မော်စကို – နိုဝင်ဘာ(၁) 

အမေရိကန် သမ္မတအနေနဲ့ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်စစ်ပွဲလို ကမ္ဘာလုံးဆိုင်ရာ ထိပ်တိုက် ရင်ဆိုင်ရမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့်အမျှော်အမြင်ရှိဖို့ မျှော်လင့်တယ်လို့ ရုရှားနိုင်ငံခြား ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ 

ကျူးဘားပဋိပက္ခမှာ ဆိုဗီယက်ယူနီယံနဲ့ အမေရိကန်တို့ရဲ့ နျူကလီးယားစစ်ပွဲနီးငပ်လာချိန်က စပြီး ရုရှားနဲ့ အနောက်အုပ်စုတို့ကြား အကြီးမားဆုံးထိပ်တိုက်ရင်ဆိုင်မှုတွေဟာ ရုရှားရဲ့ ကျူးကျော်မှုကို ဖြစ်စေခဲ့တာလို့ သိရပါတယ်။ 

အဲ့ဒီနောက် အမေရိကန် သမ္မတ ဂျွန်ကနေဒီက ဆိုဗီယက်ခေါင်းဆောင်ဟာ ကျူးဘားမှာ နျူကလီးယား ဒုံးကျည်တွေ ဖြန့်ကျက်ချထားတယ်လို့ တွေ့ရှိခဲ့ပြီး ၁၉၆၁ Bay of Pigs ကျူးကျော်မှုရှုံးနိမ့်ခဲ့ပြီးနောက် ကျူးဘားရဲ့ ပြည်နှင်ဒဏ်ခံရတဲ့ အမေရိကန် ကျောထောက် နောက်ခံပြု ကျူးဘားရဲ့ ကွန်မြူနစ်အုပ်ချုပ်မှုကို ဖြုတ်ချဖို့ ကြိုးပမ်းမှုနဲ့ အီတလီ၊တူရကီ တို့မှာ အမေရိကန် ဒုံးကျည်တွေ ဖြန့်ကျက်တာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ လက်နက်နဲ့ ခြိမ်းခြောက်ခံနေရတဲ့အတွက် ၁၉၆၂ က အဖြစ် အပျက်နဲ့ ဆင်တူနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး လာဗရော့က ရုရှားနိုင်ငံပိုင် ရုပ်သံက ဒုံးကျည် ပဋိပက္ခနဲ့ ပတ်သက်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ 

“ယနေ့ခေတ်အခြေအနေနဲ့ပတ်သက်ပြီးတော့  သမ္မတဘိုင်ဒင်အနေနဲ့ ဘယ်သူက အမိန့်ပေးတယ်၊ ဘယ်လိုဆိုတာ နားလည်ဖို့ အခွင့်အရေး ပိုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒီအခြေအနေက အရမ်းစိတ်ပျက်စရာကောင်းတယ်” လို့ လာဗရော့က ပြောခဲ့ပါတယ်။ 

၁၉၆၂ ခုနှစ်က ဆိုဗီယက်ခေါင်းဆောင်နဲ့ ကနေဒီတို့ရဲ့ ခြားနားချက်ဟာ တာဝန်ယူမှုနဲ့ ဉာဏ်ပညာ ကို ပြသဖို့ ခွန်အားကို တွေ့ရှိခဲ့ပြီး လက်ရှိဝါရှင်တန်နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ အဲ့ဒီလိုအဆင်သင့်မဖြစ်သေးဘူးလို့ လာဗရော့က ပြောပါသေးတယ်။ 

အမေရိကန်နဲ့ ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတွေက ပြီးခဲ့တဲ့ မေလတည်းက စကားပြောဆိုတာ မရှိခဲ့ဘဲ အောက်တိုဘာလ(၃၁) ရက်နေ့မှ ဖုန်းနဲ့ ပြန်လည်ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရ ပါတယ်။ 

ဆိုဗီယက်အလွန် ဥရောပရဲ့ လုံခြုံရေးနဲ့ နေတိုးစစ်မဟာမတ်အဖွဲ့အရှေ့ဘက်ကို ဖြန့်ကျက်လာမှုနဲ့ ပတ်သက်ပြီး ရုရှားရဲ့ စိုးရမ်မှုတွေကို အနောက်အုပ်စုက ဖယ်ထုတ်ထားတယ်လို့ သမ္မတဗလာဒီ မာပူတင်က ဝေဖန်ထားပါတယ်။ 

အမေရိကန်နဲ့ သူ့ရဲ့ ဥရောပ မဟာမိတ်တွေက ရုရှားရဲ့ စိုးရိမ်မှုမှာ လွန်ကဲနေပြီး ၁၉၉၁ ဆိုဗီယက် ယူနီယံပြိုကွဲပြီးနောက် မော်ကကိုက အသိအမှတ်ပြထားတဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဆိုဗီယက် အိမ်နီးချင်းဟောင်းရဲ့ ကျူးကျော်မှုဟာ မှန်ကန်တယ်ဆိုတာ သက်သေမပြနိုင်ဘူးလို့ ဆိုပါသေးတယ်။ 

ယူကရိန်းက ရုရှားတွေအားလုံးကို သူတို့ရဲ့ ပိုင်နက်က နှင်ထုတ်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ပြီး ရုရှားရဲ့ ကြီးမားတဲ့ သံခင်းတမန်ခင်းကို အတုအယောင်အဖြစ် ယူကရိန်းက ယူဆထား တဲ့နယ်ချဲ့ပုံစံနယ်မြေသိမ်းယူမှုက လွဲချော်သွားတယ်လို့ ယူကရိန်းလက်က ပြောထားပါတယ်။ 

“စေ့စပ်ညှိနှိုင်းမှုအတွက် သမ္မတ ဗလာဒီမာပူတင် အပါအ၀င် ရုရှားရဲ့ အားထုတ်မှုက မပြောင်းလဲသေးပါဘူး”  လို့ လက်ရှိ အကျပ်အတည်းမှာ ရုရှားက ဘာလုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး လာဗရော့က ပြောခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.