December 13, 2022

ဗြိတိန် ၊ အီတလီနဲ့ ဂျပန် သုံးနိုင်ငံပူးပေါင်းပြီး တိုက်လေယာဉ်အမျိုးအစားသစ် ထုတ်လုပ်

လန်ဒန်၊ ဒီဇင်ဘာ(၁၃) ဉာဏ်ရည်တု AI စနစ်ကို အသုံးပြုပြီး တိုက်လေယာဉ်အမျိုးအစားသစ်ကို တီထွင်ဖို့ ဗြိတိန်၊ အီတလီနဲ့ ဂျပန်တို့ က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှိဆူနက်က ကြေညာလိုက်ပါတယ်။ ဒီစီမံကိန်းနဲ့အတူ ယူကေမှာ အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးဖို့နဲ့ လုံခြုံရေးဆိုင်ရာ ချိတ်ဆက် မှုတွေကို ခိုင်မာစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ တိုင်ဖွန်းတိုက်လေယာဉ်တွေနေရာမှာ အစားထိုးအသုံးပြုမယ့်…

ပီရူးမှာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပြီး ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ အတည်ပြု

လီမာ – ဒီဇင်ဘာ(၁၃) ဆန္ဒပြတောင်းဆိုသူတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျော့ပေးခဲ့ကာ ကွန်ဂရက် က ရွေးကောက်ပွဲတွေ ရွေ့ဆိုင်းဖို့ အဆိုပြုချက်တစ်ခုကို နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပီရူး သမ္မတသစ် ဒီနာ ဘိုလာတီက ပြောခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ရာထူးက မုတ်ထွက်ဖို့ ကွန်ဂရက်လွှတ်တော်နဲ့ အစားထိုး ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုခဲ့ကြတာပါ။ ပီရူးနိုင်ငံ တစ်ဝိုက်မှာ ဆန္ဒပြသူထောင်ပေါင်းများစွာက…

ကန်ဂျီသရုပ်ဖော်စာလုံးအဖြစ် ဂျပန်ပြည်သူတွေက စစ်ပွဲဆိုတဲ့ အသုံးအနှုန်းကို ရွေးချယ်

တိုကျို – ဒီဇင်ဘာ(၁၃) ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးသတ်ဖြတ်ခံရတာနဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှု တွေ ဖြစ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွက် စစ်ပွဲ ဆိုတဲ့ ဝေါဟာရကို ကန်ဂျီသရုပ်ဖော်ဝေါဟာရ အဖြစ် ဂျပန်နိုင်ငံက ရွေးချယ်ခဲ့ပါတယ်။ ဝေါဟာရ သရုပ်ဖော်ရေးသားဖို့အတွက် နှစ်စဉ်ကျင်းပတဲ့ အခမ်းအနားမှာ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးကိုယ်စားပြုတဲ့ ဖော်ပြချက်ကို မဲပေးခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်ကတော့ အိုလံပစ် ဆိုတဲ့…

NUG, CRPH, PDF တို့ကိုပြည်သူက ဆန့်ကျင်ကြောင်း စစ်ကောင်စီနည်းဟောင်းသုံးလိမ်လည် (အမှန် /အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “မန္တလေးတိုင်း၊ မတ္တရာမြိုနယ်တွင် NUG /CRPH၊PDF အကြမ်းဖက်အဖွဲအစည်းများရဲ့ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း ဒေသခံပြည်သူများမှ ဆန္ဒထုတ်ဖော်” ဆိုတဲ့ အကြောင်းအရာကို…

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်ဆက်ထားဖို့ ကုလ ဆုံးဖြတ်

ဝါရှင်တန် – ဒီဇင်ဘာ(၁၃) သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တစ်နှစ် ဆက်လက် ထားရှိဖို့ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ(Credentials Committee) ဆုံးဖြတ်လိုက် ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၂) ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ နိုင်ငံကိုယ်စားပြုမှုသတ်မှတ် Credential ကော်မတီအစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိ အတိုင်းဆက်ထားဖို့ သဘောတူခဲ့ကြတာပါ။ ကုလသမဂ္ဂ Credential ကော်မတီမှာ…

ရေးပြောက်ကျား တပ်ဖွဲ့(YGF) တာဝန်ခံ ဗိုလ်ကျန်ရစ်နဲ့ ဆက်သွယ်မေးမြန်းချက်။

မွန်ပြည်နယ်ထဲမှာ အာဏာသိမ်းစစ်အုပ်စုကို ရရာလက်နက်စွဲကိုင်ပြီး ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်း တွေထဲမှာ ရေးတောင်ပိုင်ဒေသအတွင်း လှုပ်ရှားနေတဲ့ရေးပြောက်ကျားတပ်ဖွဲ့(YGF)လည်း ပါဝင်ပါတယ်။ ဒါကြောင့် ရေးပြောက်ကျားတပ်ဖွဲ့(YGF)အနေနဲ့ လတ်တလောကာလမှာ ဘယ်လိုစစ်ရေး လှုပ်ရှားမှုတွေလုပ် ဆောင်နေလဲ။ အဖွဲ့ရပ်တည်ရေးအတွက် ဘယ်အရာတွေက စိန်ခေါ်မှုတွေဖြစ်နေလဲ။ တော်လှန်ရေးနဲ့ ပတ် သက်ပြီး ပြည်သူတွေကိုဘာသတင်းစကားပါးလိုက်သလဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရေးပြောက်ကျား တပ်ဖွဲ့(YGF) တာဝန်ခံ ဗိုလ်ကျန်ရစ်နဲ့ ဆက်သွယ်မေးမြန်းချက်။ -အရင်ဆုံးအနေနဲ့ လတ်တလော…

နိုင်ငံတဝန်းမှာ အာဏာသိမ်း ၂၂ လအတွင်း နေအိမ်ပေါင်း ၃၈,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

ရန်ကုန်၊ ဒီဇင်ဘာ(၁၃) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ်နိုဝင်ဘာလကုန်အထိ ၂၂ လတာကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ်ပေါင်း ၃၈,၃၈၃လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့အထဲမှာ တိုင်းရင်းသားဒေသပြည်နယ် ၇ ခု နဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့…

KNU သထုံခရိုင်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံတွေ လုပ်ငန်းခွင်ဝင်ဖို့အခက်ကြုံနေရ

သထုံ၊ ဒီဇင်ဘာ(၁၃) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲမှာ စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်နေတာကြောင့် လုပ်ငန်းခွင်ဝင်ဖို့ အခက်အခဲမျိုးစုံရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU သထုံခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ဘားအံမြို့နယ်တွေမှာ အခုကာလဟာ မိုးစပါးရိတ်သိမ်းတာ၊ ရော်ဘာအစေးခြစ်တာနဲ့ ရာသီသီးနှံတွေ စိုက်ပျိုးကြတဲ့ကာလလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တောင်သူလယ်သမားနဲ့…

စစ်အာဏာသိမ်း (၆၈၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၇၂ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၁၃) AAPP ရဲ့ ဒီဇင်ဘာ (၁၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၈၀)ရက်အတွင်း ပြည်သူ (၂၅၇၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၄၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…