နယူးယောက် – ဒီဇင်ဘာ(၁၆)
မြန်မာစစ်ကောင်စီနဲ့တာလီဘန် အစိုးရကို ကုလသမဂ္ဂ ကိုယ်စားလှယ်စေလွှတ်နိုင်ဖို့ ဆုံးဖြတ် ချက်ကို ဒုတိယအကြိမ်အဖြစ် ရွှေ့ဆိုင်းလိုက်ပေမယ့် လာမယ့် ကိုးလအတွင်း ပြန်လည်စဉ်းစား ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီရဲ့ အစီရင်စာမှာဖော်ပြထားပါတယ်။
အဖွဲ့ဝင်(၁၉၃) ဦးပါ ကုလသမဂ္ဂ အထွေထွေညီလာခံဟာ လစ်ဗျာရဲ့ ကိုယ်စားပြုနေရာအတွက် တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားမယ့် အစီရင်ခံစာကို ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ အတည်ပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီမှာ အဖွဲ့ဝင်(၉) ဦးပါဝင်ပြီး ရုရှား၊တရုတ်နဲ့ အမေရိကန် နိုင်ငံက အမြဲတမ်းကိုယ်စားလှယ်တွေပါဝင်တာပါ။
ဆုံးဖြတ်ချက်တွေကို ရွှေ့ဆိုင်းလိုက်တာဟာ လက်ရှိ ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ နိုင်ငံ တွေအတွက် ထိုင်ခုံနေရာ ချန်ထားတယ်လို့ သံတမန်တွေက ဆိုပါတယ်။
မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့ရဲ့ နေရာအတွက် အပြိုင်အဆိုင်တောင်းဆိုမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်က ဖြုတ်ချခဲ့ကြတဲ့ အစိုးရသံတမန်တွေကို မြန်မာစစ်ကောင်စီနဲ့ တာလီဘန်အစိုးရတို့က ဝေဖန်နေကြပါတယ်။
တာလီဘန်အစိုးရနဲ့ မြန်မာစစ်ကောင်စီတို့ကို ကုလသမဂ္ဂမှာ လိုက်ခံလိုက်ရင် နှစ်ဖက်လုံးက တောင်းဆိုနေကြတဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိဖို့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
မြန်မာ၊အာဖဂန်နစ္စတန် နဲ့ လစ်ဗျား နိုင်ငံတို့အတွက် စီစစ်ရွေးချယ်မှုထည့်သွင်းစဉ်းစားတာကို ရွှေ့ဆိုင်းဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၂) ရက်နေ့က တွေ့ဆုံခဲ့ပြီး ရွှေ့ဆိုင်းဖို့ သဘောတူခဲ့ကြကာ လာမယ့်နှစ် စက်တင်ဘာလလယ်မှာ ကုန်ဆုံးမယ့် (၇၇) ကြိမ်မြောက် အစည်းအဝေးမှာ ပြန်လည် သုံးသပ်မှုတွေလုပ်မှာဖြစ်ပါတယ်။
တာလီဘန်တွေက ပြီးခဲ့တဲ့ နှစ် ဩဂုတ်လမှာ နိုင်ငံတကာအသိအမှတ်ပြု အစိုးရဆီကနေ အာဏာသိမ်းယူခဲ့ပြီး ၁၉၉၆ ခုနှစ်က ၂၀၁၁ ခုနှစ်အတွင်း အာဖဂန်နစ္စတန်ကို အောက်ဆုံး အုပ်ချုပ်ခဲ့ချိန်မှာ ဖြုတ်ချခံရတဲ့ အစိုးရသံတမန်အဖြစ် ကော်မတီက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းပြီးနောက် ကုလသမဂ္ဂ အထူးသံတမန်အဖြစ်ဆက်ထားခဲ့တာပါ။
ဒါ့အပြင် စစ်ကောင်စီကိုတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရဆီကနေ အာဏာသိမ်းယူခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တစ်နှစ်ဆက်ထားဖို့ ကုလအရည်အချင်းစစ်ကော်မတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၂) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ထား ပါတယ်။
Ref: Reuters