December 15, 2022

KNU ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

ဖာပွန်၊ ဒီဇင်ဘာ (၁၅) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား နေ့စဉ်နဲ့အမျှတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အခုရက်ပိုင်းထဲ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၂)ရက်နေ့က မနက်(၉)နာရီအချိန်က KNU လူသောမြို့နယ် လယ်မူပလောကျေး ရွာအုပ်စုထဲမှာ အခြေချနေတဲ့ စစ်ကောင်စီထော်မူပလယ်မဲခြေကုပ်စခန်းအား KNLA တပ်မဟာ…

NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောင်းလဲ ခန့်အပ်

မော်လမြိုင် – ဒီဇင်ဘာ(၁၅) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ထားတဲ့ ပြည်ထောင်စု ဝန်ကြီးတွေဟာ ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းတာဝန်တွေများနေတဲ့အတွက် ဦးကျော်ဇော်နဲ့ ဦးနေဘုန်းလတ် တို့ကို ပြောင်းလဲ တာဝန်ပေးလိုက်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ကသတင်းထုတ်ပြန်ထားပါတယ်။ ပြောင်းလဲ တာဝန်ပေးလိုက်တဲ့ သူတွေဟာ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးကျော်ဇော်နဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ အဖြစ်…

သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းစခန်းတစ်ခု တိုက်ခိုက်ခံရ

သရက်ချောင်း၊ ဒီဇင်ဘာ (၁၅) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေရဲ့ ပူးပေါင်းစခန်းတစ်ခုကို ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်အစောပိုင်းက တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသ PDF တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့မနက် ၄ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေရဲ့ ပူးပေါင်းစခန်းတစ်ခုကို ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၃…

မလေးရှားက ဖမ်းဆီးခံမြန်မာနိုင်ငံသား ၁၁၄ယောက်ကို ပြန်ပို့ဖို့ စီစဉ်

ကွာလာလမ်ပူ၊ ဒီဇင်ဘာ (၁၅) မလေးရှားနိုင်ငံမှာဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား၁၁၄ ဦးကို အတင်းအကြပ် ပြန်ပို့ဖို့စီစဉ်နေတဲ့အ ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုလာပြီးတဲ့နောက် အဲဒီဆောင်ရွက်ချက်ကို မလေးရှားနိုင်ငံ တရားရုံးဘက်က ပြန်လည်ရုတ်သိမ်းလိုက်ပြီလို့ ရှေ့နေတွေကပြောပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ Access Asylum Malaysia တို့ဟာ အခုလိုအစုလိုက် အပြုံလိုက် ပြန်ပို့တဲ့ အစီအစဉ်ကို ပြန်လည်စဉ်းစားပေးဖို့ မလေးရှား အစိုးရကို တိုက်တွန်းထားခဲ့တာပါ။…

တရုတ်ကြောင့် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးမူဝါဒ အလုံးစုံ ပြောင်းလဲမယ်

တိုကျို – ဒီဇင်ဘာ(၁၅) ဂျပန်နိုင်ငံက တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဆယ်စုနှစ်တွေအတွင်း သူတို့ရဲ့ အသုံးစရိတ် တွေမြှင့်တင်တာ၊စစ်ရေးကွပ်ကဲမှုပုံစံ ပြန်လည်ပြင်ဆင်တာနဲ့ ဒုံးကျည်အသစ်တွေ သိုလှောင်တာ တွေပါဝင်တဲ့ အကြီးမားဆုံးကာကွယ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေကို ကြေညာဖို့ရှိနေပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မှတ်တမ်းသုံးခုမှာ ဖော်ပြမယ့် မူဝါဒတွေဟာ စစ်ပြီးခေတ် ဖွဲ့စည်းပုံအရ တပ်မတော်ကို တရားဝင်အသိအမှတ်မပြုတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ပြန်လည်ပုံမှာဖြစ်တယ်လို့…

စစ်အာဏာသိမ်း (၆၈၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၈၉ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၁၅) AAPP ရဲ့ ဒီဇင်ဘာ (၁၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၈၆)ရက်အတွင်း ပြည်သူ (၂၅၈၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၅၅ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

အိန္ဒိယအဝယ်လိုက်နေလို့ မွန်ပြည်နယ်မှာ မတ်ပဲဈေးထပ်တက်လာ

မော်လမြိုင်၊ ဒီဇင်ဘာ(၁၅) အိန္ဒိယနိုင်ငံက ပဲအဝယ်လိုက်နေတာကြောင့် မွန်ပြည်နယ်မတ်ပဲဈေးကွက်မှာ ဝယ်လိုအားမြင့်တက်လာပြီး ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ ပဲကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ်ပဲဈေးနှုန်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ပထမပတ်က (၂၀)ပိဿာတစ်တင်းကို ကျပ် (၅၅၀၀၀) ဝန်းကျင်သာရှိရာကနေ ဒီဇင်ဘာလ (၁၄) ရက်နေ့မှာတော့ တစ်တင်းကိုကျပ်(၅၈၀၀၀) ဝန်းကျင်ထိ ဈေးနှုန်း ထပ်မံမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ မတ်ပဲဈေးနှုန်းဟာ ပဲပေါ်ကာလဖြစ်တဲ့ မတ်လတုန်းကဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် တစ်တင်းကိုကျပ်၂၀,၀၀၀…

အငြင်းပွားဖွယ်နယ်စပ်အရေးကို တရုတ်က ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့ အိန္ဒိယ စွပ်စွဲ

ဒေလီ – ဒီဇင်ဘာ(၁၅) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ အရွန်ချယ် ပရာဒရှ့်က တဝန်လို့ခေါ်တဲ့ နေရာတစ်ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက် တရုတ်အစိုးရ ဟာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဟိမဝန္တာနယ်စပ်အတွင်း ကအနေအထားတွေကို ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့ အိန္ဒိယအစိုးရက စွပ်စွဲခဲ့ပါတယ်။ တရုတ်နဲ့ အိန္ဒိယ အကြားခွဲခြားထားတဲ့ နယ်စပ်ဟာ ဥပဒေကြောင်းအရခွဲခြားထားတာမရှိသလို တရုတ်နိုင်ငံဘက်က နယ်စပ်တစ်ခုလုံးစာအတွက် တောင်းဆိုထားကာ…

စစ်ကောင်စီရဲ့ ပိုက်စိပ်တိုက်ဖမ်းဆီးမှုကြောင့် မြို့ပြပျောက်ကြားတွေအပါအဝင် လူငယ် ၃၀ကျော် တစ်ပတ်အတွင်းဖမ်းဆီးခံရ

ရန်ကုန်၊ ဒီဇင်ဘာ (၁၅) စစ်ကောင်စီဒေါက်တိုင်တွေကို ချေမှုန်းနေတဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင် (UG)တွေကို စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးမှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ပြီး UGတွေအပါအဝင် အရပ်သားလူငယ် ၃၀ကျော်ကို ဒီတစ်ပတ်အတွင်းမှာဖမ်းဆီးခံခဲ့ရတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေထံမှ သိရပါတယ်။ ရန်ကုန်မြို့မှာစစ်ကောင်စီက မြို့ပြပြောက်ကျားတွေ တိမ်းရှောင်နေတယ်လို့ ယူဆရတဲ့နေရာတွေကို အချိန်မရွေး ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးတာ၊ ဖမ်းဆီးမိတဲ့ မြို့ပြပြောက်ကျားတွေနဲ့ ထောက်ပံ့နေသူ ပြည်သူတွေရဲ့ ဖုန်းကတစ်ဆင့် လူမှုကွန်ရက်ကိုအခြေခံပြီး…