ဘန်ကောက်၊ နိုဝင်ဘာ (၂၉) 
ဆိုက်ဘာရာဇဝတ်မှုတွေ၊ လိမ်လည်လှည့်ဖျားရတဲ့ ဖုန်းခေါ်ဆိုရေး အလုပ်အကိုင်တွေနဲ့ ပြည့်တန်ဆာလုပ် ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် လာအိုနဲ့ မြန်မာနိုင်ငံကို ထိုင်းလူကုန်ကူးဂိုဏ်းတွေရဲ့ လူကုန်ကူးခံခဲ့ရတဲ့ ကင်ညာနိုင်ငံသား ၆၀ ကျော်ကို ထိုင်းနိုင်ငံက ကယ်ဆယ်ထားနိုင်ခဲ့ပါတယ်။ 

ကင်ညာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ကယ်ဆယ်ခဲ့စဉ်က စစ်ဆင်ရေးတစ်ခုကြောင့် အနည်းဆုံး ကင်ညာလူမျိုးတစ်ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။


ဟိုတယ်စီမံခန့်ခွဲမှုပညာရပ်နဲ့ ဒီပလိုမာရရှိထားတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ လစဉ် လစာ အမေရိကန်ဒေါ်လာ ၈၀၀ (ဘတ် ၂၈၅၀၀) နဲ့ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံသို့ ထွက်လာခဲ့တာဖြစ်ပြီး မထွက်ခွာမီ တစ်လအလိုမှာ သူမဟာ အေးဂျင့်ကို ပေးချေဖို့အတွက် ဒေါ်လာ ၂၀၀၀ (ဘတ် ၇၀၀၀၀)နီးပါး ချေးယူခဲ့ပြီး လေ့ ကျင့်ရေးအချိန်တိုတစ်ခု ပြုလုပ်ခဲ့ရတယ်လို့ ဘီဘီစီသတင်းဌာနကို ပြောပြခဲ့ပါတယ်။ 


သူမဟာ ထိုင်းနိုင်ငံကို ရောက်ပြီးချင်းမှာပဲ အလားတူ အလုပ်တစ်ခုအတွက် အခြားအမျိုးသမီးတစ်ဦးနဲ့ အတူ အိမ်နီးချင်းလာအိုနိုင်ငံကို ထပ်မံပို့ဆောင်ခံခဲ့ရတယ်လို့ဆိုပါတယ်။ လာအိုနိုင်ငံက အထပ်မြင့်အဆောက် အဦး တစ်ခုကို ပို့ဆောင်သူက ခေါ်ဆောင်သွားခဲ့ပြီး အဲဒါဟာ ဘယ်နေရာမှာရှိနေလဲဆိုတာတောင် မသိခဲ့ရဘူးလို့ ပြောခဲ့တာပါ။

သူမတို့ အလုပ်လုပ်ရဲ့တဲ့  ဖုန်းခေါ်ဆိုမှု အလုပ်အကိုင်ဟာ Tinder၊ Instagram နဲ့ Facebook မှတစ်ဆင့် အမေရိ ကန်တွေကို ပစ်မှတ်ထားတာဖြစ်ပါတယ်။
“သူတို့က သဘောကျချစ်ခင်လာတဲ့အခါ သူတို့ကို crypto-currency အကြောင်းပြောပြီး သူတို့ဆီကနေ ခိုးယူရမယ်” လို့ အလုပ်ရှင်က ပြောထားကြောင်း သူမက ပြန်ပြောင်းပြောပြခဲ့ပါတယ်။


အမျိုးသမီးနှစ်ဦးစလုံးဟာ ရာနှင့်ချီတဲ့ လူပေါင်းများစွာ အလုပ်လုပ်နေတဲ့ စက်ရုံတစ်ခုမှာ အတင်းအကျပ် အလုပ်ခိုင်းစေခံခဲ့ရပါတယ်။ ပထမဆုံးသဘောတူထားတဲ့ လစာကိုလည်း မရရှိခဲ့ကြပဲ နိုင်ငံခြားသားတွေကို လိမ်လည်မှု မအောင်မြင်ပါက လိင်လုပ်ငန်းလုပ်ကိုင်ဖို့နဲ့ ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါတွေကို ဖြတ်တောက် မယ်ဆိုပြီး ခြိမ်းခြောက်ခံခဲ့ရပါတယ်။


သူမတို့နှစ်ဦးဟာနောက်ပိုင်းမှာတော့ ကင်ညာပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ ဆက်သွယ်နိုင်ခဲ့ပြီး သူတို့ကို ကုလသမဂ္ဂနဲ့ ကင်ညာအာဏာပိုင်တွေရဲ့ အကူအညီနဲ့  နောက်ဆုံးမှာ  ကယ် ဆယ်နိုင်ခဲ့ပြီး အိမ်ပြန်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ 


ထိုင်းဂိုဏ်တွေဟာ ကင်ညာလူမျိုးတွေကို မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ စစ်တပ်ကို တိုက်ခိုက်နေတဲ့ လက် နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေကိုလည်း  ပို့ဆောင်ကြတယ်လို့ သိရပြီး အဲဒီနေရာဟာ မကြာသေး မီအတွင်းက မြန်မာစစ်တပ် စစ်ဆင်ရေးတစ်ခုကြောင့် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ရတဲ့ နေရာဖြစ်တယ် လို့လည်း ဆိုပါတယ်။ 


တရားမဝင်တဲ့ အလုပ်အကိုင်တွေနဲ့ပတ်သက်ပြီး အသိပညာပေးလှုံ့ဆော်မှုတွေနဲ့ အစိုးရရဲ့ ဖြိုခွင်းမှုတွေကြား ထဲကပင် ထိုင်းနိုင်ငံမှာ အဲဒီလုပ်ငန်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာနေခဲ့ပြီး ကင်ညာနိုင်ငံသား တွေ ဟာလည်း ဆက်လက်ပြီး သားကောင်ဖြစ်နေရဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရှိ ကင်ညာသံရုံးမှ တာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ ယူဂန်ဒါနိုင်ငံသား ၁၀ ဦးနဲ့ အတူ စုစုပေါင်း ဖမ်းဆီးခံရသူ (၇၆) ဦးကို သြဂုတ်လမှ စတင်ကာ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 


အာဖရိကဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ခန့်မှန်းချက်အရ တစ်နှစ်လျှင် လူငယ် ၁၂ သန်းကျော်ဟာ အာဖရိကမှာ လုပ်သားအင်အားအဖြစ် ဝင်ရောက်နေသော်လည်း တရားဝင်အလုပ်အကိုင် ၃ သန်းသာ ဖန်တီးပေးထားနိုင် တာလည်း ဖြစ်ပါတယ်။

Ref;BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.