မနီလာ၊ နိုဝင်ဘာ(၁)

ဖိလစ်ပိုင်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် သေဆုံးသူ ၉၈ ဦးအထိ မြင့်တက်လာခဲ့ ကြောင်း ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးအန္တရာယ်အေဂျင်စီက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ (အောက်တိုဘာလ ၂၈) ရက်နေ့ က ဖိလစ်ပိုင် တောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ရွာတွေ အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း နာလ်ဂေး ကြောင့် ရေလွှမ်းမိုးမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှုတွေကြောင့် အသက်သေဆုံးသူတွေလည်း ရှိခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုကျွန်းကို နှစ်စဉ်ဝင်ရောက်တိုက်ခတ်လေ့ရှိတဲ့ တိုင်ဖွန်းမုန်တိုင်း ၂၀  ထက်မနည်းရှိ ပေမယ့်လည်း အဲဒီဒေသကို ရောက်ရှိတဲ့  မုန်တိုင်းတွေဟာ  နိုင်ငံအလယ်ပိုင်းဒေသတွေထက် လူသေဆုံးမှုတွေ ကို ပိုမိုဖြစ်ပေါ်စေပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ အမျိုးသား သဘာဝဘေးအန္တရာယ်အေဂျင်စီရဲ့ ပြောကြားချက်အရ လူပေါင်း ၆၃ ဦး ပျောက်ဆုံး နေဆဲဖြစ်ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မှတ်တမ်းတင်ထားပြီး သေဆုံးသူအရေအတွက် အခုထက် မြင့်တက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်စာ မင်ဒါနာအိုပြည်နယ်ရှိ ပျက်စီးဆုံးရှုံးခဲ့တဲ့ ကူဆီအွန် Kusiong ရွာမှ သေဆုံးသူ တွေရဲ့  ရုပ်အလောင်းတွေကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတယ်လို့ ဆိုပါတယ်။

ကူဆီအွန် ကျေးရွာ Kusiong ဟာ ကြီးမားတဲ့  မြေပြိုမှုကြောင့် နစ်မြုပ်ခဲ့ရပြီး လှပတဲ့ တောင်ထိပ်တွေအဖြစ်ကနေ ကြီးမားတဲ့ အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ရတာပါ။

တစ်ချိန်တည်းမှာပဲ အသက်ရှင်ကျန်ရစ်သူတွေကလည်း  ပျက်စီးသွားတဲ့ အိမ်တွေကို  ကြေကွဲဝမ်းနည်းစွာနဲ့ သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့ကြရပါတယ်။

ရေလွှမ်းမိုးမှုတွေကြောင့် ကျေးရွာတွေ ရေနစ်မြုပ်ပြီး ကောက်ပဲသီးနှံတွေပျက်စီးကာ နိုင်ငံအနှံ့ ဒေသအများ အပြားမှာလည်း လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာကြီးပူနွေးလာတာနဲ့ အမျှ အသက်အန္တရာယ် ခြိမ်းခြောက်နေတနဲ့ မုန်တိုင်း တွေကလည်း  ပိုမိုအားကောင်းလာတယ်လို့  သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.