ပေကျင်း – ဒီဇင်ဘာ(၁၆) 

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် အလုအယက်စျေးဝယ်ယူမှုတွေ ကြုံတွေလာရတဲ့ တရုတ် အာဏာပိုင်တွေက ဒီဇင်ဘာလပထမအပတ်ထဲမှာပဲ ကိုဗစ် မူဝါဒတွေကို ဖြေလျှော့ပေးလိုက် တယ်လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြထားပါတယ်။ 

အစိုးရ ကိုဗစ်ကြေညာမှုသတင်းတွေကြောင့် လူအများစုဟာ ibuprofen အပါအဝင် အအေးမိ တုပ်ကွေးဆိုင်ရာ ဆေးဝါးတွေနဲ့ ကိုဗစ် စစ်ဆေးတဲ့ ကိရိယာတွေကို အလျင်စလိုဝယ်ယူနေကြ တာပါ။ 

ကိုဗစ်ကြောင့် ပစ္စည်းတွေ ဝယ်ယူသိုလှောင်ကြတာဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ခဲ့ ပြီး တရုတ်မှာတော့ အခုလိုဖြစ်တာဟာ လော့ဒေါင်းကာလ ဖြေလျှော့အပြီး ပထမဆုံး အကြိမ် ဖြစ်တယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံအနှံမှာ တင်းကြပ်တဲ့  stay home အမိန့်တွေ တင်းတင်းကြပ်ကြပ် မချမှတ်ခင်တည်း က မြို့ကြီး တော်တော်များများက မီးဖိုချောင်နဲ့ အိမ်သုံးပစ္စည်း ကုန်စုံဆိုင်တွေဟာ အွန်လိုင်း ကနေ ဝယ်ယူဖို့ အရောင်းမြှင့်တင်ရေး လုပ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ တရုတ်မှာ ကိုဗစ် ကန့်သတ်ချက်တော်တော်များများကို ဖြေလျှော့ပေးခဲ့ပြီး လူနာတွေကိုလည်း အိမ်မှာ သီးသန့်နေခိုင်းကာ ကိုဗစ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ကိုယ်ကျ ကုသခွင့်ပြုလိုက်တဲ့အတွက် ပြည်သူတွေဟာ ဆောင်းရာသီ အကူးအပြောင်း ဖျားနာ မှုတွေကို ကာကွယ်ဖို့ ကြိုတင်ဆေးဝါးတွေ ဝယ်ယူလာကြတာလို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။ 

ကျန်းမာရေးစနစ် လျင်မြန်စွာ လွှမ်းခြုံနေပြီဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ ပေမယ့် ဆေးခန်းမှာ လူနာတွေ ပြည့်နေသလို ကားပေါ်တွေမှာလည်း IV drips ချိတ်ထားတဲ့ လူနာတွေ အကြောင်း ရုပ်သံမှတ်တမ်းတွေ ပျံ့နှံ့လာတာကလည်း အလုအယက်စျေးဝယ်မှုတွေ မြင့်တက် လာတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ 

အာဏာပိုင်တွေက ဒေသတွင်းအစိုးရဌာနတွေကို ကျန်းမာရေးအရေးပေါ် စနစ်တွေ အဆင့်မြှင့် ပြီး ကိုဗစ်ကူးစက်မှုတွေ ကာကွယ်ဖို့ နှစ်ကုန်မှာ ဖျားနာကုသမှုဆေးခန်းတွေ ဖွင့်နိုင်အောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။ 

ပြည်သူတွေဟာ အအေးမိဖျားနာခြင်းဆိုင်ရာ အိမ်တွင်းကုထုံးတွေအတွက် အသုံးပြုတဲ့ ဗီတာမင် စီ ဆေးပြားတွေနဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ သံပုရာသီး၊ မက်မွန်သီး စည်သွပ်ဘူးတွေနဲ့ electrolysed လို့ခေါ်တဲ့ လျှပ်စစ်ဓာတ်ဖြည့်သွင်းထားတဲ့ ရေဘူးတွေ၊အကိုက်အခဲပျောက်ဆေး တွေ၊ဗီတာမင်တွေ၊ အအေးမိ/တုပ်ကွေးဆေးဝါးတွေအပါအဝင် ပစ္စည်းအများစုဟာ အွန်လိုင်း ကနေတောင်မှာလို့မရတော့တဲ့အထိ ပြတ်လတ်သွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ အပတ်က Global Times သတင်းစာမှာ တရုတ်ရဲ့ ကိုဗစ် စစ်ဆေးတဲ့ ကိရိယာ တွေဝယ်ယူမှုဟာ ရာခိုင်နှုန်း(၃၀၀) ကျော်အထိ တိုးလာတယ်လို့ ဆိုထားပြီး JD Health လို ကျန်းမာရေးဆိုင်ရာ အွန်လိုင်းစျေးဝယ် ပလက်ဖောင်းတွေမှာ ဆေးပစ္စည်း လုံးဝပြတ်လပ် သွား တဲ့အထိ ဝယ်ယူမှု မြင့်တက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.