ဒိုဟာ – ဒီဇင်ဘာ(၁၉)

ပြင်သစ်နဲ့ အာဂျင်တီးနား အသင်းတို့ရဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ရရှိခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပွဲချိန် မိနစ်(၈၀) ကျော်အထိ (၂) ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပေမယ့် ပြင်သစ် အသင်းရဲ့ ချေပဂိုးတွေကြောင့် အချိန်ပိုဆက်ကစားခဲ့ရတာပါ။

အချိန်ပိုမှာ အာဂျင်တီးနားအသင်က ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပေမယ့် နောက်ဆုံးမိနစ် ခြေပဂိုး ကြောင့် ပင်နယ်တီ အထိသွားခဲ့ရပြီး ပင်နယ်တီမှာတော့ အာဂျင်တီးနားအသင်းက (၄) ဂိုးဝင်ခဲ့ပြီး ပြင်သစ် အသင်းက (၂) ဂိုးသာဝင်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှု အများဆုံးကစားသမား၊ ဒုတိယဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ၁၉၇၈ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တွေမှာ ကမ္ဘာ့ဖလား ချန်ပီယံအဖြစ် ဗိုလ်စွဲထားပြီး ဒီ ၂၀၂၂ ကမ္ဘာ့ဖလားဟာ တတိယအကြိမ်မြောက်ရရှိခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.