 

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်လာတဲ့ စစ်ရေးတည်ဆောက်မှုတွေကို ဂျပန်က ထုတ်ဖော်ခဲ့ပြီးရက်ပိုင်းအကြာမှာ ဂျပန်နိုင်ငံရဲ့ မဟာဗျူဟာက ရန်လိုတဲ့ မူဝါဒကို တရားဝင် ဖြစ်စေခဲ့သလို ဒေသတွင်း လုံခြုံရေးကို ပြောင်းလဲဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ မြောက်ကိုရီး ယားက ပြောခဲ့တာပါ။ 

“ဂျပန်က မကြာခင်မှာ တုန်လှုပ်ချောက်ချားပြီး အန္တရာယ်များတဲ့ ရွေးချယ်မှုတစ်ခုကို သိသိ သာသာ မှားယွင်းပြီး လုပ်ခဲ့တယ်ဆိုတာ သိလာရလိမ့်မယ်လို့ မြောက်ကိုရီးယားက သတိပေး လိုက်ပြီး ကုလသမဂ္ဂ၏ ပဋိညာဉ်ကို ချိုးဖောက်တဲ့ ဂျပန်ရဲ့ စစ်ရေးတည်ဆောက်မှူဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပြင်းထန်သော စိန်ခေါ်မှုတစ်ခုဖြစ်တယ်” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ဒါ့အပြင် ဂျပန်က တခြားနိုင်ငံတွေအပေါ် ကြိုတင်ကာကွယ်တဲ့ တိုက်ခိုက်မှုစွမ်းရည်ကို အသိအမှတ်ပြုတဲ့ လုံခြုံရေးဗျူဟာသစ်ကို ကျင့်သုံးလိုက်တာဟာ ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့အာရှဒေသမှာ ပြင်းထန်တဲ့ လုံခြုံရေးအကျပ်အတည်းကိုယူဆောင်လာတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံအနေနဲ့ သူတို့ရဲ့  ကိုယ်ပိုင် လုံခြုံရေး အရှိန်မြှင့်ဖို့ ကြိုးပမ်းမှုတွေကို ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။ 

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျွန်ရဲ့ သီးခြားထုတ်ပြန်ချက်တစ်ခုမှာ ခေါင်းဆောင်ရဲ့ သူလျှိုဂြိုလ်တုတစ်ခု တီထွင်ထုတ်လုပ်လိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံရဲ့ စက်ပစ္စည်းကိရိယာတွေ တီထွင်ထုတ်လုပ်ဖို့ ကြိုးပမ်းမှုဟာ ပြုံယမ်းရဲ့ လုံခြုံရေးအတွက် အဓိက ဦးစားပေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် တောင်ကိုရီးယားဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တွေအတွက် ငိုယိုတောင်းခံ နေသလို နောက်ထပ်ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်ဖို့ ကြိုးပမ်းနေပြီး နိုင်ငံရဲ့ ရှင်သန်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေးတွေကို ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုကာ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဘာလို့ ကြောက်နေရမှာလဲ လို့ ကင်မ်ယိုဂျွန် ကပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယားရဲ့ ကာကွယ်ရေးကဏ္ဍ အားကောင်းလာစေဖို့နဲ့ ခံစစ်အား မြှင့်တင်ဖို့ ကြိုးပမ်း မှုတွေကို ဝါရှင်တန်အနေနဲ့ မေးခွန်းထုတ်ခွင့်မရှိဘူးလို့ ဆိုခဲ့ပြီး ဂျပန်ရဲ့ လက်နက်တပ်ဆင်ရေး နဲ့  ပြန်လည်ကျူးကျော်ရေးအစီအစဉ်ကိုအားပေးအားမြှောက်ပြုနေတာဖြစ်တယ်လို့ အမေရိကန် ကိုဝေဖန်ခဲ့ပါတယ်။

Ref: WION

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.