ဘန်ကောက်၊ နိုဝင်ဘာ(၁)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေးကို တရုတ်သမ္မတ Xi Jinping တက်ရောက်မယ်လို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့ပါတယ်။
APEC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ တရုတ်နိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင်ဟာ အဲဒီထိပ်သီးအစည်းအဝေးကို “အထူး ဧည့်သည်” အဖြစ် တက်ရောက်ဖို့အတွက် တရားဝင်အတည်ပြုခဲ့ကြောင်း ထိုင်းအစိုးရပြောရေး ဆိုခွင့်ရှိသူက နိုဝင်ဘာလ ၁ ရက်နေ့ (ယနေ့) မှာ မီဒီယာတွေကို ပြောကြားခဲ့တာပါ။
ဒါ့အပြင် ပြင်သစ်သမ္မတ နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ပါ တက်ရောက်မှာဖြစ်တယ်လို့ အတည်ပြု ခဲ့ပြီး အခြား အထူးဧည့်သည်တော်တွေလည်း ပါဝင်မှာဖြစ်တယ်လု့ိ ဆိုပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ထံမှ တရားဝင်အတည်ပြုချက်ကို ထိုင်းနိုင်ငံက မျှော်လင့်ထားပြီး သမ္မတ ပူတင် ကတော့ အခုလ အစောပိုင်းမှာ တက်ရောက်မယ်လို့ တရားဝင်အတည်ပြုခဲ့ကြောင်း ထိုင်းအစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့ပါတယ်။
အခုအခါမှာ ကမ္ဘာ့APEC အဖွဲ့ဝင် ၂၁ နိုင်ငံအနက် လေးနိုင်ငံဖြစ်တဲ့ မက္ကဆီကို၊ မလေးရှား၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ဟာ ကိုယ်စားလှယ်အဖွဲ့တွေကို ဘန်ကောက်သို့ တရားဝင်စေလွှတ်ထားပြီး အစည်းအဝေးကို နိုဝင်ဘာ ၁၈-၁၉ တွင် ကျင်းပရန် စီစဉ်ထားတာပါ။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ အဲဒီ ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ပေမယ့်လည်း ဒုသမ္မတ ကမာလာ ဟာရစ်ကို ကိုယ်စားတက်ရောက်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဘိုင်ဒန်ဟာ နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မှာ ဖြစ်ပြီး အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာမယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံနဲ့ ခိုင်မာသော ကုန်သွယ်ရေး ဆက်ဆံမှုတွေကြောင့် APEC အဖွဲ့ဝင် မဟုတ်တဲ့ ဗြိတိန်နဲ့ အိန္ဒိယ တို့ဟာ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခံခဲ့ရပေမယ့်လည်း နှစ်နိုင်ငံစလုံးက တက်ရောက်မှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက APEC ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ လုံခြုံရေးအစီအမံတွေ တိုးမြှင့်လုပ်ဆောင်ဖို့ အမျိုးသားလုံခြုံရေးကောင်စီကို ညွှန်ကြားထားတာပါ။
ဗိုလ်ချုပ်ကြီး ပရာယွတ် ဦးဆောင်တဲ့ အစည်းအဝေးကျင်းပချိန်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ “အကြမ်း ဖက်အဖွဲ့တွေကို” ကို အနီးကပ် စောင့်ကြည့်ဖို့လည်း သဘောထားချ မှတ်ထားခဲ့ပါတယ်။
ဒါ့အပြင် ထိပ်သီးအစည်းအဝေးမကျင်းပခင် ထိုင်းရဲတပ်ဖွဲ့ဟာ နိုင်ငံခြားကဝရမ်းပြေးတွေကိုလည်း ဖမ်းဆီးနှိမ်နင်းသွားဖို့ရှိနေတာ ဖြစ်ပါတယ်။