ပြုံယမ်း – နိုဝင်ဘာ(၁၈) 

အမေရိကန်ရဲ့ ဒေသတွင်းလုံခြုံရေးမြှင့်တင်ဖို့ ကြိုးပမ်းမှုတွေကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန်သတိပေးတဲ့အနေနဲ့ နိုဝင်ဘာလ(၁၇) ရက်နေ့က ပဲထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ ရိုက်တာမှာဖော်ပြထာပါတယ်။ 

ပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယားရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ဝန်ဆန်ရဲ့ ကီလိုမီတာ (၂၄၀) အကွာကနေ တစ်နာရီကို (၄၇) ကီလိုမီတာ အမြန်နှုန်းနဲ့ မနက် (၁၁) နာရီဝန်းကျင်မှာ ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန်၊တောင်ကိုရီးယားနဲ့ ဂျပန် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးမှာ သုံးနိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ကတိပြုခဲ့ကြပြီး မြောက် ကိုရီးယားကတော့ ဒီအစည်းအဝေးကို ပြစ်တင်ရှုတ်ချထားတာပါ။ 

အဲဒီဆွေးနွေးပွဲမှာ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က နျူကလီးယားလက်နက်တွေကိုအသုံးပြု ပြီး အာရှမဟာမိတ်နိုင်ငံတွေကို ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ 

အမေရိကန်၊တောင်ကိုရီးယားနဲ့ ဂျပန်မဟာမိတ်(၃)နိုင်ငံရဲ့ ကျူးကျော်စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားအနေနဲ့ မထိန်းချုပ်နိုင်ပေမယ့် ပိုမိုပြင်းထန်ပြီးလက်တွေ့ဆန်တဲ့ ခြိမ်းခြောက် မှုတွေကို မလွှဲမရှောင်သာဘဲ လုပ်ဆောင်ရတော့မယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနကဆိုပါတယ်။ 

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေပိုမိုပြင်းထန်လာလေ စစ်ရေးတုံ့ ပြန်မှုတွေ ပိုမိုပြင်းထန်လာမှာဖြစ်တယ်လို့ KCNA သတင်းဌာနမှာဖော်ပြထားပါတယ်။ 

“ဒါဟာ လောင်းကစားလုပ်တာလို့ အမေရိကန်က ကောင်းကောင်းသိပြီး နောင်တရလိမ့်မယ်” လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချွန်ဆွန်ဟူ ကပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယားဟာ ဒီနှစ်ထဲမှာ စံချိန်တင်ဒုံးကျည်စမ်းသပ်မှုတွေပြုလုပ်ခဲ့သလို မကြခင်က ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယားနဲ့အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်နေချိန်မှာလည်း အမြောက်ကျည်ရာနဲ့ချီကို ပစ်လွှတ်ထားတာပါ။ 

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲက မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာကို အမေရိကန်ကဆိုထားပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုကို ပြတ်သားစွာ တုံ့ပြန်လုပ်ဆောင်မယ်လို့ သုံးနိုင်ငံပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

“ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ ပြင်းထန်တဲ့ လှုံ့ဆော်မှုတစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ကျွန်တော်တို့ တိုက်တွန်းလိုက်ပါတယ်” လို့ မဟာမိတ်သုံးနိုင်ငံက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

ဒါပေမယ့် မြောက်ကိုရီးယားကတော့ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ အမေရိကန်ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုကို တရားဝင်တုံ့ပြန်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

တောင်ကိုရီးယား ပြည်ထဲရေးရာဝန်ကြီးကတော့ မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်း ရေးအခြေအနေကို ချိန်ဆပြီး သူတို့ရြ့ နျူစမ်းသပ်မှုကို အချိန်အတိုင်းအတာတစ်ခုထိ ရွှေ့ဆိုင်း လာနိုင်တယ်လို့ ပြောပါတယ်။ 

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ဩဂုတ်လက ပြဌာန်းခဲ့တဲ့ နျူကလီးယား ဥပဒေအရ နိုင်ငံရေး သက်ရောက်မှုတချို့ကို ရရှိခဲ့တာကြောင့် နျူစမ်းသပ်မှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ မလိုသေး ဘူးလို့ သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ မစ္စတာ Kwon က ပြောထားပါတယ်။ 

ref:reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.