အာဏာသိမ်းစစ်တပ်ဟာ အခုနောက်ပိုင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လေကြောင်းစစ်ဆင်ရေးတွေ ပိုမိုလုပ် ဆောင်လာသလို မကြာခဏဆိုသလိုလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။ ဒါကြောင့်စစ်ကောင်စီဘက်က လုပ်လာနိုင်တဲ့ လေကြောင်းစစ်ဆင်ရေး အခြေအနေ၊ တော်လှန်ရေးအင် အားစုတွေအပါအဝင် အရပ်သားတွေအနေနဲ့ ဘယ်လိုကြိုတင်ကာကွယ်ထားသင့်လဲ။ ဒီအခြေအနေနဲ့ ပတ် သက်ပြီး CDM လေတပ်ဗိုလ်ကြီးဇေသူအောင် နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၅)ရက်နေ့က ကျရောက်ခဲ့တဲ့ တပ်မတော်လေတပ်ရဲ့ (၇၅) နှစ်မြောက် အခမ်းအနားမှာတပ်တော်ဝင်တဲ့ ပုံစံမျိုးနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို စစ် ကောင်စီဘက်က ထုတ်ပြလာတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဒါကတော့ ဟိုတိုက်ပွဲအခြေအနေနဲ့ ကျွန်တော်တို့ဘက်က အားကောင်းမှုအပေါ်မှာ မူတည်ပါတယ်ခင်ဗျ။ ဘာ ကြောင့်ဆို စစ်ကောင်စီကသူ့ဆီမှာရှိတဲ့ လက်နက်ခဲယမ်းအားလုံးကို စစ်ပွဲတစ်ခုမှာသုံးနိုင်တဲ့ လက်နက်ခဲယမ်း အားလုံးကို သူတို့သုံးလိမ့်မယ်လို့ ကျွန်တော်တို့ကတော့ယူဆတယ်။ စစ်တပ်အားက ခြေလျင်တပ်ဖြစ်တယ်။ ခြေလျင်တပ်ဖြစ်တဲ့အချိန်မှာ ဒီခြေလျင်တပ်က အဲဒီလောက်အထိ မစွမ်းဆောင်နိုင်တဲ့အချိန်လည်း ရောက်ရော တိုက်ရည်ခိုက်ရည်ရော စိတ်ဓာတ်ပိုင်းဆိုင်ရာအရရော အဲဒီလောက်အထိ စွမ်းဆောင်ရည်မဲ့နေပြီပေါ့။ စွမ်းဆောင်ရည်မရှိဖြစ်လာတဲ့အခါမှာ လေကြောင်းကိုအဓိကအားပြုပြီး သုံးနေရတယ်။ သုံးနေရတဲ့အခါမှာ သူတို့ဘက်က လူတွေအားတက်ဖို့အတွက်ရော၊ စိတ်ဓာတ်စစ်ဆင်ရေးအရရော တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံးပေါ့။ သူတို့ဆီမှာ ဒါတွေရှိနေတယ်။ သူတို့ရဲ့လုပ်နိုင်စွမ်းက မင်းတို့အပေါ်မှာအများကြီး လုပ်နိုင်တယ် ဆိုပြီးတော့မှပြသတာလို့ အဲ့လိုမျိုးပဲ ကျွန်တော်က ယူဆပါတယ်ခင်ဗျာ။

-နောက်ပြီး အာဏာသိမ်းစစ်ကောင်စီက အဆင့်မြင့်တိုက်ခိုက်ရေးလေယာဉ်တွေကို တရားဝင်ထုတ်ပြလာတဲ့အ တွက် တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်သလား။

