ဝါရှင်တန် – ဒီဇင်ဘာ(၂၁) 

ကိုဗစ်ကူးစက်မှုတွေပြန်လည်မြင့်တက်လာတာဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ အတွက်ပါ စိုးရိမ်ပူပန်မှုဖြစ်စေတဲ့အတွက် ပေကျင်းအစိုးရအနေနဲ့ ဒီအခြေအနေကို ထိန်းချုပ် နိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန် အုပ်ချုပ်ရေးဦးစီးဌာန ပြောခွင့်ရ နတ်ပရိုက်စ် ကပြောပါ တယ်။ 

တရုတ်နိုင်ငံရဲ့ စီးပွားရေး GDP နဲ့ ကျန်တဲ့ ကမ္ဘာနေရောဒေသအနှံ့အပြားအတွက် ကိုဗစ်ကူးစက် မှုတွေဟာ စိုးရိမ်စရာတစ်ခုဖြစ်သလို ဗိုင်းရပ်စ်ဟာ အချိန်မရွေးကူးစက်နိုင်ပြီး ဗီဇပြောင်း လဲနိုင် ချေနဲ့ ခြိမ်းခြောက်မှုတွေ နေရာ တိုင်းမှာ ဖြစ်လာနိုင်တယ်လို့ ဆိုခဲ့တာပါ။ 

“ဒီဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့ချိန်မှာ အသွင်းကူးပြောင်းမှုအများအပြားကို ကျွန်ုပ်တို့ တွေ့ရှိခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်ုပ်တို့အနေနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ကိုဗစ် ချုပ်ငြိမ်းရေး ဆောင်ရွက်ဖို့ အခြားသော နိုင်ငံတွေကိုလည်း ကူညီနေရတဲ့ အကြောင်းပြချက် တစ်ခုပါ” လို့ နတ်ပရိုက်စ်က ပြောခဲ့ပါတယ်။ 

တရုတ်အစိုးရက တင်းကျပ်ထားတဲ့ ကိုဗစ်ထိန်းချုပ်မှုတွေကို ဖြေလျှော့ပြီးနောက် မြို့ အများ အပြားမှာ ရောဂါထိန်းချုပ်မှု ဆောင်ရွက်ထားနိုင်ဖို့ ရှိမရှိနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက် ခဲ့ချိန်မှာ ကိုဗစ်ကြောင့် သေဆုံးထားသူတွေရဲ့စာရင်းတွေထုတ်ပြန်ထားပါတယ်။ 

အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားတဲ့ သေဆုံးမှုတွေ မတိုင်ခင် (၃) ရက်အလိုက အစိုးရက ထိန်းသိမ်းထားတဲ့ ကိုဗစ်စစ်ဆေးမှုတွေကို ဖြေလျှော့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

အစိုးရက ပြီးခဲ့တဲ့ လက လူထုရဲ့ ကိုဗစ်စည်းမျဉ်းတွေ ဖြေလျော့ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် အလုံးစုံဖြေလျှောပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

 ဒီဇင်ဘာလ(၇) ရက်နေ့က ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျှော့အပြီး သေဆုံးမှဒနည်းပါး သက်သာတယ်ဆိုတဲ့ တရုတ်ရဲ့ ကိန်းဂဏန်းတွေဟာ တခြားနိုင်ငံတွေအလားတူလုပ်ဆောင်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်အဖြေနဲ့ ကွဲလွဲမှုတွေရှိနေတာပါ။ 

နောက်ဆုံးထုတ်ပြန်ထားတဲ့ သေဆုံးသူ(၂) ဦးအပါအဝင် ကိုဗစ်ကာလအတွင်း တရုတ်နိုင်ငံမှာ သေဆုံးသူ ((၅၂၃၇) ဦးအထိရှိခဲ့ပြီး ဒီနှုန်းထားဟာ လူဦးရေ(၁.၄) ဘီလျံနဲ့ နှိုင်ယှဉ်ရင် နည်းပါး တဲ့ အခြေအနေသာရှိတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.