မသန်စွမ်း အခွင့်အရေးများဆိုင်ရာအတွက် အရင်း မပျောက် မတည်ငွေ ကျပ်(၃)ဘီလီယံ ထားရှိပြီး ထိထိ ရောက်ရောက် ထောက်ပံ့ပေးမယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြီးခဲ့တဲ့ အောက်တို ဘာ ၂၅ ရက်နေ့မှာ ပြောဆိုလာပါတယ်။ အရင်းမပျောက် မတည်ငွေကနေ တိုးပွားလာတဲ့ ရန်ပုံငွေမှ မသန် စွမ်းတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့မသန်စွမ်း အကျိုးပြုလုပ်ငန်းတွေမှာ ထောက်ပံ့သုံးစွဲ သွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီက ထောက်ပံ့ပေးသွားမယ့် အရင်းမပျောက် မတည်ငွေဟာ မသန်စွမ်းသူတွေအတွက် အမှန် တကယ် အကျိုးဖြစ်နိုင်မလား၊ လက်ရှိမှာရော မသန်စွမ်းတွေအနေနဲ့ ဘယ်လို အခက်အခဲတွေကို ရင် ဆိုင် နေရသလဲ။ စစ်တပ် အာဏာသိမ်းပြီးနောက် မသန်းစွမ်အရေအတွက် ဘယ်လောက်ထိ ထပ်တိုးလာပါ သလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မသန်စွမ်းအရေး ကူညီနေသူ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ မသန်စွမ်းသူတွေအနေနဲ့ ဘယ်လို အခက်အခဲတွေ ဆက်လက် ရင်ဆိုင်နေရပါသလဲ။
မသန်စွမ်းတွေအဓိကက စားဝတ်နေရေးပေါ့ဗျ။ စားဝတ်နေရေး၊ စီးပွားရေး အဆင်မပြေဘူးဗျ။ ဘာအလုပ်ကိုင် အခွင့်အလမ်းမှ အဆင်မပြေဘူး။ အဓိကစားဝတ်နေရေး အဆင်မပြေပါဘူး။ စားဝတ်နေရေး အဆင်မပြေတော့ လူမှုရေးနဲ့ ကျန်းမာရေးတွေပါ အဆင်မပြေဘူး ဖြစ်သွားတာပေါ့လေ။ ဘယ်တော့ပြန်ကောင်းမလဲ မျှော်လင့် ချက်က နည်းနည်းလေး ပိုပြီးတောစဉ်းစားစရာ ဖြစ်နေတယ်ဗျ။ ကျွန်တော်တို့က ခါးစည်းတော့ ခံနေရတာပေါ့ ဗျာ။ ငွေဈေးတွေမငြိမ်တာတို့ ၊တိုင်းပြည် အခင်းအကျင်းက အဓိကက အခြေခံစားသုံးကုန်တွေလည်း တက်နေ တာ။ ပြန်မကျတော့ ကျွန်တော်တို့က ဝင်ငွေက အဆင်မပြေတော့ ကျွန်တော်တို့ ခါးစည်းခံနေရတယ်။ စိတ်ပိုင်း ဆိုင်ရာတွေ တော်တော်အဆင်မပြေဘူးဖြစ်တာ။ အဓိက ဘယ်လောက်ကြာဦးမလဲ။ ရင်ဆိုင်ရမလဲ မသိဘူး။ ၂၀၂၃လည်း ဘယ်လောက် အတိုင်းအတာလာဦးမလဲ မသိဘူး။ နောက်နေ့ ဘာဖြစ်မယ် ။ နောက်ရက်ဘာဖြစ် မလဲ တွက်ရချက်ရ အဆင်မပြေတဲ့ကာလဖြစ်နေတယ်အဲ့လိုမျိုးပေါ့။
-ပြီးခဲ့တဲ့ ရက်ပိုင်းက ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မသန်စွမ်းတွေ အခွင့်အရေး အတွက် အရင်း မပျောက် မတည်ငွေ ကျပ်(၃)ဘီလီယံ ထားရှိပြီး ထောက်ပံ့ပေးသွားမယ်လို့ ပြောလာတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လို မြင်လဲ။
အရင်ကာလတွေတည်းက အရင်းမပျောက်မတည်ငွေပေါ့။ အဲဒီတော့ ၃ဘီလီယံက အရင်ကလုပ်ခဲ့ပြီးတာ။ ရှိပြီးသား ဘတ်ဂျတ်ပေါ့နော်။ အဲ ဒါကိုမဆိုင်တဲ့သူကို ဝေမျှပေးလိုက်တာ မဟုတ်ဘူး။ သူကတိုးပွားအောင် အကျိုးအမြတ်ပွားမှ ကျန်တဲ့ ပွားလို့ရတဲ့သူက ဝေမျှပေးတဲ့သဘောမျိုးဗျ။ ၃ဘီလီယံဆိုတာက ကျွန်တော်တို့ မသန်စွမ်းတွေဆီတော့ လက်ရှိမရောက်သေးဘူး။သူတို့ ငွေကြေးဝန်ဆောင်မှုအဖွဲ့တွေနဲ့ ချိတ်တာတို့ ငွေကြေး ခိုင်ခံ့မှုတွေအများကြီး ပေါ်လစီသုံးမယ်ဆိုတော့ ကြာနိုင်သေးတယ်။ ချက်ချင်းတော့ ကျွန်တော်တို့မရသေးဘူး အဲဒါလေ။
