November 2022

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း ပြန်လည် မြင့်တက်လာ

မော်လမြိုင်၊ နိုဝင်ဘာ (၉) အခုရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံဈေး အနည်းငယ် ပြန်လည် မြင့်တက်လာမှုနဲ့အတူ လိုသလောက် ဝယ်ယူမရသေးတဲ့အတွက် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း ပြန်လည် မြင့်တက်လာတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ္ဘာ့ရေနံဈေးနှုန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က တစ်စည်ကို အမေရိကန် ဒေါ်လာ (၉၅) ဝန်းကျင်လောက်သာ…

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၂ နှစ်ပြည့် (အထူးသတင်းဆောင်းပါး)

ရန်ကုန်၊ နိုဝင်ဘာ (၉) ကမ္ဘာ့ကပ်ရောဂါ COVID-19 ရဲ့ စိန်ခေါ်မှုတွေကြားကနေ NLD အစိုးရလက်ထက်က ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ ၂ နှစ်ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီပေါင်း ၉၁ ပါတီရှိပြီး ရွေးကောက်ပွဲအနိုင်ရ ၁၉ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေထဲက…

သိမ်ဇရပ်နယ်မြေရဲစခန်းနဲ့ သံတံတား စစ်ဆေးရေးဂိတ် ထပ်မံ တိုက်ခိုက်ခံရ

ကျိုက်ထို၊ နိုဝင်ဘာ (၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်နယ်မြေရဲစခန်းနဲ့ ဘီးလင်းမြို့နယ်က စစ်ကောင်စီ သံတံတား စစ်ဆေးရေးဂိတ်ဟာ နိုဝင်ဘာ ၇ ရက်နေ့က ညပိုင်းမှာ ထပ်မံတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သိမ်ဇရပ်နယ်မြေရဲစခန်းကို နိုဝင်ဝင်ဘာ ၇ ရက်နေ့ ည ၆ နာရီခွဲအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့…

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှ မြန်မာပြဿနာပြေလည်ရေး လမ်းစရမယ်လို့ NLD ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ (၉) အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စားလှယ်တွေအနေနဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျတဲ့ ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မယ်လို့ NLD ပါတီက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ နှစ်နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အခုလို…

စစ်အာဏာရှင်တွေမရှိမှ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်နိုင်မယ်လို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – နိုဝင်ဘာ(၈) မြန်မာနိုင်ငံမှာ လူမဆန်တဲ့ စစ်အာဏာရှင်တွေ မရှိတော့မယ့် တစ်နေ့မှာ ပြည်သူတစ်ရပ်လုံး တည်ထောင်ချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ထောင်နိုင်မှာဖြစ်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ(NUG/JCC) တို့ ကြားချိတ်ဆက်ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်တဲ့ အစည်း အဝေးမှာ ဝန်ကြီးချုပ်ကပြောခဲ့တာပါ။ “ဒီအချိန်ဒီကာလကတော့…

သံဖြူဇရပ်က နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းမီးလောင်

သံဖြူဇရပ် – နိုဝင်ဘာ (၈) မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲဘိုတောင်ကျေးရွာက နှစ်တစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းဟာ ဒီနေ့ နိုဝင်ဘာလ(၈) ရက်နေ့ မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ မီးလောင်မှုကြောင့် ပေ ၈၀-ပေ-၁၂၀ ရှိတဲ့ နှစ်ထပ်ကျောင်းဆောင်ရဲ့ ခေါင်မိုးပိုင်းနဲ့ အတွက်းပိုင်း ပစ္စည်းအကုန်နီးပါး မီးလောင်ပျက်စီးသွားပြီး ကျောင်းနေ သံဃာတော်တွေတော့ ထိခိုက်ဒဏ်ရာ ရရှိတာမရှိဘူးလို့…

တရုတ်ရဲ့ အမျက်ဒေါသကြားထဲကပဲ ဗြိတိန်ဝန်ကြီးတစ်ဦး ထိုင်ဝမ်သမ္မတနဲ့ သွားရောက်တွေ့ဆုံဖို့ရှိ

တိုင်ပေ၊ နိုဝင်ဘာ (၈) ကုန်သွယ်ရေးဆွေးနွေးပွဲတစ်ခုအတွက် ဗြိတိန်ဝန်ကြီးတစ်ဦး ထိုင်ဝမ်ကို အခုသီတင်းပတ်အတွင်း သွား ရောက်ရန်ရှိနေပြီး ထိုင်ဝမ်သမ္မတနဲ့လည်း တွေ့ဆုံဖို့ရှိနေတယ်လို့ ဗြိတိန်ဝန်ကြီးရုံးက နိုဝင်ဘာ (၇)ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။ ဒီလို အနောက်တိုင်းအစိုးရနဲ့ ကျွန်းစုနိုင်ငံ ထိုင်ဝမ်တို့အကြား နောက်ဆုံးအဆင့် ထိတွေ့ဆက်ဆံမှုအပေါ် ဘေးဂျင်းအစိုးရက ဒေါသူပုန်ထနေခဲ့တာပါ။ တရုတ်နိုင်ငံဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ၎င်းတို့ရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ပြီး…

ရွှေ့ပြောင်းနေထိုင်သူတွေကို အီးယူနိုင်ငံတွေတာဝန်မျှယူကြဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ရောမ – နိုဝင်ဘာ(၈) ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကူညီရာမဲ့သူတွေ ရောက်ရှိ လာတဲ့ နိုင်ငံတွေတင်မဟုဘဲ ရွှေ့ပြောင်းနေထိုင်သူတွေကို ခေါ်ယူဖို့ တာဝန်ခွဲဝေယူသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ရွှေ့ပြောင်းအခြေချမှုတွေဟာ အီတလီနိုင်ငံမှာ နိုင်ငံရေးတင်းမာမှု ဖြစ်ပေါ်နေချိန်မှာ အစိုးရနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ပရဟိတ သင်္ဘောတွေပေါ်က ဆင်းဖို့ ကြိုးပမ်းချိန် အငြင်း အခုံဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့တာပါ။ “ဥရောပသမဂ္ဂအနေနဲ့…

အတိုက်အခံခေါင်းဆောင်ကို လုပ်ကြံမှုမှာပါဝင်တယ်ဆိုတဲ့ စွဲချက်ကို ပါကစ္စတန်ဝန်ကြီးချုပ် ပယ်ချ

ကရာချီ၊ နိုဝင်ဘာ (၈) ပါကစ္စတန် ဝန်ကြီးချုပ်ရှာဟ်ဘတ်ဇ် ရှရစ်ဖ်က အတိုက်အခံခေါင်းဆောင် အိုင်ရမ်ခန်းကို လုပ် ကြံမှုမှာပါဝင်တယ်ဆိုတဲ့ စွဲချက်တွေကို ပယ်ချခဲ့ပြီးနောက် အဲ့ဒီပစ်ခတ်မှုကို စုံစမ်းစစ်ဆေးပေး ဖို့ အတိုက်အခံခေါင်းဆောင်ကို ထောက်ခံသူတွေက ဆန္ဒပြတောင်းဆိုနေကြပါတယ်။ ခန်းဟာ လွန်ခဲ့တဲ့ နိုဝင်ဘာ ၃ရက်နေ့က ပြုလုပ်တဲ့ အစိုးရဆန့်ကျင်ရေးစုဝေးမှုမှာ ခြေထောက်ပိုင်းကို ပစ်ခတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ခရစ်ကတ် ကစားသမားဘဝကနေ…