မော်လမြိုင်၊ နိုဝင်ဘာ၊ (၁၁)
ရက်အင်္ဂလန်ပြည်တွင်းလိဂ်ဖလား တစ်ခုဖြစ်တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာ မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး မန်ယူအသင်းကတော့ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ကစားပြီးသွားတဲ့ ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ တတိယအဆင့်အပြီးမှာတော့ စတုတ္ထအဆင့်ပြိုင်ပွဲအတွက် မဲနှိုက်ရွေးချယ်ခဲ့တာပါ။
မဲနှိုက်မှုအပြီးမှာတော့ တတိယအဆင့်မှာ ချဲလ်ဆီးအသင်းကို အနိုင်ယူခဲ့တဲ့ မန်စီးတီးအသင်းဟာ စတုတ္ထအဆင့်မှာ လီဗာပူးလ်အသင်းနဲ့ ထပ်မံ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို အနိုင်ယူခဲ့တဲ့ ဘရိုက်တန်အသင်းကတော့ ချာတန်အသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ဖြစ်ပြီး ဒီရာသီမှာ ခြေစွမ်းပြကစားနေတဲ့ နယူးကာဆယ်အသင်းကတော့ ဘုန်းမောက်အသင်းနဲ့ တွေ့ဆုံနေတာပါ။
စပါအသင်းကို အနိုင်ယူခဲ့တဲ့ နောတင်ဟမ်ဖောရက်စ်အသင်းကလည်း ဘလက်ဘန်းအသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ဖြစ်ပါတယ်။
စတုတ္ထအဆင့်မဲနှိုက်အပြီးမှာတော့ ကာရာဘောင်းဖလားကို ဗိုလ်စွဲဖို့ မန်စီးတီးအသင်းက ရေပန်းစားနေတာ ဖြစ်ပြီး မန်စီးတီးအသင်းအနောက်မှာတော့ မန်ယူ၊ လီဗာပူးလ်နဲ့ နယူးကာဆယ်အသင်းတို့ အသီးသီး ရပ်တည်နေတာပါ။
ကာရာဘောင်းဖလားကိုတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းက ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်