မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာအလုပ်အကိုင် အခွင့် အလမ်း ရှားပါးလာတာကြောင့် ထိုင်းနိုင်ငံထဲကိုတရားဝင်လမ်းကြောင်းအပြင် တရားမဝင် လမ်းကြောင်းတွေ ကပါ နေ့စဉ်နဲ့အမျှဝင်ရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေ ကနေဝင်ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ လက်ရှိက

ာလမှာ ဘယ်လို အခက်အခဲတွေရင်ဆိုင်နေ ရလဲ။ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု အပါအဝင် ထိုင်းအစိုးရရဲ့ပန်းရောင်ကဒ်ထုတ်ပေးမှုကရော ဘယ်လို အခြေအနေတွေ ဆက်ရှိနေလဲ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN)တာဝန်ရှိသူဦးအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နယ်စပ်ကနေတစ်ဆင့် ဝင်ရောက်လာမှုအခြေအနေ၊ တရားဝင် MOU စနစ်နဲ့ ဝင်ရောက်လာမှုအခြေအနေ ဘယ်လိုဆက်ရှိနေပါသလဲ။ နယ်စပ်မှာဖမ်းဆီးခံရမှု တွေက ရှိနေတုန်းပဲလား။

ကျွန်တော်တို့မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို တရားဝင် MOUစနစ်နဲ့ရော၊ တရားမဝင်နဲ့ရော ဝင်နေတာက ပုံမှန်အတိုင်း ရှိနေပါတယ်ခင်ဗျ။ တရားဝင်လာရင်တော့ လုံခြုံစိတ်ချရတဲ့အနေအထားရှိတာပေါ့။ တရားမဝင် လမ်းကြောင်းက လာရင်အန္တရာယ်တွေရှိတယ်။ လွတ်မြောက်လာတာတွေ ရှိသလို ဖမ်းဆီးအရေးယူခံရပြီး နေရပ်ပြန်ပို့ခံရတာတွေလည်းရှိတယ်။

-ပြီးတော့ ဖမ်းဆီးခံရတဲ့သူဦးရေတွေ နေရပ်ပြန်ပို့တဲ့သူဦးရေတွေ ဘယ်လောက်ထိရှိလာပြီလဲ။

ထိုင်းအစိုးရက ၂၀၁၁ကနေ၂၀၂၂ တစ်နှစ်တာအကူးအပြောင်းကာလမှာ ဖမ်းဆီးရမိတဲ့အိမ်နီးနားချင်းနိုင်ငံ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေကနေမှ ခြောက်သောင်းကျော်ဖမ်းဆီးရမိပြီး နေရပ်ပြန်ပို့တယ်လို့တော့ တစ်ကြိမ်ကြေငြာဖူးတယ်ပေါ့။ ၂၀၂၂ အတွက် အဲဒီလိုကြေငြာတာ မရှိသေးတဲ့ကာလမှာ ကျွန်တော်တို့ ဖမ်းဆီးရမိတာ လွတ်မြောက်တာတွေကို အတိအကျပြောဖို့ အင်မတန်ခက်ခဲပါတယ်။

-တရားမဝင် ဝင်ရောက်မှုက အရင်လတွေကထက် ပိုများသေးလား။ ဘယ်လို အခြေအနေတွေ ဆက်ရှိနေလဲ။

နယ်စပ်ဖြတ်ကျော် တရားမဝင်ဖြတ်လာတာကို ကြည့်မယ်ဆို၂၀၁၁ဖေဖော်ဝါရီနောက်ပိုင်းမှာတော့ နေ့စဉ်ရက် ဆက်ဆိုသလိုတအားများတယ်။ အခုနောက်ပိုင်း အဖမ်းအဆီးတွေလည်း တအားများလာတာတွေကြောင့် ရပ်သွားတာတော့ မဟုတ်ဘူး။ လာတော့လာနေတယ်။ သို့သော် အရင်လောက်အများအပြားလက်ခံတာ မတွေ့ရတော့ဘူးခင်ဗျ။ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ မရတာတွေရှိတယ်ပေါ့နော်။

