December 19, 2022

အားကြိုးမာန်တက် ရှေ့ဆက်သွားမဲ့ CDM တို့ရဲ့ မနက်ဖြန်များ

တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအနှံ့က ပြည်သူအများဟာ လမ်းတွေပေါ်တက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ မတရားမှုကို ဆန့်ကျင်ရာမှာ ပညာရေး၊ ကျန်းမာရေး၊ မီးရထားကဲ့သို့သော ပို့ဆောင်ရေးကဏ္ဍက ဝန်ထမ်းတွေနဲ့ တခြားဝန်ကြီးဌာန အသီးသီးက ဝန်ထမ်းတွေကလည်း အကြမ်းမဖက် အာဏာဖီဆန်မှု CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြပါတယ်။ လက်နက်ကိုင် စစ်အာဏာရှင်ကို တော်လှန်ရာမှာ ပညာရေးဌာနက နွယ်နီတစ်ယောက်လည်း ပါဝင်လာခဲ့ပြီး မြေဖြူကိုင်တဲ့လက်နဲ့…

စစ်ကောင်စီ စစ်လေ့ကျင့်ရေးကျောင်းရဲ့ လုံခြုံရေးစခန်းကုန်း တိုက်ခိုက်ခံရပြီး (၉) ဦးသေဆုံး

ဖရူဆို – ဒီဇင်ဘာ(၁၉) ကယားပြည်နယ် ဖရူဆိုမြို့ တောင်ဘက်ခြမ်းက စစ်ကောင်စီရဲ့ အမှတ်(၁၄) တန်းမြှင့် စစ်လေ့ကျင့် ရေးကျောင်း အထူးလုံခြုံရေးစခန်းကုန်းကို ကရင်နီတပ်မတော် (KA) ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး(၉) ဦးသေဆုံးကာ စစ်ကားတစ်စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလအတွင်း သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း (KA) ရဲဘော်(၂) ဦးကျဆုံးခဲ့ကာ စစ်ကောင်စီရဲ့တပ်ကူတွေနဲ့ လက်နက်ကြီး ပစ်ကူတွေကြောင့်…

“နိုင်ငံတကာအနေနဲ့ ဆက်ပြီးတော့မှ ဥပက္ခာပြုနေမယ်ဆိုရင် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုး မဖြစ်ဘူးဆိုရင် စစ်အာဏာရှင်တွေကို သူတို့ကအပြစ်ဒဏ်ကင်းလွတ်ခွင့် သက်ဆိုးရှည်အောင် လုပ်တာနဲ့ အတူတူပဲ”

(ကရင်လူ့ အခွင့်အရေးအဖွဲ့ (KHRG)စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။) ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ဟာ ငြင်းဆို၍မရနိုင်တော့သောမြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက် ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုနဲ့ ဆယ်စုနှစ်သုံး ခုအတွင်းဒေသခံပြည်သူတွေရဲ့ သက်သေခံချက်များ” ဆိုတဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုတွေအတွင်း မြန်မာစစ်တပ်ဘက်က ဘယ်လိုရာဇဝတ်မှုတွေကို ဘယ်လိုပုံစံမျိုးတွေနဲ့…

မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ချန်ပီယံဖြစ်လာ

ဒိုဟာ – ဒီဇင်ဘာ(၁၉) ပြင်သစ်နဲ့ အာဂျင်တီးနား အသင်းတို့ရဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ရရှိခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ပွဲချိန် မိနစ်(၈၀) ကျော်အထိ (၂) ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပေမယ့် ပြင်သစ် အသင်းရဲ့ ချေပဂိုးတွေကြောင့် အချိန်ပိုဆက်ကစားခဲ့ရတာပါ။ အချိန်ပိုမှာ အာဂျင်တီးနားအသင်က ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပေမယ့် နောက်ဆုံးမိနစ် ခြေပဂိုး ကြောင့်…

ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေတဲ့ ခရီးသည်တင် သင်္ဘောပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန် – ဒီဇင်ဘာ(၁၈) ရန်ကုန်မြို့ ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီခရီးသည်တင် သင်္ဘောပေါ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး (၁၅) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြော ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ(၁၈) ရက်နေ့ ညနေ(၆)နာရီကျော်က ပန်းဆိုးတန်းဆိပ်ကမ်းမှာ ရပ်ထားတဲ့ ချယ်ရီ ခရီးသည်တင်သင်္ဘောပေါ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သိရပါတယ်။ ဒဏ်ရာရရှိသူတွေထဲက (၅) ဦးလောက်က…

နမ့်ဆန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိတယ်လို့ TNLA ထုတ်ပြန်

နမ့်ဆန် – ဒီဇင်ဘာ (၁၈) နမ့်ဆန်မြို့နယ် ကုန်းသာ ကျေးရွာတိုက်ပွဲမှဦ စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားတယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးဌာနက ဒီနေ့ ဒီဇင်ဘာလ(၁၈) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ TNLA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၄၃၄) ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီရဲ့…

နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ အညာဒေသက စစ်ရှောင်ပြည်သူတွေ ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာ

ဒီပဲယင်း ၊ ဒီဇင်ဘာ (၁၈) မြန်မာနိုင်ငံအထက်အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေ နေ့စဉ်နဲ့အမျှ အရေအတွက်တိုးလာနေတဲ့အတွက် အိုးအိမ်မဲ့မီးဘေးသင့်၊ စစ်ဘေးရှောင်ပြည်သူတွေဟာ ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာကြတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အိုးအိမ်မဲ့ဒေသခံပြည်သူတွေမှာ ယာယီတဲတွေအပြင် စားသောက်ရေး၊ အဝတ်အစား၊ အနွေးထည်၊ ခြင်ထောင်နဲ့ စောင်အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတာပါ။ အိုးအိမ်မဲ့ပြည်သူတွေဟာ နီးစပ်ရာ စာသင်ကျောင်းတွေနဲ့…

ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဝင် PDF ရဲဘော်တစ်ဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံး

သရက်ချောင်း၊ ဒီဇင်ဘာ(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် အခြေစိုက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဝင် PDF ရဲဘော်တစ်ဦးဟာ မိုင်းမတော်တဆမှုကြောင့် ကျဆုံးသွားတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျဆုံးသွားတဲ့ အသက် ၁၉ နှစ်အရွယ် PDF ရဲဘော်လေးဖြူ (ခ)လိပ်စွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က သရက်ချောင်းမြို့နယ်နေရာတစ်ခုမှာ လျိူ့ဝှက်မိုင်းစစ်ဆင်ရေးလုပ်နေချိန် မတော်တဆမှုဖြစ်ပြီး ကျဆုံးခဲ့တာပါ။ ရဲဘော်လေးဖြူ(ခ) လိပ်စွန်ဟာ…

လေကြောင်းရန်အတွက် ကြိုတင်ပြင်ဆင်ဖို့ CDM လေတပ်အရာရှိတွေသတိပေး

ရန်ကုန် ၊ ဒီဇင်ဘာ (၁၈) အာဏာသိမ်းစစ်ကောင်စီက အဆင့်မြင့်တိုက်ခိုက်ရေးလေယာဉ်တွေကို တရားဝင်ထုတ်ပြလာတဲ့အ တွက် တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်သင့်တယ်လို့ CDM လေတပ်အရာရှိတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာကျရောက်ခဲ့တဲ့ တပ်မတော်လေတပ်ရဲ့ ၇၅ နှစ်မြောက် အခမ်းအနားမှာ တပ်တော်ဝင်တဲ့ ပုံစံမျိုးနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို စစ်ကောင်စီဘက်က…