ရန်ကုန် – နိုဝင်ဘာ(၁၇)

အာဏာသိမ်းစစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ်၊ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ဂျပန် မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာတို့ ပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသားတွေကို နိုင်ငံချင်းသံတမန်ဆက်ဆံရေး ကိုရှေ့ရှု့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်တာလို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ ဒီနေ့နိုဝင်ဘာလ(၁၇) ရက်နေ့မှာ ကျရောက်တဲ့ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၆၀၀၀) နီးပါးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ကြေညာ ထားတာပါ။

လွတ်ငြိမ်းသက်သာခွင့်မှာပါတဲ့ အကျဉ်းသူ စုစုပေါင်း (၅၇၇၄) ဦးရှိပြီး အကျဉ်းသား (၃၁) ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့ အနုပညာရှင် (၁၁) ဦးကိုလည်း အမှုတွေပိတ်သိမ်းလိုက် တယ်လို့ ဆိုထားပြီး သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်ပြုဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာစာရင်းမှာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်လည်း ပါဝင်တယ်လို့ ကနဦး သတင်းတွေအရသိရပေမယ့် အတည်မပြုနိုင်သေး ပါဘူး။

လွတ်ငြိမ်းသက်သာနဲ့ ပြန်လွှတ်ပေးခဲ့သူတွေကို နောက်တစ်ကြိမ်ပြစ်ဒဏ်ကျူးလွန် ရင်လက်ရှိ ပြစ်ဒဏ်ကိုပါ ထပ်မံကျခံရမယ်ဆိုတဲ့ အချက်နဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.