ထီးလင်း – နိုဝင်ဘာ(၁)

မကွေးတိုင်း ထီးလင်းမြို့နယ် ကျားခဲကျေးရွာကို အင်အား(၁၀၀) ဝန်ကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ခဲ့လို့ ပြည်သူပိုင်နေအိမ် (၁၄) လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ကသံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ကျားခဲ ကျေးရွာကို ဒီနေ့ နိုဝင်ဘာလ(၁) ရက်နေ့ မနက်အစောပိုင်းက မီးရှို့ ဖျက်ဆီးခဲ့တာပါ။

ကျားခဲရွာကို မီးရှို့ပြီးနောက်စစ်ကောင်စီတပ်သားတွေဟာ ပါးမျဉ်းရွာဘက်ကို ပြန်လည်ထွက်ခွာ သွားတယ်လို့ ဆိုကြပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ ရှိမရှိကိုတော့ မသိရ သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ အနီးတဝိုက်က ဆိုင်ကယ်အစီး(၃၀)လောက်ကို မီးရှို့တာ အပြင် နွားတင်းကုပ်တွေကို မီးရှို့တာတွေလုပ်ခဲ့သေးတယ်လို့ သူက ပြောပါသေးတယ်။

စစ်ကောင်စီတပ်ဟာ မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ကို စစ်ကြောင်းထိုးတာတွေ ပြုလုပ် ကာ ပြီးခဲ့တဲ့ (၄) ရက်အတွင်း ပြည်သူပိုင်နေအိမ်(၃၀၀) ဝန်းကျင်ထိမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အောက်တိုဘာ လနောက်ဆုံးပတ်အတွင်းထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၃၀)ဝန်းကျင်သေဆုံးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်မ်း

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.