ဘာလီ – နိုဝင်ဘာ(၁၇) 

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ G-20 ထိပ်သီးအစည်းအဝေးမှာ ရောက်ရှိနေတဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေဟာ နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံမှာ ရုရှားလုပ် ဒုံးကျည်ကျရောက်ခဲ့တာ ကြောင့် လူနှစ်ဦးသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးကျင်းပခဲ့ကြပါတယ်။ 

ယူကရိန်းနိုင်ငံနယ်စပ် အနောက်ဘက်(၆.၄) ကီလိုမီတာ အကွာက ပိုလန်ကျေးလက်ဒေသ အပြင် ဘက်ကို နိုဝင်ဘာလ(၁၅) ရက်နေ့က ဒုံးကျည်ကျရောက်ခဲ့ပြီး တစ်လကျော်အတွက်း ရုရှားနိုင်ငံ ကယူကရိန်းမြို့တွေကို အကြီးမားဆုံး ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အချိန်နဲ့တူတူဖြစ်တယ် လို့ သိရပါတယ်။ 

ကိုးလနီးပါးကြာနေပြီဖြစ်တဲ့ ပဋိပက္ခအတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံကို ပထမဆုံးအကြိမ်တိုက်ရိုက် ထိမှန်တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲ့ဒီဒုံးကျည်ကို ရုရှား နိုင်ငံထုတ်လို့ ဖော်ပြထားပြီး ဘယ်သူက ပစ်လွှတ်ခဲ့တယ်ဆိုတာနဲ့ ဘယ်နေရာက ပစ်ခတ်ခဲ့တယ် ဆိုတာကိုတော့ ဖော်ပြထားတာမရှိပါဘူး။ 

စစ်ပွဲမှာ နှစ်နိုင်ငံလုံးက ရုရှားလုပ်လက်နက်တွေကို အသုံးပြုတာတွေရှိနေပြီး ယူကရိန်းဟာ သူတို့ ရဲ့ လေကြောင်းရန်ကာကွယ်ရေးအတွက် ရုရှားလုပ်ဒုံးကျည်တွေကို ဖြန်ြကျက်ချထားတာပါ။ 

G-20 ထိပ်သီးအစည်းအဝေးမှာ G-7 နဲ့ နေတိုးအဖွဲ့ဝင်ခေါင်းဆောင်တွေဟာ အရေးပေါ်အစည်း အဝေးပြုလုပ်ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတင်းထောက်တွေကို ပဏာမ အချက်အလက်တွေအရ ဒုံးကျည်ဟာ ရုရှားနိုင်ငံထဲကနေ ပစ်လွှတ်တာမဖြစ်နိုင်ဘူးလို့ အကြံပြု ထားပေမယ့် စုံစမ်းစစ်ဆေးမှုမပြီးမချင်း အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ 

“ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပိုလန်ရဲ့ စုံစမ်းစစ်ဆေးမှုကို ထောက်ခံဖို့ ကျွန်တော်တို့ သဘောတူ ခဲ့ပါတယ်၊ ဒါကြောင့် ဖြစ်ပျက်ခဲ့တာကို အတိအကျ သိနိုင်စေမှာပါ၊ ကျွန်တော်တို့ စုံစမ်းစစ်ဆေး ပြီးရှေ့ဆက်လုပ်ဆောင်မယ့် အဆင့်ကို စုပေါင်းဆုံးဖြတ်သွားမယ်” လို့ ဘိုင်ဒန်ကပြောခဲ့ပါတယ်။

ဒါ့အပြင် လူနှစ်ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး စာနာတယ် လို့ဆိုခဲ့ပြီး ပိုလန်သမ္မတ ဒူဒါနဲ့ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတော်တန်ဘာ့ဒ်တို့ရဲ့ အစောပိုင်း ဆွေးနွေးမှုမှာ ခေါင်းဆောင်တွေကို အကျဉ်းချုံးပြောခဲ့တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါသေးတယ်။ 

“အသက်ဆုံးရှုံးရမှုတွေအတွက် ဝမ်းနည်းကြောင်း နှင့် နေတိုးဟာ အခြေအနေကို စောင့်ကြည့် နေ ပြီးမဟာမိတ်များနှင့် အနီးကပ် တိုင်ပင်နေကြပါတယ်။ အချက်အလက်အားလုံးကို ဖော်ထုတ် ဖို့ အရေးကြီးပါတယ်” လို့ နေတိုးအတွင်းရေးမှူးချုပ်က သမ္မတ ဒူဒါ နဲ့ ဖုန်းခေါ်ဆိုမှု အပြီးမှာ ထုတ် ပြန်ခဲ့ပါတယ်။ 

သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ပထမဆုံးအစီရင်ခံခဲ့တဲ့ ပိုလန်မီယာတစ်ခုရဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ ဆိုခဲ့ပြီး အခြေအနေတွေပိုမိုတင်းမာလာစေဖို့အတွက် တမင်ရန်စတာဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။ 

ဒါ့အပြင် ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က ပိုလန်မှာ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သူ့မှာ အချက်အလက်မရှိဘူးလို့ CNN သတင်းဌာနကို ပြောခဲ့ပါတယ်။ 

ပိုလန်ကတော့ သူတို့ရဲ့ စစ်ရေးအဆင်သင့်ဖြစ်အောင်လုပ်ဆောင်နေပြိး နေတိုးစာချုပ်ပါ ပုဒ်မ (၄) အရ မဟာမိတ်တွေနဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ပိုလန်ဝန်ကြီး ချုပ်က ပြောပါတယ်။ 

နေတိုးစာချုပ်အပိုဒ်(၄) မှာတော့ အဖွဲ့ဝင်ဘယ်သူမဆို တခြားမဟာမိတ်အဖွဲ့တွေ၊ ပြည်နယ် တွေနဲ့ ညှိနှိုင်းမှုတွေအတွက် ခွင့်ပြုထားတယ်လို့ သိရပါတယ်။ 

Ref: CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.