-အလုပ်အကိုင်အခွင့်အလမ်းကရော ရှာလို့ခက်တာလား။ ဘယ်လိုရှိပါသလဲ သုံးသပ်ပေးပါဦး။

အဲဒါက ဒီလိုဗျ။ ထိုင်းအစိုးရက ဝင်လာသမျှ လူတွေအားလုံးကို တရားဝင်စာရွက်စာတမ်းတွေလုပ်ပေးတာ မဟုတ်ဘူးခင်ဗျ။ သူ့မှာက သူ့အစိုးရဝန်ကြီးဌာနတွေနဲ့ နိုင်ငံအဆင့်အစိုးရအဖွဲ့က စဉ်းစားဆုံးဖြတ်ပြီးမှ သူ့အ ချိန်အခါနဲ့ နေထိုင်ခွင့်လက်မှတ်တို့၊ လုပ်ကိုင်ခွင့်လက်မှတ်တို့ ထုတ်ပေးတာ။ သူ့အချိန်နဲ့သူ၊ သူ့အကန့် အသတ်နဲ့သူထုတ်ပေးတာ။ ပြီးခဲ့တဲ့နေုာက်ဆုံး ထိုင်းအစိုးရကသတ်မှတ်ပေးလိုက်တာက ဩဂုတ်လ၁ရက်က နေ ဩဂုတ်လ၁၅ရက်အတွင်း ထိုင်းနိုငငံအတွင်းရောက်ရှိနေကြသော မြန်မာ၊ကမ္ဘောဒီယား၊လာအို ၊ဗီယက်နမ် အစရှိတဲ့ အလုပ်သမားများ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့်စာရွက်စာတမ်းလက်မှတ်တွေမရှိဘူးဆိုရင် အဲဒီကာလအတွင်းမှာပဲ အစိုးရအလုပ်သမားဝန်ကြီးဌာနကို စာရင်းပေးသွင်းပြီးတော့ လျှောက်ထားရမယ်လို့ သတ်မှတ်တာ။ အဲဒီတော့ ပြောချင်တာ ဩဂုတ်လ၁ရက်ကနေ ဩဂုတ်လ၁၅ရက်အတွင်းကိုပဲ သူကလျှောက် လွှာတင်ခိုင်းတာ။ သို့သော် ရှေ့မှာရောက်နေတဲ့လူတွေကတော့ အဲ့အမိန့်ကြေငြာစာရှိတဲ့အတွက်ကြောင့် သွားလျှောက်တာနဲ့ တရားဝင်နေထိုင်ခွင့်လက်မှတ်တွေ၊ အလုပ်လုပ်ခွင့်လက်မှတ်တွေ ရသွားမှာဖြစ်တယ်။

သို့သော်အဲဒီနောက်ပိုင်းပေါ့။ ဩဂုတ်လနောက်ပိုင်းမှာ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ အခုဆို ဒီဇင် ဘာပေါ့။ အဲဒီလိုရက်တွေမှာ ဝင်လာတဲ့သူတွေက အစောပိုင်းက ဒုက္ခတွေကြုံတယ်ဆိုတာ အဲဒီလိုတွေ ထိုင်းအ စိုးရက နေထိုင်ခွင့်လက်မှတ်လည်းမပေးဘူး။ အဲဒီတော့ သူက ရှောင်တိမ်းပုန်းအောင်းပြီးမှ သင့်တော်တဲ့နေရာ တွေမှာနေရပြီးတော့ အလုပ်လည်းရစရာ အကြောင်းမရှိဘူး။ အဲဒီတော့ဒုက္ခဖြစ်နေတယ်ဆိုတာ အဲဒီလိုလူတွေ ပါ။ ဟုတ်ကဲ့ခင်ဗျ။

-နောက်ပြီး မှတ်ပုံတင်(ပန်းရောင်ကဒ်)မရှိတဲ့လူတွေ အလုပ်အကိုင်အခွင့်အလမ်းသိပ်မရှိဘူးပေါ့နော်။ သူတို့မှာ ဘယ်လို အခက်အခဲတွေ ကြုံနေရလဲ။အလုပ်အကိုင်မရှိတဲ့လူတွေရဲ့ အကျိုးသက်ရောက်မှုတွေကရော ဘယ် လိုမျိုးရှိပါသလဲ။

