November 2022

နမ့်ဆန် လေတပ်စခန်းက ဒုဗိုလ်မှူးကြီးအပါအဝင် (၁၀) ဦးကို စစ်ကောင်စီ ဖုန်းသိမ်းစောင့်ကြည့်နေ

နမ့်ဆန် – နိုဝင်ဘာ(၂၆) ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်လေတပ်စခန်း အမှတ်(၇၁) ရေဒါအုပ်က ဒုတိယဗိုလ်မှူးကြီး အပါအဝင် (၁၀) ဦးကို တပ်တွင်းသတင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး ဖုန်းတွေသိမ်းထားကာ စစ်ကောင်စီက စောင့်ကြည့်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ တရုတ်နိုင်ငံလုပ် FTC 2000G တိုက်လေယာဉ် (၆)စီး နိုဝင်ဘာလ (၂၄) ရက်နေ့မှာ နမ့်ဆန် လေတပ်စခန်းဌာနချုပ်ကို ရောက်ရှိမယ့် သတင်းပေါက်ကြားခဲ့တာနဲ့ ပတ်သက်ပြီး…

အိမ်ရှင်ကာတာအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာသွားရပြီ

မော်လမြိုင်၊ နိုဝင်ဘာ၊ (၂၆) အိမ်ရှင်ကာတာအသင်းဟာ မနေ့ညပိုင်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု(A) ပွဲစဉ်မှာ နယ်သာလန်အသင်းနဲ့ အီကွေဒေါအသင်းတို့ သရေကျပြီးနောက် ကမ္ဘာ့ဖလားပြိုင်ကနေ ထွက်ခွာခဲ့ရတာပါ။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ကာတာအသင်းဟာ အီကွေဒေါအသင်းကို ၂ ဂိုး ဂိုးမရှိ၊ ဆီနီဂေါအသင်းကို ၃ ဂိုး ၁ ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲကနေ ပထမဆုံး…

တောမီးငြိမ်းသတ်ဖို့ ကြိုးစားသူကို မီးရှို့သူလို့ စွပ်စွဲပြီးသတ်ဖြတ်ခဲ့တဲ့ လူ ၄၉ ဦး သေဒဏ်ချခံရ

အယ်လ်ဂျီးရီးယား၊ နိုဝင်ဘာ (၂၆) ပြီးခဲ့တဲ့နှစ်က တောမီးရှို့တဲ့သူဆိုပြီး သံသယရှိသူ အမျိုးသားတစ်ဦးကို မှားယွင်းစွာ သတ်ဖြတ်ခဲ့တဲ့ လူ ၄၉ ဦးကို အယ်လ်ဂျီးရီးယားတရားရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သေဒဏ်ပေးမှုတွေကို ဆိုင်းငံ့ထားတဲ့အတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ချနိုင် ဖွယ်ရှိနေတာပါ။ ၂၀၂၁ ခုနှစ်မှာ အယ်လ်ဂျီးရီးယားနိုင်ငံရဲ့သမိုင်းမှာ အဆိုးရွားဆုံးမီးလောင်ကျွမ်းမှုကို ကြုံတွေ့ခဲ့ပြီး လူဦးရေ (၉၀) သေဆုံးခဲ့ရတဲ့…

ထိုင်းနိုင်ငံမှာ လယ်သမားတစ်ဦးက ကားကိုမီးရှို့ပြီး အစိုးရအဆောက်အအုံထဲမောင်းဝင်မှု ဖြစ်ပွား

ဘန်ကောက် – နိုဝင်ဘာ(၂၆) ဇနီးသည်ရဲ့ မြေကို မတရားသိမ်းယူပြီး လေလံတင်ရောင်းချခဲ့တဲ့အတွက် တရားမျှတမှုလိုလား နေတဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဘူရီရမ်ပြည်နယ်က လယ်သမားတစ်ဦးဟာ သူ့ရဲ့ ထရပ်ကား မှာ ဓာတ်ဆီ(၅) ဂါလံကို မီးရှူးမီးပန်းတွေနဲ့အတူတင်ဆောင်ပြီး ဘူရီရမ်တရားစီရင်ရေးရုံးကို မောင်းသွင်းခဲ့ပါတယ်။ ဖွန်ထိုင်းဆောင် ခရိုင်ဒေသန္တရက အသက်(၅၈) နှစ်အရွယ်မနော့ပ်ဟာ ကား နောက်ခန်းမှာ ဓာတ်ဆီတွေတင်ဆောင်ပြီး ထရပ်ကားကို မီးရှို့ကာ တရားစီးရင်ရေးရုံးရဲ့…

ဗြိတိန်အစိုးရအဆောက်အဦးတွေမှာ လုံခြုံရေးစိုးရိမ်ရတာကြောင့် တရုတ်စောင့်ကြည့်ကင်မရာ တွေ မတပ်ဆင်ဖို့ တားမြစ်

လန်ဒန် – နိုဝင်ဘာ(၂၆) လုံခြုံရေးအရအရေးကြီးတဲ့ အဆောက်အအုံတွေမှာ တရုတ်နဲ့ ချိတ်ဆက်ထားတဲ့ စောင့်ကြည့် ကင်မရာတွေ တပ်ဆင်တာကို ရပ်တန့်ဖို့ ဗြိတိန်အစိုးရက နိုဝင်ဘာလ(၂၄) ရက်နေ့က သူတို့ရဲ့ ဌာနတွေကို အမိန့်ပေးခဲ့ပါတယ်။ အစိုးရဌာနတွေမှာ ထောက်လှမ်းရေးစနစ်တပ်ဆင်တာနဲ့ ဆက်စပ်နေတဲ့ လက်ရှိနဲ့ အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတဲ့ လုံခြုံရေးအန္တရာယ်တွေကိုပြန်လည်သုံးသပ်ပြီးနောက် ဒီဆုံးဖြတ်ချက်ထွက်ပေါ် လာတာဖြစ်တယ်လို့ အစိုးရအဖွဲ့ရုံးဝန်ကြီး အိုလီဗာက ပါလီမန်ကို စာရေးသားထုတ်ပြန်ခဲ့တာပါ။…

အမျိုးသမီးတွေအပေါ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ KHRG ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ (၂၆) စစ်ကောင်စီတပ်ဟာ အမျိုးသမီးတွေအပေါ် စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေ ရှိစေခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကနိုဝင်ဘာလ(၂၅)ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ သဘော ထား ထုတ်ပြန်လိုက်ပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ကတော့ အမျိုးသမီးတွေအပေါ် စစ်ကောင်စီတပ်က ကျုးလွန်နေတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့…