December 22, 2022

စစ်ရှောင်စခန်းနဲ့ ဒုက္ခသည်စခန်း ၁၇၀ ကို ပိတ်သိမ်းနိုင်ခဲ့ပြီလို့ စစ်ကောင်စီပြော

မော်လမြိုင်၊ ဒီဇင်ဘာ (၂၂) စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနဲ့ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီက ၂၀၂၁ခုနှစ် မတ်လကနေ ၂၀၂၂ခုနှစ် အောက်တိုဘာလအထိ စစ်ရှောင်စခန်းနဲ့ ဒုက္ခသည်စခန်း ၁၇၀အထိ ပိတ်သိမ်းနိုင်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနဲ့ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၀ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး ကြေညာချက်တစ်ခုထုတ်ခဲ့တာပါ။…

ဖက်ဒရယ်ယူနစ်တခုရဲ့ သင်ရိုးညွှန်းတမ်းစံနှုန်းများအညွှန်းဘောင် လုပ်ငန်းစဉ် စံနမူနာ

(မွန်ပညာရေးဌာန အနှစ် ၅၀ ပြည့်၊ ရွှေရတု အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး) ရောင်စုံသစ်တောထဲမှာ ရွက်ဟောင်းတို့ ကြွေလွင့်ပြီး ရွက်နုသစ်တို့ ဝေဆာနေတဲ့ သဘာဝတရားရဲ့ ဖြစ်စဉ်နဲ့အပြိုင်ပါပဲ။ မိုးကြိုးမုန်တိုင်းတွေနဲ့ သားရဲတွေရဲ့ ဘေးအန္တရာယ်များကြားမှာ ရဲရင့် ရှင်သန်စေရုံမျှ သာမကဘဲအပွင့်၊ အရွက်၊ အခက်အလက်တွေနဲ့ ဝေစည်ဖို့လည်း တရွေ့ရွေ့နဲ့ ပံ့ပိုးနေကြလေရဲ့။ ဒီမြေဒီရေနဲ့ပဲရုန်းကန်ကြီးထွား နေကြပုံများ။ ခေတ်အဆက်ဆက်မှာ ပညာရေးကို စဉ်ဆက်မပြတ်…

ရဲစခန်းကိုသိမ်းပိုက်ပြီး ဓားစာခံတွေကိုဖမ်းထားတဲ့ စစ်သွေးကြွ ၃၃ယောက် အသေဖမ်းမိ

လဟိုး၊ ဒီဇင်ဘာ (၂၁) ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခံထားရတဲ့ ရဲစခန်းတစ်ခုကို ပြန်လည်ရယူနိုင်ခဲ့ပြီး ဓားစာခံတွေကို ဖမ်းဆီးထားတဲ့ စစ်သွေးကြွ (၃၃) ဦးစလုံး သေဆုံးခဲ့ကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောကြား ခဲ့ပါတယ်။ အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ ဝေးလံခေါင်ဖျားတဲ့ ပါကစ္စတန်အနောက်မြောက်ပိုင်း ဘန်နူခရိုင်ရှိ ရဲစခန်း တစ်ခုကို တနင်္ဂနွေနေ့မှာဝင်ရောက်သိမ်းပိုက်ခဲ့ပြီး အဲဒီအချိန်မှာ လုံခြုံရေးအရာရှိတွေအပါအဝင် လူအများ အပြားက အတွင်းမှာရှိနေခဲ့တာပါ။…

မြန်မာနိုင်ငံက ငွေကြေးလိမ်လည်တဲ့ အလုပ်မှာ ရောင်းစားခံခဲ့ရတဲ့ မလေးနိုင်ငံသား (၆)ဦး ပြန် ခွင့်ရ

