လီမာ – ဒီဇင်ဘာ(၁၃)
ဆန္ဒပြတောင်းဆိုသူတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျော့ပေးခဲ့ကာ ကွန်ဂရက် က ရွေးကောက်ပွဲတွေ ရွေ့ဆိုင်းဖို့ အဆိုပြုချက်တစ်ခုကို နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပီရူး သမ္မတသစ် ဒီနာ ဘိုလာတီက ပြောခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ရာထူးက မုတ်ထွက်ဖို့ ကွန်ဂရက်လွှတ်တော်နဲ့ အစားထိုး ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုခဲ့ကြတာပါ။
ပီရူးနိုင်ငံ တစ်ဝိုက်မှာ ဆန္ဒပြသူထောင်ပေါင်းများစွာက လမ်းပေါ်ထွက်ကာ သူမနဲ့ ကွန်ဂရက် လွှတ်တော်တို့ကို အစားထိုးဖို့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ တောင်းဆိုခဲ့ပြီးနောက် ဒီဆုံးဖြတ် ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
လာမယ့် ၂၀၂၄ ခုနှစ် ဧပြီလအတွက် အထွေထွေရွေးကောက်ပွဲတွေ ကျင်းပမယ့် အချိန်ဇယား ကို သမ္မတက အဆိုပြုမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက် ဆန္ဒပြသူတွေက လက်ရှိဖြစ်ပေါ်နေ တဲ့ နိုင်ငံရေးအကြပ်အတည်းမှာ နိုင်ငံရေးသမားတွေက ဖြုတ်ချခဲ့တဲ့ ဗဟိုလက်ဝဲသမ္မတဟောင်း ကိုဖမ်းဆီးထိန်းသိမ်းထားမှုက လွှတ်ပေးဖို့ တောင်းဆိုတာတွေလုပ်နေတာဖြစ်တယ်လို့ သိရပါ တယ်။
ပီရူးနိုင်ငံကို လှုပ်ခတ်သွားစေတဲ့ ကျေးလက်ဒေသတွေမှာ ဆန္ဒပြပွဲအဖြစ် ချို့တဲ့တဲ့ တောင်တန်း ခရိုင်ဟာ ကျောင်းဆရာဖြစ်ခဲ့တဲ့ သမ္မတဟောင်းအတွက် အမာခံနေရာတွေလည်း ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ရဲစခန်းကို မီးရှို့ခဲ့သလို လက်နက်ကိုင်တပ်ဖွဲ့တွေအသုံးပြုတဲ့ လေဆိပ်ငယ်ကို ဖျက်ဆီးပြီး လမ်းတွေပေါ်မှာ ချီတက်ခဲ့ကြတာဖြစ်ပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲတွေကမျက်ရည် ယိုဗုံးတွေသုံးကာ ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့ပြီးနောက် မြို့တော်လီမာမှာလည်း လူရာနဲ့ချီဆန္ဒပြ နေခဲ့တာပါ။
အင်ဒီးစ် ဒေသမှာ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံးလူ နှစ်ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေ ကပြောပါတယ်။
အသက်(၆၀) အရွယ်မစ္စ ဘိုလာတီဟာ ကွန်ဂရက်လွှတ်တော် ဖျက်သိမ်းဖို့ အမိန့်နဲ့ တိုင်းပြည်ကို အံ့အားသင့်စေပြီးနောက် နာရီပိုင်းအကြာမှာ သမ္မတဟောင်း မစ္စတာ ကတ်စတယ်လို နေရာကို အစားထိုးဖို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
ပီရူးသမ္မတဟောင်း မစ္စတာ ကတ်စတယ်လိုဟာ ပုန်ကန်မှုစွဲချက်နဲ့ ဖမ်းဆီးခံရပြီးနောက် နိုင်ငံတဝှမ်းမှာ ပြန့်ကျဲနေတဲ့ ဆန္ဒပြပွဲတွေဟာ ရက်အတော်ကြာ ဆက်တိုက်ဖြစ်ပွားနေ တယ်လို့ သိရပါတယ်။
Ref:France 24