အလုပ်အကိုင်အခွင့်အလမ်း သိပ်မရှိဘူးဆိုတာထက် ဥပဒေအကြောင်းအရလည်း တရားဝင်နေထိုင်ဖို့ မဖြစ် တဲ့အတွက်ကြောင့် အဲဒီမှာစပြီး ဒုက္ခရောက်တာ။ အလုပ်ရတာမရတာထက်ကို တရားဝင်နေထိုင်ခွင့်မရှိတဲ့ အတွက်ကြောင့် လွတ်လတ်စွာသွားလာလို့လည်းမရဘူး။ နောက်စိတ်အေးအေးနဲ့လည်း နေထိုင်လို့မရဘူး။ အချိန်မရွေးဖမ်းဆီးအရေးယူပြီး ပြန်ပို့ခံရနိုင်တဲ့ အနေအထားမျိုးတော့ ရှိနိုင်တာပေါ့ခင်ဗျ။ ဒါကြောင့် နံပတ် (၁)အရေးကြီးတာက အလုပ်အကိုင်အခွင့်အလမ်းဆိုတာ နေထိုင်ခွင့်၊ အလုပ်အလုပ်ကိုင်ခွင့်လက်မှတ်တွေကို ထုတ်ပေးတဲ့အခါမှာ ရရှိထားမှသာလျှင် သူကပိုပြီးဖြစ်နိုင်တာလေ။ အဲဒီစာရွက်စာတမ်းတွေ ဘာမှမရထားဘူး ဆိုရင် တော်တော်ကို အခြေအနေဆိုးတာ ရှိနိုင်ပါတယ်။ ဟုတ်ကဲ့။ ဟိုတလောက မြန်မာလုပ်သားတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေလည်းရှိတယ်။

-နောက်ဆက်တွဲအကျိုး သက်ရောက်မှုရော ဘယ်လိုရှိပါသလဲ။ ဒါတွေကတော့ ထိုင်းမီဒီယာတွေမှာလည်း ဖော်ပြထားတယ်။

မြန်မာနိုင်ငံသား နေစရာလည်းမရှိ၊ စားစရာလည်းမရှိ၊ အလုပ်အကိုင်လည်းမရှိ ဘာမှမပြေတဲ့အခါ မထူးတော့ ဘူး။ လူလောကကြီးမှာ အဆုံးစီရင်ဖို့ဆုံးဖြတ်တဲ့အခါမှာ ထိုင်းရဲတပ်ဖွဲ့တွေနဲ့တွေ့လို့သာ တချို့ ကယ်ထုတ်နိုင် တာတွေလည်း ရှိတာပေါ့ခင်ဗျ။ အဲဒါမျိုးတွေလည်း ရှိတယ်။ ဒါက ကျွန်တော်တို့မီဒီယာမှာ တက်လာတာပဲ ရှိတယ်။ မတက်လာပဲ သောကတွေပင်လယ်ဝေဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဘယ်နေရာမှာဘယ် လောက်အများကြီး ရှိနေမလဲ ကျွန်တော်တို့မသိနိုင်ဘူး။ ပြောချင်တာက ဒီလိုသာတိုင်းပြည်က အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတယ်။ တိုင်းပြည်ပြေလည်မှုမရှိဘူး။ တစ်ဖက်နိုင်ငံထဲကိုတရားမဝင်ခိုးဝင်မယ်။ နောက် တရားဝင်စာရွက်စာတမ်းတွေလည်း မရှိဘူးဆိုရင် နောက်ဆက်တွဲပြသာနာတွေက မလိုလားအပ်တဲ့ ဆိုးကျိုး တွေ အများကြီးကြုံတွေ့နိုင်တယ်လို့ တွက်ဆလို့ရပါတယ်။

-အထောက်အထားမရှိတဲ့သူ မှတ်ပုံတင်(ပန်းရောင်ကဒ်)မရှိတဲ့သူတွေ အလုပ်အကိုင်အခွင့် အလမ်းမရှိဘူးပေါ့ နော်။ ဘာကြောင့်လဲဆိုတာ သုံးသပ်ပေးပါဦး။

ထိုင်းနိုင်ငံမှာက မြန်မာနဲ့မတူဘူး။ စက်ရုံ၊ အလုပ်ရုံတွေက အများကြီးရှိတယ်။ နောက်အလုပ်အတွက်လည်း တရားဝင် MOU နဲ့ နေ့စဉ်ခေါ်နေတာတွေ အများကြီးပဲဝင်နေတာ။ ထိုင်းနိုငငံမှာ အလုပ်အကိုင်အခွင့်အလမ်းက ရှိတယ်။ အလုပ်ရဖို့ အလှမ်းဝေးနေတာက သူတို့ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်လက်မှတ် မရှိလို့ ပြောတာ ပါခင်ဗျ။