ဒါကတော့ ကျွန်တော်တို့မြေပြင်တပ်ဖွဲ့တွေ နောက်ပြီး အရပ်သားပြည်သူတွေရဲ့ လေကြောင်းနဲ့ပတ်သက်ပြီး တော့ ဘယ်လောက်အထိ ကာကွယ်ရေးနည်းစနစ်တွေကို သိသလဲ။ ဘယ်လောက်အထိ ကြိုတင်ပြင်ဆင် ကာ ကွယ်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ထိခိုက်မှုတွေကသာသွားမှာပေါ့။ သူတို့က ဘုန်းကြီးကျောင်း လည်း မရှောင်ဘူး။ရွာလည်းမရှောင်ဘူး။ အကုန်လုံးကို စစ်ရေးပစ်မှတ်ပုံစံသဖွယ် အကုန်လုံးကို တိုက်ခိုက် နေတယ်။တိုက်ခိုက်နေတဲ့အချိန်မှာ ပြည်သူလူထုကလည်း ကိုယ့်ရဲ့စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို အစောကြီးတည်းက ကြိုတင်ကြောက်ဖို့တော့မဟုတ်ဘူး။ ကြိုတင်ပြီး ပြင်ဆင်ထားရမယ်။ လေကြောင်း အန္တ ရာယ်ရှိပြီဆိုရင် ဘယ်လိုနေမလဲဆိုပြီးလုပ်ထားရမယ်ပေါ့။ နောက်တခုက လေကြောင်းနဲ့ပတ်သက်ရင် SU30 လေယာဉ်လိုလေယာဉ်တွေဆိုရင် ညဘက်ပိုင်းတွေမှာ ကြဲနိုင်တယ်။ အခုနောက်ပိုင်းဆို တိုက်ခိုက်တာမဟုတ် ဘဲ ဗုံးကြဲတဲ့လေယာဉ်မျိုးဆိုရင် သူ့မှာသွားနိုင်တဲ့အကွာအဝေးက ကန့်သတ်ချက်ရှိတယ်။ ကန့်သတ်ချက် ရှိတော့ SU30လို လေယာဉ်မျိုးနဲ့ ကျွန်တော်တို့ကမြန်မာနိုင်ငံရဲ့ ဒေသတွေအားလုံးကို နေပြည်တော်ကနေ လာပြီးတော့ ဗုံးကြဲတာမျိုးတွေဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်နိုင်တယ်။ အဲဒီအတွက် ကျွန်တော်တို့က ကြိုတင်ပြီးပြင်ဆင်ထားရမယ်။ ကိုယ်တွေရဲ့စခန်းတည်ဆောက်ပုံ၊ PDFတွေရဲ့ စခန်းတည်ဆောက်ပုံ၊ လူတွေ ရဲ့နေရာချထားပုံတွေကအစ ကျွန်တော်တို့က အဲဒီအပေါ်မှာ ကာကွယ်တန်ပြန်နိုင်ဖို့ရန်အတွက် စဉ်းစားပြီး တော့မှ ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်ကတော့ ယူဆရပါတယ်ခင်ဗျ။

-ဒီအပေါ်မှာ တော်လှန်ရေးအင်အားစုတွေအပါအဝင် အရပ်သားတွေအနေနဲ့ ဘယ်လိုကြိုတင်ကာကွယ် ထား သင့်လဲ။

ထိခိုက်နစ်နာမှုကတော့ ခုနက ကျွန်တော်ပြောသလိုပဲ ကိုယ်တွေရဲ့အသိပညာပေးမှုအပေါ်မှာမူတည် ပြီးတော့ အနည်းအများက ဖြစ်သွားမယ်လို့ ယုံကြည်ယူဆပါတယ်ခင်ဗျ။

-နောက်ဆုံးအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ BURMA Act ကို ထည့်သွင်းပြဌာန်းခဲ့တဲ့ အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးဥပဒေ (NDAA) ကို လွှတ်တော်နှစ်ရပ်ကနေ အတည်ပြုမှုအပေါ် ဘယ်လို မြင်ပါသလဲ။

