ရေး၊ ဒီဇင်ဘာ (၂၁)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူ ဇရပ်ကားလမ်းဘေးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၈၆) တပ်ကို လက်နက်ကြီး RPG နဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကောင်စီတပ်ရင်းကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ရေးဘီလူးအဖွဲ့က သွား ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တပ်အတွင်းကျရောက်ပေါက်ကွဲခဲ့တာပါ။
စစ်ကောင်စီတပ်ရင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောဆိုထားပါတယ်။
လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရေးဘီလူးအဖွဲ့က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ရင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် စစ်ကောင်စီဘက် ပြန်လည်ပစ်ခတ်တာတွေမျိုးမရှိသလို တပ်အပြင်ထွက်ပြီး စစ်ဆေးတာတာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၈၆)တပ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်