-MOU နဲ့ လာတဲ့သူတွေ တချို့အဆင်မပြေတာတွေရှိတယ်ပေါ့နော်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

အဆင်မပြေဘူးဆိုတာက ဒါကတာဝန်ယူမှု ၊တာဝန်ခံမှုပေါ်မူတည်ပါတယ်။ ဒါကကျွန်တော်တို့ပွင့်လင်း ပြော ရရင် MOUရဲ့ အဓိပ္ပါယ်က မြန်မာလိုက မြန်မာအလုပ်သမားဝန်ကြီးဌာနရယ်၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန ရယ်က တရားဝင်လုပ်သားတွေခေါ် ငှားရမ်းလုပ်ကိုင်တဲ့ကိစ္စ။ ထိုင်းအလုပ်ရှင်ကနေ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ် သမားတွေကို ခေါ်ယူမယ်ဆိုတာကလည်း သက်ဆိုင်ရာသံရုံးက သူ့ရဲ့ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနဆီမှာ ခွင့်ပြုမိန့်တွေတောင်းရတယ်။ ကျားဘယ်လောက်၊ မဘယ်လောက် ခေါ်ယူတယ်ဆိုတာ အဲဒီခွင့်ပြုမိန့်ယူရပြီဆို အဲဒါကို မြန်မာနိုင်ငံအေဂျင်စီကို ဆက်သွယ်ပြီးမှတရားဝင်အလုပ်သမားဝန်ကြီးဌာန ရှေ့မှောက်မှာ အင်္ဂလိပ်၊ မြန်မာ၊ ထိုင်းသုံးဘာသာနဲ့ စာချုပ်ချုပ်ပြီး ခေါ်လာရတာ။ အဲဒီစာချုပ်မှာပါတဲ့နေရပ်လိပ်စာ၊ အိမ်နံပတ်၊ ခြံနံ ပတ်အတိအကျနဲ့ စက်ရုံအအေးခန်းမှာ အလုပ်လုပ်ရမယ်ဆိုပြီးတော့ သူကMOUစနစ်နဲ့ သွားရတာ။

သို့သော် ဒီရက်ပိုင်းမှာထိုင်းနိုင်ငံကို ကျွန်တော်တွေ့နေရတဲ့ကိစ္စလေးတွေက ဘာဖြစ်ရလဲဆို တာဝန်ယူမှု၊တာ ဝန်ခံမှုမရှိတဲ့ အေဂျင်စီ တွေကြောင့် စာချုပ်ပါနေရာမှာလည်း အလုပ်လုပ်ခွင့်မရှိဘူး။ အလုပ်လည်းမရှိဘူး။ ဒီရောက်တဲ့အခါကျမှ နာမည်ခံပြီးချုပ်ထားတဲ့ ထိုင်းအေဂျင်စီကနေမှ သူတို့ကို အလုပ်ထွက်စာတွေပေးတယ်။ ဒါတွေက အစိုးရရဲ့ ပြတ်ပြတ်သားသားနှိမ်နင်းမှ ပျောက်သွားမှာပါ။ MOUက ဒီကိုရောက်လာတယ်။ အလုပ်မ ရှိဘူး။ အလုပ်ထွက်စာတောင်းရမယ်။ နောက်တစ်နေရာလျှောက်ရမယ်ဆိုတာ MOUရဲ့ သဘောသဘာဝမှာ မပါပါဘူး။ နောက်ဆုံးအနေနဲ့ အလုပ်သမားအရေးနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပါဦး။ အဓိကကတော့ စီးပွားရေးအရ ခက်ခဲလို့ပဲဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့် ခက်ခဲလို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ တစ်ဖက်နိုင်ငံ ကိုသွားမယ်ဆိုရင် တစ်ဖက်နိုင်ငံရဲ့အခြေအနေ၊ အချိန်အခါ၊ သတင်းအချက်အလက်၊ မှန်ကန် သော အချက်အလက်တွေကို အားလုံးလေ့လာဖို့လိုအပ်မယ်။ ပြီးရင်ဒီအချိန်မှာ ထိုင်းနိုင်ငံကိုရောက်သွားရင် အမှန်တကယ်အလုပ်ရမှာလား၊ ထိုင်းအစိုးရက နေထိုင်ခွင့်လက်မှတ် ထုတ်ပေးမှာလားဆိုတာတွေ လေ့လာ သုံးသပ်ဖို့လိုမယ်လို့ အကြံပြုချင်တာတယ်ခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.