အဲဒါက အရမ်းအားတက်စရာ ကောင်းတဲ့ထောက်ပံ့မှုပဲပေါ့။ ကျွန်တော်တို့က စစ်တိုက်တယ်ဆိုရင် စစ်တပ်နဲ့ တစ်ခုတည်းကပဲ။ ဆုံးဖြတ်တာ မဟုတ်ဘူး။ ကျွန်တော်တို့မှာနောက်ကနေ လိုအပ်လာတဲ့ ဒီနည်းပညာတွေ ကျွန်တော်တို့ လေကြောင်းရန် ကာကွယ်တဲ့နည်းပညာ၊ နည်းစနစ်တွေ၊ ဒါတွေအားလုံးက စစ်တိုက်တဲ့အထဲမှာ အကျုံးဝင်တယ်။ အကျုံးဝင်တဲ့အခြေအနေက လက်နက်မရတဲ့တိုင်အောင် ထောက်ပံ့မှုတစ်ခုရလာမှာဖြစ်တဲ့ အတွက် ကျွန်တော်တို့က အခုလက်ရှိ အမေရိကန်ကနေ မထောက်ပံ့တာတောင် ကျွန်တော်တို့ နည်းပညာပိုင်း ဆိုင်ရာတွေကို ကျွန်တော်တို့ ကိုယ့်ဘာသာရတဲ့ နေရာကနေ ရသလိုဆောင်ရွက်နေရတာတွေ ရှိတယ်။ နောက်ပြီး လေကြောင်းကို တန်ပြန်ုနိုင်ဖို့က ကျွန်တော်တို့တွေ အတိုင်းအတာတစ်ခုအထိ နည်းပညာပိုင်းဆိုင် ရာတွေကို လိုက်ပြီးတော့ ကိုယ့်ဘာသာ ရှာကြံလုပ်နေကြတယ်ပေါ့။ အကယ်၍ အခုမျိုးထောက်ပံ့မှုတွေ ရှိလာပြီဆိုကျွန်တော်တို့ ပူးတွဲပြီးတော့မှ နည်းပညာတွေအပေါ်မှာ ကျွန်တော်တို့ သူတို့ပေးတဲ့နည်းပညာတွေ ရှိမယ်။ ကိုယ်တိုင်စမ်းသပ်တဲ့ နည်းပညာတွေရှိတယ်။ အဲဒီလိုမျိုး ပြန်လည်လုပ်ဆောင်နိုင်တဲ့ ဆောင်ရွက်ချက် တွေ အများကြီးလုပ်ဆောင် နိုင်လိမ့်မယ်လို့ထင်တယ်။ အဲဒီအတွက် ထိရောက်မှုတွေ အများကြီး ရှိလာလိမ့် မယ်လို့ ထင်တယ်။

ကျွန်တော်တို့အနေနဲ့ မြန်မာပြည်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံးရော၊ မြန်မာပြည်သူတွေရော ကျွန်တော်တို့အနေနဲ့ အခုလက်ရှိ NDAA ပေးလိုက်တာ ဆိုရင် စစ်ကောင်စီအတွက် တကယ့်ကို အရှိုက်ထိ တယ်လို့ ယူဆတယ်။ ကျွန်တော်တို့ မြန်မာပြည်သူလူထုရဲ့ အားနဲ့ နိုင်ငံတကာမှာရှိနေတဲ့ ကျွန်တော်တို့ မြန်မာတွေပေါ့နော်။ မြန်မာတွေအားလုံးကနေ သူတို့ရဲ့ ချွေးနဲ့စာနဲ့သူတို့ရဲ့ ထောက်ပံ့မှုတွေနဲ့ တိုက်နေတာ တောင် စစ်ကောင်စီက တော်တော်ကြီးကို အထိခိုက်၊ အကျဆုံးတွေအများကြီးနောက်ပြီး ကျီးလန့်စာစားပြီး နေနေရတဲ့အချိန်မှာ အခုလိုမျိုးသာ NDAAကနေ တရားဝင် ထောက်ပံ့မှုတွေသာ ထပ်ရမယ်ဆိုရင် ကျွန် တော်တို့က တကယ့်ကို အတိုင်းထက်အလွန်ပိုပြီးတော့မှ တိုက်ခိုက်လာနိုင်လိမ့်မယ်လို့ ယူဆတယ်။ အဲဒီတော့ ပိုပြီးတော့မှ စစ်ကောင်စီကျဆုံးရေးအတွက် ပိုပြီးမြန်ဆန်လိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.