ဝါရှင်တန်၊ နိုဝင်ဘာ (၁၈)
ဒီမိုကရက်တစ်တွေထံက အမေရိကန် အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေက ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ဆုံး ၂ နှစ်တာ အုပ်ချုပ်ခွင့်ရမယ့် သမ္မတဘိုင်ဒန်ကို ဖြုတ်ချရေး ဥပဒေရေးဆွဲမှုကို ဒီဖြစ်ရပ်က အနည်းအကျဉ်း အထောက်အပံ့ပြုသလို လွှတ်တော်အတွင်းရှိ ဥပဒေအာဏာကလည်း နှစ်ခြမ်းကွဲသွားခဲ့ပြီဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်ဟာ အောက်လွှတ်တော်ကိုယ်စားလှယ် ၄၃၅ ဦးအနက် အနည်းဆုံး ၂၁၈ဦး အနိုင်ရထားပြီး အဲဒီ ကိန်းဂဏန်းကို ဆက်လက်ထိန်းသိမ်းထားဖို့လည်း လိုအပ်နေတာပါ။
အိမ်ဖြူတော်ရှိ အာဏာရပါတီကို ပယ်ချတဲ့အထိဖြစ်စေနိုင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမေရိကန်နိုင် ငံသား မီလီယမ်နဲ့ချီမဲပေးခဲ့ပြီးတဲ့နောက် အဲဒီရလဒ်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေ အများစုအနိုင်ရခြင်းနဲ့အတူ ထိပ်တန်းရီပတ်ဘလစ်ကန် အောက် လွှတ် တော်အမတ် မက်ကာသီကို ဘိုင်ဒန်က ဂုဏ်ပြုစကားပြောကြားခဲ့ပြီး “အမေရိကန်မိသားစုတွေအတွက် ရလဒ် ကောင်းတွေထွက်ပေါ်လာနိုင်စေဖို့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ်တွေနဲ့အတူ အလုပ်လုပ်ဖို့ အဆင့် သင့်ရှိနေတယ်” လို့ ဘိုင်ဒန်က ပြောပါတယ်။
ရီပတ်ဘလစ်ကန်ဘက်မှ မဲရရှိမှုမြင့်တက်လာချိန်မှာ မက်ကာသီကတော့ “အမေရိကန်တွေဟာ လားရာ အသစ် အတွက် အဆင့်သင့်ရှိကြောင်းနဲ့ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်တွေက အဲဒီလားရာကို ဦးဆောင်ဖို့ အဆင့်သင့်ရှိကြောင်း” ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရီပတ်ဘလစ်ကန်တွေဟာ လွှတ်တော်နှစ်ရပ်စလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းကနေ အမေရိကန်ကို အနီရောင်လှိုင်းလုံးကြီးတွေနဲ့ အသစ်တဖန် ဆေးကြောနိုင်ဖို့ မျှော်လင့်ထားပေမယ့်လည်း အဲဒီအခြေအနေဟာ ဘိုင်ဒန်ရဲ့ ဥပဒေပြုရေးအစီအမံအများစုမှာ သိသာထင်ရှားတဲ့ အနှောင့်အယှက်တွေကိုသာ ဖြစ်ပေါ်စေတာ လည်း ဖြစ်ပါတယ်။
Ref;Malay Mail