ဘာလီ – နိုဝင်ဘာ(၁၇)
အမေရိကန် သမ္မတနဲ့ တရုတ်ခေါင်းဆောင်တို့ရဲ့အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ဆုံမှုဟာ အပေါင်းလက္ခ ဏာဆောင်ခဲ့တဲ့အတွက် အလုံးစုံ အကျိုးဖြစ်ထွန်းစေခဲ့ပေမယ့် ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး သဘောတူညီမှုရရှိဖို့တော့ အခက်ကြုံနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၄) ရက်နေ့က တွေ့ဆုံမှုမှာ နှစ်ဖက်စလုံးက သူတို့ရဲ့ သဘောထားအမြင် တွေကို ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
G-20 ထိပ်သီးအစည်းအဝေးမတိုင်ခင် ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ (၃) နာရီကြာခဲ့ပြီး အမှန်တကယ်သတ်မှတ်ချိန်ထက် (၂) နာရီကျော်သွားခဲ့တယ်လို့သိရပြီး ဒီတွေ့ဆုံမှုဟာ (၃) နှစ်အတွင်း ခေါင်းဆောင်နှစ်ဦးရဲ့ ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်ပါတယ်။
နိုဝင်ဘာလ(၁၄) ရက်နေ့က တွေ့ဆုံမှုကြောင့် G-20 ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးမှုတွေ ကို အပြုသဘောဆောင်ခဲ့တယ်လို့ ဆိုကြပြီး ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေအနေနဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့လေ့လာသူ တွေက ဆိုကြပါတယ်။
“ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်း မဖြစ်နိုင်ဘူး၊ ကျွန်ုပ်အနေနဲ့တော့ ပိုပြီးတော့ ထိပ်တိုက် ရင်ဆိုင်တာတို့၊ ပိုပြီး ပြန်လည်သင့်မြတ်တာတို့ ကို လုပ်နိုင်မယ်ဆိုတဲ့ အခြေအနေကို ရှာမတွေ့ ပါဘူး။ သူက တည့်တည့် ပြောတဲ့ လူပဲဖြစ်တယ်။ ကိစ္စများမြောင်ရှိတဲ့အပေါ် သူက ဆွေးနွေး ညှိနှိုင်းချင်လားမေးရင်တော့ ကျွန်ုပ်က ဟုတ်တယ်လို့ ဖြေမယ်။ သူအဲ့ဒါကို နားလည်တယ် လို့ထင်ပါတယ်” လို့ ဒီတွေ့ဆုံမှုဟာ အကျိုးရှိနိုင်မလားဆိုတဲ့ သတင်းထောက် တွေရဲ့ မေး မြန်မှုကို သမ္မတ ဘိုင်ဒန်က ပြန်လည်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီရဲ့ ထိုင်ဝမ်ကို အငြင်းပွားမှုတွေကြားထဲက အလည်အပတ်ရောက်ရှိလာပြီးနောက် စူပါပါဝါ နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ ဆယ်စုနှစ်အတွင်း သိသိသာသာ ပျက်စီးသွားတာဖြစ်ပါတယ်။
Ref:CNA