ရန်ကုန် – ဒီဇင်ဘာ(၁၈)
ရန်ကုန်မြို့ ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီခရီးသည်တင် သင်္ဘောပေါ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး (၁၅) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြော ပါတယ်။
ဒီနေ့ ဒီဇင်ဘာလ(၁၈) ရက်နေ့ ညနေ(၆)နာရီကျော်က ပန်းဆိုးတန်းဆိပ်ကမ်းမှာ ရပ်ထားတဲ့ ချယ်ရီ ခရီးသည်တင်သင်္ဘောပေါ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေထဲက (၅) ဦးလောက်က ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေက ပန်းဆိုးတန်းနဲ့ ဒလဘက်မှာ ကင်းချထားတာ တွေလုပ်နေသလို စစ်ဆေးနေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပေါက်ကွဲမှုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