November 2022

ဘုရားစင်ပျောက်မှာစိုးလို့ စစ်တပ်အာဏာသိမ်းတာဆိုတဲ့ စိတ်ကစင့်လျားစကားတွေပြောနေတာ လို့ NUG ပြော

မော်လမြိုင် – နိုဝင်ဘာ(၁၀) အာဏာသိမ်းစစ်ကောင်စီက ဘုရားစင်ပျောက်မှာစိုးလို့ စစ်တပ်က အာဏာသိမ်းရပါတယ်ဆိုတဲ့ စိတ်ကစင့်ကလျား ပြောဆိုချက်တွေဟာ အတွေးအခေါ်တိုက်ပွဲမှာ စစ်အာဏာရှင်ဝါဒ အရေးနိမ့် နေပြီဆိုတာ ပြသနေတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၉) ရက်နေ့က အပတ်စဉ် PDF ရဲဘော်တွေကိုပြောနေတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့တာပါ။ “အတွေးအခေါ်တိုက်ပွဲမှာ စစ်အာဏာရှင်ဝါဒ အရေးနိမ့်နေပြီဆိုတာ သတိပြုမိတဲ့အတွက်လည်း…

တိုက်စစ်ကစားသမား မာနေ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရဖို့ ရှိနေ

မော်လမြိုင်၊ နိုဝင်ဘာ၊ (၁၀) ရက်ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆီနီဂေါလက်ရွေးစင်အသင်းရဲ့ တိုက်စစ်ကစားသမား မာနေဟာ လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။ မာနေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဝါဒါဘရီမင်နဲ့ ပွဲစဉ်မှာ ညာဘက်ခြေထောက် ဒဏ်ရာရရှိခဲ့တဲ့အတွက် ပွဲချိန် ၂၀ မိနစ်မှာပဲ လူစားလဲလှယ်ခဲ့ရတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကတော့ တိုက်စစ်ကစားသမား မာနေ…

ရန်ကုန်မြစ်ထဲမှာ ဆီတင် သင်္ဘောတစ်စီး မီးလောင်

ရန်ကုန် – နိုဝင်ဘာ(၁၀) ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းတံတားနားက ရန်ကုန်မြစ်ထဲမှာ ဒီနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ နေ့လည်ပိုင်းက ဆီတင်သင်္ဘောတစ်စီးမီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကသိရပါတယ်။ ဒီမီးလောင်မှုကို တာမွေမြို့နယ် မီးသတ်စခန်းနဲ့ ပုဇွန်တောင်မြို့နယ် မီးသတ်စခန်းတို့က မီးသတ်ကား တွေထွက်ခွာငြိမ်းသတ်နေတယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ – MFSD

စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေး တပ်က CDM တပ်ကြပ်ကြီးဇေယျနဲ့ ဆက်သွယ်မေးမြန်းချက်

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းကာလတွေမှာ ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း လေ ကြောင်း တိုက်ခိုက်မှုတွေ ပိုမို အသုံးပြုလာသလို လေယာဉ်နဲ့ ကင်းထောက်တာအပြင် တပ်အင်အား တိုးချဲ့မှု တွေကိုပါ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ပွင့်လင်းရာသီမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်လာနိုင်တဲ့ အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေအနေနဲ့ ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်ပါသလဲ။…

ဇင်းကျိုက်မြို့မီးလောင်မှု လူ (၄) ဦးသေဆုံး

မော်လမြိုင်၊ နိုဝင်ဘာလ၊ (၁၀) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ ဒီနေ့ နိုဝင်ဘာ ၄ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ(၄)ဦးသေဆုံးခဲ့ပြီး နေအိမ်(၈)လုံး ဆုံးရှုံးခဲ့တယ်လို့ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနက သံလွင်တိုင်းမ် ကိုပြောပါ တယ်။ ဖြစ်စဉ်မှာမနက် ၃ နာရီ မိနစ် ၅၀ ခန့်က ဇင်းကျိုက်မြို့ ဘုံကျောင်းလမ်းက မောင်လင်းထွန်း နေအိမ်…

မြောက်ကိုရီးယားပစ်လွှတ်လိုက်တဲ့ ဒုံးကျည် အပျက်အစီးတွေကို တောင်ကိုရီးယား စစ်တပ်က ဆယ်ယူထား

ဆိုးလ်၊ နိုဝင်ဘာ (၁၀) မကြာသေးမီက မြောက်ကိုရီးယားဘက်က နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီး ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ရဲ့ အပျက် အစီးတွေကို ပြန်လည်ဆယ်ယူပြီး ခွဲခြမ်းစိတ်ဖြာခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့က မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း အပါအဝင် ဒုံးကျည်အစင်း ၂၀ ကျော် ပစ်ခတ်ခဲ့ပြီး တောင်ကိုးရီးယားနိုင်ငံ…

နေတိုးရဲ့ အဓိက အစိတ်အပိုင်းအဖြစ်ဆက်လက်ရှိနေမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ်ကြေညာ

လန်ဒန် – နိုဝင်ဘာ(၁၀) မျိုးဆက်ပေါင်းများစွာအတွက် နေတိုးမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ဆက်လက်ရပ်တည် သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ် ဆွန်နက်က နေတိုးရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျန် စတော့တန်ဘာ့ နဲ့ မတွေ့ခင်မှာ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဆွန်ဆက်စတင်တာဝန်ယူပြီးနောက် နေတိုးအကြီးအကဲဟာ ဒေါင်းနင်းလမ်းမှာ သူနဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ နိုင်ငံတကာခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုရှားကျူးကျော်စစ် စတင်ပြီး ယူကရိန်းနိုင်င့အတွက် ပံ့ပို့ကူညီ…

သီရိလင်္ကာမှာ အဆိုးရွားဆုံး အစာရေဆာကပ်ဘေးတစ်ရပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ကုလ သတိပေး

ကိုလံဘို – နိုဝင်ဘာ(၁၀) သီရိလင်္ကာနိုင်ငံမှာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေတဲ့ ပြည်သူ အရေအတွက်ဟာ ၃.၄ သန်းအထိနှစ်ဆ တိုးမြှင့်သွားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် တောင်အာရှကျွန်းနိုင်ငံမှာ ပိုမိုဆိုးရွားတဲ့ အစာရေဆာကပ်ဘေးတစ်ရပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ​ကုလသမဂ္ဂ က သတိပေးထားခဲ့တာပါ။ သီရိလင်္ကာနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုလအေဂျင်စီတွေဟာ အင်္ဂါနေ့ နိုဝင်ဘာ၈ ရက်နေ့ ပူးတွဲကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ ဆင်းရဲမွဲတေတဲ့ လူဦးရေလို့ ပြောနိုင်တဲ့ အစာရေဆာ…

ထားဝယ်မြို့မှာ PDF ရဲဘော်ရဲ့ ဖခင်ဖြစ်သူ ဖမ်းဆီးသတ်ဖြတ်ခံရ

ထားဝယ်၊ နိုဝင်ဘာ (၁၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်နေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ကိုအောင်ခိုင်ရဲ့ ဖခင်ဖြစ်သူ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီလောက်မှာ PDF ရဲဘော် ကိုအောင်ခိုင်ရဲ့ အသက် ၆၀ အရွယ် ဖခင်ဖြစ်သူ ဦးကြူလွင်ကို…