November 2022

တရုတ်သမ္မတက တံခါးပိတ်အစည်းအဝေးရဲ့ အချက်အလက်တွေပေါက်ကြားတယ်ဆိုပြီး ကနေဒါဝန်ကြီးချုပ်ကို ထိပ်တိုက်တွေ့

ဘာလီ – နိုဝင်ဘာ(၁၈) G-20 ရဲ့ တံခါးပိတ်အစည်းအဝေးတစ်ခုအကြောင်း သတင်းပေါက်ကြားတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုကို လူချင်းတွေ့ဆုံချိန်မှာ ထိပ်တိုက်တွေ့ပြီး ဝေဖန်ခဲ့တယ်လို့သိရပါတယ်။ ကနေဒါရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုမှာ ရှီက ထရူဒိုကို စကားပြန်ကတဆင့် အပြန်အလှန်ပြောဆိုနေတာကို ဖော်ပြထားတာပါ။ မတ်ဒရင်းတရုတ်ဘာသာစကား အသုံးပြုပြီးပြောနေတဲ့ ရှီရဲ့ ပြောဆိုချက်မှာ “ဒါက သင့်တော်တဲ့…

တရုတ်သမ္မတက တံခါးပိတ်အစည်းအဝေးရဲ့ အချက်အလက်တွေပေါက်ကြားတယ်ဆိုပြီး ကနေဒါဝန်ကြီးချုပ်ကို ထိပ်တိုက်တွေ့

ဘာလီ – နိုဝင်ဘာ(၁၈) G-20 ရဲ့ တံခါးပိတ်အစည်းအဝေးတစ်ခုအကြောင်း သတင်းပေါက်ကြားတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုကို လူချင်းတွေ့ဆုံချိန်မှာ ထိပ်တိုက်တွေ့ပြီး ဝေဖန်ခဲ့တယ်လို့သိရပါတယ်။ ကနေဒါရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုမှာ ရှီက ထရူဒိုကို စကားပြန်ကတဆင့် အပြန်အလှန်ပြောဆိုနေတာကို ဖော်ပြထားတာပါ။ မတ်ဒရင်းတရုတ်ဘာသာစကား အသုံးပြုပြီးပြောနေတဲ့ ရှီရဲ့ ပြောဆိုချက်မှာ “ဒါက သင့်တော်တဲ့…

တနင်္သာရီတိုက်ပွဲမှာ PDF ရဲဘော် ၂ ဦး ကျဆုံး

တနင်္သာရီ၊ နိုဝင်ဘာ (၁၈) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ထုံတော်ကျေးရွာရှိ စစ်ကောင်စီ ခလရ(၅၆၁)တပ်စခန်းအား သွားရောက် တိုက်ခိုက်မှုမှာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီ ခလရ(၅၆၁)တပ်စခန်းကို မြိတ်ခရိုင်တပ်ရင်း(၂) အပါ အဝင် ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက သွားရောက် တိုက်ခိုက်ခဲ့တာပါ။…

စစ်အာဏာသိမ်း (၆၅၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၁၆ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၈) AAPP ရဲ့ နိုဝင်ဘာလ (၁၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၅၂)ရက်အတွင်း ပြည်သူ (၂၅၁၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၂၄၈ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ပြန်လည် လွတ်မြောက်လာသူကတော့ (၃၂၅၀) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။…

တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက လက်နက်အကုန် ထုတ်သုံးပြီး ပိုမိုချေမှုန်းလာနိုင်

ရန်ကုန်၊ နိုဝင်ဘာ (၁၈) အာဏာသိမ်းစစ်ကောင်စီက စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ဒေသရှိ တော်လှန်ရေးအင်အားစုတွေကို လက် နက်တွေအကုန် ထုတ်သုံးပြီး ပိုမိုချေမှုန်းလာနိုင်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၂ လနီးပါးအတွင်း တိုင်းရင်းသား ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ကရင် ပြည်နယ်၊ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့အပါအဝင် အညာဒေသဖြစ်တဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်း တိုင်းဒေသကြီးတို့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုလာနေတာပါ။ တစ်ဖက်မှာလည်း ခြေလျင်ကြည်းတပ်ကနေ…

KNU ဖာပွန်ခရိုင်က နှစ်ပတ်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံး

ဖာပွန်၊ နိုဝင်ဘာ (၁၈) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တို့အကြား နိုဝင်ဘာလ လဝက်အတွင်း တိုက်ပွဲပေါင်းအကြိမ်(၆၀)ကြိမ်နီးပါးဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အယောက်(၃၀)ကျော် သေဆုံးခဲ့တယ်လို့ တပ်မဟာ(၅) ထုတ်ပြန်ပါတယ်။ အခုလ နိုဝင်ဘာ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ BGF တပ်တွေဟာ KNLA တပ်မဟာ…

မွန်ပြည်နယ်မှာ စစ်ကောင်စီလက်ထက် တရားမဝင် ငါးဖမ်းဆီးမှုတွေ ပိုမိုမြင့်တက်လာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၈) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က ရေသယံဇာတ ထိန်းသိမ်းမှု မရှိတော့တဲ့အတွက် တရားမဝင် ငါးဖမ်းဆီးမှုတွေ ပိုမို မြင့်တက်လာတယ်လို့ သယံဇာတထိန်းသိမ်းနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် ကမ်းနီး၊ကမ်းဝေးတွေမှာ တရားမဝင် သံဇကာပိုက်တွေအပြင် စည်း ကမ်းမဲ့ ငါးဖမ်းဆီးမှုတွေ ပိုမို မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားမဝင်…

ဒေါက်တာဗညားအောင်မိုးကို စစ်ခေါင်းဆောင်က စည်သူဘွဲ့ ပေးအပ်

မော်လမြိုင်၊ နိုဝင်ဘာ (၁၈) စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ထမ်းဆောင်နေတဲ့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးကို အာဏာသိမ်းစစ်ခေါင်းဆောင်က စည်သူဘွဲ့ပေးအပ်လိုက်တယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ…

ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံကို စစ်ကောင်စီ ထောင်ဒဏ်နှစ် (၂၀၀​) ကျော်ချမှတ်

တောင်တွင်းကြီး – နိုဝင်ဘာ(၁၇) မကွေးတိုင်းအခြေစိုက် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနဲ့ ပြန်ကြား ရေးတာဝန်ခံကို စစ်ကောင်စီလက်အောက်ခံမကွေးခရိုင်တရားရုံးက ထောင်ဒဏ်နှစ် (၂၀၃) နှစ်ချမှတ်ခဲ့တယ်လို့ မကွေးခရိုင်တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်ခန့်(ခ) ပါလေးကို တောင်တွင်းကြီးမြို့နယ်တရားရုံးနဲ့ မကွေးခရိုင်တရားရုံးက အခုလို နှစ်ရှည်ထောင် ဒဏ်တွေချမှတ်ခဲ့တာပါ။ “မကွေးခရိုင်တရားရုံးက တစ်ရာကိုးဆယ်သုံးနှစ်နဲ့ တောင်တွင်းကြီးမြို့နယ်တရားရုံးက ဆယ်နှစ်ချလိုက်တာပါ။ လောလောဆယ် ဒေါင်းနေထောင်…