ဖရူဆို – ဒီဇင်ဘာ(၁၉)

ကယားပြည်နယ် ဖရူဆိုမြို့ တောင်ဘက်ခြမ်းက စစ်ကောင်စီရဲ့ အမှတ်(၁၄) တန်းမြှင့် စစ်လေ့ကျင့် ရေးကျောင်း အထူးလုံခြုံရေးစခန်းကုန်းကို ကရင်နီတပ်မတော် (KA) ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး(၉) ဦးသေဆုံးကာ စစ်ကားတစ်စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလအတွင်း သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း (KA) ရဲဘော်(၂) ဦးကျဆုံးခဲ့ကာ စစ်ကောင်စီရဲ့တပ်ကူတွေနဲ့ လက်နက်ကြီး ပစ်ကူတွေကြောင့် စခန်းသိမ်း တိုက်ပွဲအထိဖော်ဆောင်လို့မရဘဲ ပြန်ဆုတ်ပေးခဲ့ရတယ်လို့သိရပါတယ်။

KA ကတိုက်ခိုက်ခဲ့တဲ့ စစ်လေ့ကျင့်ရေးကျောင်းကို ကမာခရော်ရှေ့၊လောဂျာ၊ဒေါလော့ခူ က ပြည်သူ ပိုင်ခြံမြေ ဧက ၂၇၀၀ ကျော်ကို ၂၀၁၀ ခုနှစ်က စတင်သိမ်းယူထားတာပါ။

အဲဒီကျောင်းကို ဒေသခံတွေအတွက် တက္ကသိုလ် အဖြစ်ပြောင်းလဲ အသုံးပြုဖို့ KNPP က ဆွေးနွေး ခဲ့ပေမယ့် စစ်တပ်ဘက်က လက်မခံဘဲ စစ်လေ့ကျင့်ရေး ကျောင်းအဖြစ် ဆက်ဖွင့်ထားတယ်လို့ သိရပါတယ်။

စစ်လေ့ကျင့်ကျောင်းကနေ နေ့စဉ် အမြှောက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အတွက် ဒေသခံ တွေထိခိုက်မှုတွေရှိနေတဲ့အပြင် တောင်ယာတွေကိုသွားရောက်လုပ်ကိုင်စားသောက်ဖို့ အခက် အခဲ တွေရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Kn.A.C0

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.