ပြုံယမ်း – နိုဝင်ဘာ(၂)
မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားပြီး ဒီလုပ်ရပ်ဟာ ပြုံယမ်းအတွက် ပိုမိုအားကောင်းတဲ့ နောက်ဆက်တွဲ အစီအမံတွေကို ဖြစ်ပေါ်စေနိုင်မယ့် ရန်စမှုဖြစ်တယ်လို့ ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်နဲ့ သူ့ရဲ့ အနီးတစ်ဝိုက်က အခြေအနေတွေဟာ အာဏာရဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အပစ်အခတ်ကင်းမဲ့ပြီး မဆင်မခြင် စစ်ရေးလှုပ်ရှားမှုတွေကြောင့် ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုအဆင့်ကို ပြန်ရောက်သွားပြီလို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ကို နိုင်ငံပိုင် KCNA ရုပ်သံက ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ အောက်တိုဘာလ(၃၁) ရက်နေ့က အကြီးဆုံး ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်ခဲ့ပြီး နှစ်ဘက်စလုံဂက ရာနဲ့ချီတဲ့ စစ်လေယာဉ် တွေနဲ့ တိုက်ခိုက်မှုတွေ အချိန်ပြည့်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
ဗီဂျီလန့် စတုမ်းလို့ နာမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးကို လာမယ့်သောကြာနေ့အထိ စစ်လေယာဉ် အစီး(၂၄၀)နဲ့ ပြုလုပ်မှာ ဖြစ်တယ်လို့ အမေရိကန်လေတပ်က ပြောပါတယ်။
၂၀၁၇ ခုနှစ်နောက်ပိုင်းမြောက်ကိုရီးယားရဲ့ ပထမဆုံးအကြိမ်အဖြစ် နျူဗုံးစမ်းသပ်မှုတွေကို ပြန်လည်စတင်တော့မှာဖြစ်တယ်လို့ ယုံကြည်နေကြတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ စစ်ရေးလေ့ကျင့်မှုတွေကတဆင့် ပြုံယမ်းအစိုးရကို ဟန့်တားနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
မြောက်ကိုရီးယားဟာ သူတို့ရဲ့ အချုပ်အခြာအာဏာ၊ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ နယ်မြေစိုးမိုး ကရေးနဲ့ပတ်သက်ပြီး ပြင်ပက စစ်ရေးခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အစီအမံအားလုံးကို ဆောင်ရွက်သွားဖို့အဆင်သင့်ဖြစ်နေပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“အမေရိကန်အနေနဲ့ ပြင်းထန်တဲ့ စစ်ရေး ရန်စမှုတွေမှာ ဆက်ရှိနေရင် မြောက်ကိုရီးယားက ပိုအားကောင်းတဲ့ နောက်ဆက်တွဲ အစီအမံတွေကို ထည့်သွင်းစဉ်းစားမှာပါ” လို့ သူက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်က သူ့ရဲ့ လုံခြုံရေး အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ တိုးတက်မှုတွေကို မလို လားဘူးဆိုရင် အသုံးမဝင်ဘဲ ထိရောက်မှုမရှိတဲ့ စစ်ပွဲတွေကို တစ်ကြိမ်တည်း ရပ်တန့်သင့်သလို အဲ့ဒီလိုမဟုတ်ရင် အထျိုးဆက်တွေအတွက် အလုံးစုံ အပြစ်ပုံချရမှာပါ သူကပြောပါသေးတယ်
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်လိုတဲ့ မူဝါဒတွေကို သက်သေပြဖို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို မြောက်ကိုရီးယားက ရှုတ်ချထားပြီး ဒုံးကျည်ပစ်လွှတ်တာ၊လေကြောင်းလေ့ကျင့် မှုတွေပြုလုပ်တာနဲ့ အမြှောက်ပစ်ခတ်တာတွေကို တုံ့ပြန်တဲ့ အနေနဲ့ ပင်လယ်တွင်းလေ့ကျင့်မှုကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နတ်ခ်ပရိုက်စ်က ဆွေးနွေးပွဲတွေ ပြန်လည်ပြုလုပ်ဖို့ တောင်းဆိုထားပြီး ကိုရီးယားကျွန်းဆွယ်နျူကလီးယား လုံးဝ ကင်းစင်ရေးဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒဟာ ပြောင်းလဲဖို့ မရှိဘူးလို့ ပြောခဲ့ပါတယ်။
“ဒါဟာ ငါတို့ရဲ့ ပေါ်လစီမဟုတ်ဘူး၊ ငါတို့ရဲ့ ပေါ်လစီဖြစ်လာမလားဆိုတာ ငါ ကြိုမတွေးထား ဘူး” လို့ ပရိုက်စ်က ပြောခဲ့ပါတယ်။
Ref: CNA