ဂျကာတာ – ဒီဇင်ဘာ(၁၀) 

အင်ဒိုနီးရှားပါလီမန်နဲ့ အစိုးရအဖွဲ့က နိုင်ငံရေးသမားဟောင်းတွေကို ဗဟိုဘဏ် အုပ်ချုပ်သူ အဖြစ်ပါဝင်နိုင်ဖို့အတွက် သက်ဆိုင်တဲ့ စာတမ်းတစ်ခုကို ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ အသစ်မှာ ထည့်သွင်းနိုင်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ပါလီမန်နဲ့ အစိုးရတို့က ဒီဇင်ဘာလ(၈) ရက်နေ့ နှောင်းပိုင်းမှာ ဥပဒေကြမ်းရဲ့ နောက်ဆုံးမူကြမ်း ကို အတည်ပြုထားပြီး လာမယ့် ရက်ပိုင်းအတွင်း အပြီးသတ်မဲခွဲဆုံးဖြတ်မှာဖြစ်တယ်လို့ ပါလီမန် ဥပဒေကြမ်း ကြီးကြပ်တဲ့ ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ 

တရားဝင်မဖြစ်သေးတဲ့ ဒီဥပဒေကြမ်းဟာ ရူပီယာတန်ဖိုးကို စီမံခန့်ခွဲတာထက် စီးပွားရေးတိုး တက်မှုနဲ့ပတ်သက်ပြီး ပံ့ပိုးပေးဖို့ အင်ဒိုဗဟိုဘဏ်ရဲ့ လုပ်ပိုင်ခွင့်ကို တိုးချဲ့တာဖြစ်သလို သမ္မတ သတ်မှတ်ခွင့်ပြုထားတဲ့အတိုင်း အစိုးရဆီကနေ ငွေချေးစာချုပ်တွေ တိုက်ရိုက်ဝယ်ယူခွင့်ပြု မယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ 

နိုင်ငံရေးပါတီအသီးသီးက နုတ်ထွက်ထားသူတွေအနေနဲ့ အင်ဒိုနီးရှားဘဏ်ရဲ့ လုပ်ငန်း လည်ပတ်မှုနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု အာဏာပိုင်အဖွဲ့နဲ့ အပ်ငွေအာမခံ ကော်ပိုရေးရှင်း ကို ဦးဆောင်နိုင်တဲ့အရည်အချင်းပြည့်မီရမှာဖြစ်တယ်လို့ သိရပါတယ်။ 

“နိုင်ငံရေးသမားတွေဟာ ဒီရာထူးတွေအတွက် အရွေးခံဖို့ တခြားသူတွေလို တူညီတဲ့ အခွင့်အရေး တွေ ရှိပြီး အရည်အချင်းအရ သူတို့လုပ်နိုင်ကြမှာပါ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။ 

သမ္မတဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှားဗဟိုဘဏ်အနေနဲ့ သီးခြားရပ်တည်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ပြောထားပါတယ်။ 

စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံ(INDEF) မှာ ဘောဂဗေဒပညာရှင် မစ္စတာ သောင်ဟီး အာဟမတ်က နိုင်ငံရေးသမားတစ်ဦးကို ဗဟိုဘဏ်ရဲ့ ရာထူးတစ်မှာ ပါဝင်နိုင်ဖို့အတွက် လောလောဆယ်မှာ အတိအကျတားမြစ်ထားတာမရှိသေးပေမယ့် “ကျင့်ဝတ် သိက္ခာပုဒ်”က သူတို့ကို တားမြစ်ရမယ်လို့ ပြောခဲ့ပါတယ်။ 

“အင်ဒိုနီးရှားဗဟိုဘဏ်ရဲ့ လွတ်လပ်သော ရပ်တည်မှုသည် အားနည်းလာပြီး ခြိမ်းခြောက်မှုတွေ ရှိသွားပါလိမ့်မယ်” ဘောဂဗေဒပညာရှင် မစ္စတာ သောင်ဟီး အာဟမတ် က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် နိုင်ငံရေးသမားတစ်ဦးအနေနဲ့ ဗဟိုဘဏ် ကိုယ်စားလှယ်လောင်းရာထူးအတွက် ပါတီ ကနေ နုတ်ထွက်ရမှာဖြစ်ပေမယ့် ပါတီနဲ့ ဆက်ဆံရေး ခိုင်မာနေနိုင်တယ်လို့ သူက ပြောပါ သေးတယ်။ 

လက်ရှိဗဟိုဘဏ်စုဖွဲ့မှုမှာ သမ္မတက ထောက်ခံပြီး လွှတ်တော်က ရွေးချယ်တင်မြှာေက်ထားတဲ့ အဖွဲ့ဝင် (၆) ဦးပါ အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့တစ်ခုရှိပြီး အဲဒီထဲက အဖွဲ့ဝင်(၅) ဦးဟာ ဘယ် နောက်ခံရလာတာဖြစ်စေ လက်ရှိမှာ ဗဟိုဘဏ်အုပ်ချုပ်သူတွေအဖြစ် ဆောင်ရွက်နေကြသူတွေ ဖြစ်ပြီး သူတို့ထဲက တစ်ဦးကတော့ စီးပွားရေးပညာရှင်ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားဗဟိုဘဏ်နဲ့ ဥပဒေကြမ်းတာဝန်ခံ လွှတ်တော် ကော်မရှင်အဖွဲ့ခွဲတွေကို မှတ်ချက်တစုံတရာပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပြန်လည် ဖြေဆိုတာ တော့မရှိခဲ့ပါဘူး။

Ref:The Straits time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.