-ဒီ အရင်း မပျောက် မတည်ငွေ ကျပ်(၃)ဘီလီယံဟာ မသန်စွမ်းတွေရဲ့ အခက်အခဲတွေကို အမှန်တကယ် ဖြေရှင်းနိုင်ပါသလား။ ဘယ်လို မြင်ပါသလဲ။
အဲဒါရခဲ့ရင်တောင် ကြာဦးမယ်။ အနည်းဆုံးနှစ်ချီဦးမယ်။ ကြာဦးမယ်။ အဲ့ဒါသေချာတယ်။ အနည်းဆုံး ၆လ လောက်ကြာနိုင်မယ်။ အဲ့ဒါ တစ်ချက်။ နောက်တခုက ရခဲ့ရင်တောင်မှ လုံလုံလောက်လောက် ရဖို့ တော့ မ လွယ်ဘူးထင်တယ်။ နိုင်ငံတကာကလည်း ဘယ်ကမှလုံလုံလောက်လောက် ပြည့်ပြည့်စုံစုံ ထောက်ပံ့နိုင်တာ မရှိဘူးပေါ့လေ။ လုံလုံလောက်လောက်ရမယ်လို့ ကျွန်တော်တော့ သိပ်မထင်ဘူးဗျ။ ဒါပေမယ့်မရတာထက် စာရင် ကျွန်တော်တို့မျှော်လင့်ချက်ရှိတာပေါ့။ အတိုင်းအတာတစ်ခုထိတော့ ကျွန်တော်တို့ရမယ်ထင်ပါတယ်။
-လက်ရှိမှာရော မသန်စွမ်းသူတွေမှာ ဘာလိုအပ်ချက်တွေ ရှိနေလဲ။ မြေပြင်မှာ သူတို့အတွက် ဘယ်လို အကူအညီတွေ လိုအပ်နေပါသလဲ။
လက်ရှိကတော့ ခုဏက ကျွန်တော်ပြောခဲ့တယ်။ အလုပ်အကိုင် အခွင့်အလမ်း အဓိက အခက်အခဲရှိတယ်။ အလုပ်အကိုင် အခွင့်အလမ်း အခက်အခဲရှိတော့ ဖြေရှင်းဖို့ ကျွန်တော်တို့က အသက်မွေးဝမ်းကျောင်းတွေ ဘာတွေတော့ တတ်နိုင်သလောက်တော့ လုပ်တာပေါ့ ။ အဲဒီတော့အလုပ်အကိုင်အခွင့်အလမ်း အဓိက အခက်အခဲရှိတယ်။
-ဒီအာဏာသိမ်းကာလအတွင်း မသန်စွမ်းသူ အရေအတွက် ဘယ်လောက်ထိ ထပ်တိုးလာပါသလဲ။
သိတဲ့အတိုင်းပဲ ပြည်သူတွေက မြေစာပင်ပဲ။ မသန်စွမ်းတွေမြင့်လာတာတော့ အကြမ်းဖျဉ်းသေချာတယ်ဗျ။ အဲ့ဒါတော့သေချာတယ်။ဘယ်လောက်အတိုင်းအတာမြင့်လဲကျွန်တော်မသိဘူး။ဘယ်လောက်အတိုင်းအ တာထိ တက်လာလဲ ကိန်းဂဏန်းအရ ကျွန်တော်မသိနိုင်ဘူး။
မသန်စွမ်းတွေအကြောင်းအမျိုးမျိုးကြောင့် ရှောင်တိမ်းနေရတာတွေ ကျွန်တော်သိတယ်။ ကျွန်တော်စိတ်မ ကောင်းဘူးဗျာ။ အဲဒါမျိုးတွေ ကျွန်တော်ကြားသိနေရတယ်။ ဒီတော့ လက်ရှိအနေအထားကတော့ မသန်စွမ်း တွေကတော့ အခက်အခဲတွေ တော်တော်လေး ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့က ဘယ်သူ့အကူအညီ တောင်းရမလဲ မသိ အဲ့လိုမျိုးတွေ အမျိုးမျိုးတော့ရှိနေတာပေါ့။ ပြောတော့ ပြောနေကြတယ်။ သူတို့တွေလုပ် နေတာ။ ဒါပေမယ့် မြေပြင်အထိ အောင်တော့ မရှိသေးဘူး။ကျွန်တော်တို့ ပုဂ္ဂလိကအဖွဲ့အစည်းတွေ အတွက်ပဲ တစ်နိုင်တပိုင်ပဲ လုပ်နေတယ်။ လိုအပ်ချက်နဲ့ ပံ့ပိုးပေးနိုင်တာတွေကတော့ ကွာနေတယ်။ အဲ့လိုဖြစ်နေတာ ပေါ့။
-နောက်ဆုံးအနေနဲ့ အရင်းမပျောက် မတည်ငွေ ကျပ်(၃)ဘီလီယံ အပါအဝင် မသန်စွမ်းသူတွေ အခွင့်အရေး တွေနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။
ကျွန်တော်ယူဆတာကတော့လေ။ အဲဒီ အစည်းအဝေးကတော့ မဖြစ်ပါဘူး။ ၃ဘီလီယံအရင်း မပျောက်မူဝါဒ ရှိတော့ တိုးပွားအောင်လုပ်မယ်ပေါ့။ အဓိက ၃ဘီလီယံကို လည်ပတ်မှာတော့ မဟုတ်ဘူး။ PROCESS ကတော့ နည်းနည်း အချိန်ကြာနိုင်တယ်။ အဲဒါရခဲ့ရင် ဘယ်လိုကူညီပံ့ပိုးပေးနိုင်မလဲ လုပ်ငန်းစဉ်တွေလုပ်ရပြီ။ အဲဒါရကာ မှ လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ တောက်လျှောက် ထိုင်စောင့်နေရမယ်ဆိုတော့ကြားထဲမှာ ဘာလုပ်နေ ရမလဲဆိုတာ စဉ်းစားပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။