Radio Than Lwin Times(9/12)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အုပ်စုကိုလက်နက်ကိုင် တော်လှန်ဖို့ တည်ထောင်ထားတဲ့ မွန်လူမျိုးကို ကိုယ်စားလှယ်ပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် မွန်ပြည် လွတ်မြောက်ရေးတပ်တော်တည်ထောင်ဖြစ်တဲ့ အခြေအနေ၊ ဆက်လက် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ် ၊ စစ်ရေးပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) ဥက္ကဋ္ဌမင်းဗညားဟံသာနဲ့ ဆက်သွယ်မေးမြန်းချက်။ -အရင်ဆုံးအနေနဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) ကို ဘာကြောင့်…
ပုလော၊ ဒီဇင်ဘာ (၁၀) နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ရင် အပြင်ထွက်သွားလာတာမလုပ်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပေးဖို့ မြိတ်ခရိုင်တပ်ရင်း(၁)က သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာပထမအပတ်ကစပြီး ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်စွဲထားတဲ့နေရာတွေကို ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေ ဆက် တိုက်လုပ်ဆောင်ထားပါတယ်။ ဒေသ PDF တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က…
မော်လမြိုင်၊ ဒီဇင်ဘာ (၁၀) AAPP ရဲ့ ဒီဇင်ဘာ (၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၇၇)ရက်အတွင်း ပြည်သူ (၂၅၆၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၄၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၉) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…
ရန်ကုန်၊ ဒီဇင်ဘာ (၁၀) အာဏာသိမ်းစစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းမှုဟာ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုဖြစ်တယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ EAOs ၇ ဖွဲ့ဟာ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေ းနွေးပွဲကို ၂ ကြိမ်တိတိ တက်ရောက်ဆွေးနွေးထားကြတဲ့ အဖွဲ့တွေဖြစ်ပြီး…
တနင်္သာရီ၊ ဒီဇင်ဘာ (၁၀) တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကနေ အခုနှစ်နိုဝင်ဘာလကုန်ထိ ၂၂ လတာကာလအတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေကြောင့် အရပ်သားသေဆုံးသူ ၃၁၇ ဦးထိ ရှိလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အရပ်သားသေဆုံးမှုအရ လောင်းလုံးမြို့နယ်မှာ ၈၉ ဦး၊ ရေဖြူမြို့နယ်မှာ ၅၈…
မော်လမြိုင်၊ ဒီဇင်ဘာ (၁၀) မွန်ပြည်နယ်ထဲက အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း အလှူငွေရရှိမှု နည်းပါးလာတာ၊ စစ်ကောင်စီဘက်က တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဆက်လက်ရပ်တည်ဖို့ ပိုမိုခက်ခဲလာကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လုပ်ငန်းစဉ်တွေအကောင်အထည် ဖော်ရာမှာ စောင့်ကြည့်ခံရတာ၊ မထင်ရင်မထင်သလို ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်း ခံရတာ၊ အကူအညီတွေပေးဆောင်ရာမှာလည်း စစ်ကောင်စီဘက်က တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဆက်…
ကော့ကရိတ်၊ ဒီဇင်ဘာ(၁၀) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေအပေါ် အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ဆိုသလို လုပ်ဆောင်နေပြီး ကျောင်းဆရာမနဲ့ ကျောင်းသားတွေအပါအဝင် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU နဲ့ ဒေသခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁)ရက်နေ့ကစပြီး KNU ကော့ကရိတ်မြို့နယ် ဘော့ဒိုင်းကျေးရွာနဲ့ ကျုံဒိုးမြို့ ဖားကျကျေးရွာ၊ တောင်ကြာအင်းကျေးရွာတွေထဲကို တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ…
ရန်ကုန် – ဒီဇင်ဘာ(၉) ယူကေအစိုးရကစစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ်ရုံး၊စစ်ကောင်စီတပ်မ (၃၃) နဲ့ တပ်မ(၉၉) တို့ကို ဒီနေ့ ဒီဇင်ဘာလ(၉) ရက်နေ့မှာ ပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင် ရာ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး အနေနဲ့ စစ်ကြောရေးလုပ်ချိန်မှာ မုဒိန်းမှု၊ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှု အပါအဝင် ညှဉ်းပမ်းနှိပ်စက်မှုတွေကို အဓိက ကျူးလွန်သူတွေ ဖြစ်တယ်လို့…
ပုလော – ဒီဇင်ဘာ(၉) တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ရဲစခန်းကို ဒီနေ့ ဒီဇင်ဘာလ(၉) ရက်နေ့ မနက်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိနိုင်တယ်လို့ ကာကွယ်ရေး တပ်ဖွဲတာဝန်ရှိသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီစစ်ဆင်ရေးကို မြိတ်ခရိုင်တပ်ရင်း(၁)၊ အရိပ် ပြောက်ကျားတပ်ဖွဲ့(ပ.က.ဖ) တို့က ပူးပေါင်းပြီး စစ်တပ်၊ရဲနဲ့ ပျူစောထီးအင်အား (၃၀) ကျော်ရှိတဲ့ ပလရဲစခန်းကို…