ဟောင်ကောင်၊နိုဝင်ဘာ(၁) 

တရုတ်အစိုးရဟာ ကမ္ဘာအကြီးဆုံးလောင်းကစားရုံတွေမှာ လာရောက်ကြမယ့် ဧည့်သည်တွေအတွက် ဗီဇာ စည်းကမ်း ဖြေလျော့ကြောင်း ကြေငြာထားပေမယ့်လည်း  မကာအိုအာဏာပိုင်တွေကတော့  တင်းကျပ်တဲ့  ကိုဗစ် ၁၉ ကန့်သတ်ချက်တွေကို ပြန်လည် ပြဌာန်းခဲ့ပါတယ်။ 

မကာအို အာဏာပိုင်တွေဟာ MGM China ပိုင်ဆိုင်သော MGM Cotai ကာစီနိုအပန်းဖြေစခန်းကို ပိတ်ထားပြီး ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို နိုဝင်ဘာ ၁ ရက်အထိ အဲဒီနေရာအတွင်းမှာ နေထိုင်ဖို့ အမိန့်ပေးခဲ့တာပါ။

မကာအိုမှာ နေထိုင်သူဦးရေ ၇ သိန်းကို အချိန်ကာလတစ်ခုအတွင်း လျင်မြန်တဲ့ အာတီဂျင် စစ်ဆေးမှုတွေကို နေ့စဉ်ပြုလုပ်ဖို့လည်း  ညွှန်ကြားထားပါတယ်။ 

ဒီလို မကာအိုအုပ်ချုပ်ရေးဘက်မှ ကိုဗစ်ကန့်သတ်ချက်ကြောင့် ကာစီနိုတွေကို ပိတ်ပင်တားဆီးခြင်းဟာ ၂ နှစ် ကျော်ကြာ ရုန်းကန်နေရတဲ့  အော်ပရေတာတွေကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်စေလိုတဲ့ တရုတ်ရဲ့ လို လားချက်ကို  ထိုးနှက်စေပြီး လစဉ်ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနေရတဲ့ အခြေအနေမျိုးကို ရင်ဆိုင် နေရ တာ ဖြစ်ပါတယ်။ 

မကာအိုမှာတော့ ပြီးခဲ့သည့် သီတင်းပတ်အထိ ၃ လကျော် ဗိုင်းရပ်စ်ကင်းစင်ခဲ့တာပါ။ 

အခုလိုလျင်လျင်မြန်မြန် သတ်မှတ်ပြဌာန်းလိုက်တဲ့ ကန့်သတ်ချက်တွေကြောင့် တရုတ်အထူးအုပ်ချုပ်ရေးဒေသ မကာအိုရှိ လောင်းကစားလုပ်ငန်းတွေက ရရှိတဲ့ ဝင်ငွေတွေနဲ့  အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ရရှိ မယ့် အကျိုးအမြတ်တွေကို မရရှိပဲ ဆုတ်ယုတ်မှုတစ်ခုဖြစ်လာနေပါတယ်။

MGM China ကတော့ အဲဒီအခြေအနေအတွက် မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ခြင်းခဲ့ပါဘူး။

မကာအိုကို ခရီးသွားလာမှု အလားအလာမှာ ပိုမိုကောင်းမွန်လာပေမယ့်လည်း ပြည်မကြီးမှာ နေထိုင်သူ တွေ ဟာ ပေါ်တူဂီကိုလိုနီဟောင်းဖြစ်ခဲ့ဖူးတဲ့ အဲဒီဒေသကို ခရီးသွားဖို့ နိုဝင်ဘာ ၁ ရက်က စပြီး အွန်လိုင်း ဗီဇာ စနစ်ကို အသုံးပြုနိုင်ကြောင်း တရုတ်လူဝင်မှုကြီးကြပ်ရေးဗျူရိုက တနင်္လာနေ့မှာ  ပြောကြားခဲ့ပါတယ်။

COVID-19 ကန့်သတ်ချက်များကြောင့် လွန်ခဲ့တဲ ၂ နှစ်ခွဲအတွင်း လူကိုယ်တိုင် လျှောက်လွှာ တင်ဖို့ လိုအပ် ပေမယ့်လည်း မကာအိုမှာ လက်ရှိ COVID အခြေအနေ တည်ငြိမ်နေပြီး မြို့ကို လာရောက်လည်ပတ်ဖို့ E visa တောင်းဆိုမှု တိုးလာတာကြောင့်  ခွင့်ပြုပေးနိုင်ဖို့ သက်ဆိုင်ရာ အစိုးရက ဆုံးဖြတ်ခဲ့တယ်လို့ တရုတ်လူဝင်မှု ကြီးကြပ်ရေးတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

အခု သီတင်းပတ်အစောပိုင်းမှာ မကာအိုရှိ ကာစီနိုလုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိတွေက လုပ်ငန်းလိုင် စင်အသစ်နဲ့ သက်ဆိုင်တဲ့  ဆုံးဖြတ်ချက်ကို ချမှတ်သွားမယ်လို့လည်း သိရပါတယ်။

မကာအိုရဲ့ ကာစီနိုအပန်းဖြေစခန်းများမှာ  – Sands China , Wynn Macau , Galaxy Entertainment,  MGM China, Melco Resorts နှင့် SJM Holdings တို့ ဖြစ်ကြပြီး အဲဒီလုပ်ငန်းတွေဟာ – ၂၀၂၃ ခုနှစ်မှာ  ဆက်လက်လည်ပတ်နိုင်စေဖို့ လိုင်စင်အသစ်တွေ ပေးအပ်ခြင်းရှိမရှိနဲ့ ပတ်သက်ပြီး မကာအိုအုပ်ချုပ်ရေးရဲ့ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေပါတယ်။

လိုင်စင်အသစ်ကို မရရှိတဲ့ ကာစီနိုတွေဟာ သူတို့ရဲ့ အဆောက်အအုံတွေကို အစိုးရထံ ပြန်လည်ပေးအပ်ရမှာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.