ရန်ကုန် – ဒီဇင်ဘာ(၂၂) မြန်မာနိုင်ငံက ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းမှာ ရောင်းစားခံထားရတဲ့ မလေးရှားနိုင်ငံသား (၆)ဦးဟာ ဒီဇင်ဘာလ(၂၁) ရက်နေ့က ပြည်တော်ပြန်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ အသက်(၁၉) နှစ်အရွယ် မလေးရှားနိုင်ငံသား မွတ်ဖာဟန်အက်ဇ်မာန် က ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်ခန်းမကို ရောက်ရှိချိန်မှာ ကျေးဇူးတင်ကြောင်း ကြမ်းပြင်ပေါ်ထိုင်ချကာ အရိုအသေပေး ပြီး ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံကို လူကုန်ကူးခံခဲ့ရတဲ့ မလေးရှားနိုင်ငံသားတွေ…

ဂျပန်ရဲ့ လုံခြုံရေးဗျူဟာအသစ်ကို မြောက်ကိုရီးယားရှုတ်ချ

တိုကျို – ဒီဇင်ဘာ(၂၂) မြောက်ကိုရီးယားက ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဗျူဟာသစ်ကို ရှုတ်ချခဲ့ပြီး ဒီရွေးချယ်မှုဟာ မှားယွင်းကြောင်း ပြသမယ်လို့ ဆိုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်လာတဲ့ စစ်ရေးတည်ဆောက်မှုတွေကို ဂျပန်က ထုတ်ဖော်ခဲ့ပြီးရက်ပိုင်းအကြာမှာ ဂျပန်နိုင်ငံရဲ့ မဟာဗျူဟာက ရန်လိုတဲ့ မူဝါဒကို တရားဝင် ဖြစ်စေခဲ့သလို ဒေသတွင်း လုံခြုံရေးကို ပြောင်းလဲဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ မြောက်ကိုရီး ယားက ပြောခဲ့တာပါ။ “ဂျပန်က…

ကယားစစ်ဘေးရှောင်တွေအတွက် KSCC ကနိုင်ငံတကာကို အကူအညီတောင်းခံ

ဒီမော့ဆို – ဒီဇင်ဘာ(၂၂) စစ်ကောင်စီရဲ့ နေ့စဉ်လိုလိုထိုးစစ်ဆင်ခံနေရတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေအတွက် နိုင်ငံတကာရဲ့ အကူအညီတွေမရရှိဘူးဆိုရင် စားနပ်ရိက္ခာလုံးဝပြတ်သွားတော့မယ့် အခြေအနေ နဲ့ရင်ဆိုင်နေရတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က သံလွင်တိုင်းမ် ကိုပြောပါတယ်။ UNHCR က လွိုင်ကော်မြို့ပေါ်မှာ စစ်ရှောင်တွေအတွက် ရည်ရွယ်ပြီး စားနပ်ရိက္ခာ တွေ ဝေးပေးနေပေမယ့် စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ဟန့်တားမှုတွေကြောင့် လိုအပ်နေတဲ့ ပြည်သူတွေ…

KNU နယ်မြေထဲက စစ်ရှောင်တွေအတွက် အနွေးထည်နဲ့စောင်အကူအညီတွေ လိုအပ်နေ

ညောင်လေးပင်၊ ဒီဇင်ဘာ(၂၂) ဆောင်းရာသီအအေးဒဏ်ကြောင့် KNU အုပ်ချုပ်နယ်မြေထဲက တောတောင်ထဲမှာ ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် အနွေးထည်နဲ့ စောင်အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားမှု နဲ့ လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၄ သိန်း နီးပါးအထိ ရှိလာခဲ့တာ…

ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ

ကော့ကရိတ်၊ ဒီဇင်ဘာ (၂၂) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၆)ရက်နေ့ကစပြီး ကော့ကရိတ်တောင်ပိုင်း လှိုင်ဝကျေးရွာက စစ်ကောင်စီရဲ့ ခမရ(၂၃၁) စခန်းနဲ့ ကော့ကရိတ်-ကျုံဒိုး ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်…