October 2022

လက်စတာအသင်း ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး နိုင်ပွဲရ

မော်လမြိုင်၊ စက်တင်ဘာ (၄) လက်စတာအသင်းဟာ ဒီနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉) လက်ကျန် ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ဂိုးပြတ်အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး နိုင်ပွဲစရခဲ့တာပါ။ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲ ကစားပြီးတဲ့အထိ နိုင်ပွဲမရသေးတဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာအသင်းဟာ ဒီပွဲမှာ နော်တင်ဟမ်ဖောရက်စ်ကို ပြိုင်ပွဲတလျှောက် အကောင်ဆုံး ဖိအာပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာ ဂိုးပြတ်နိုင်ပွဲရခဲ့တာပါ။…

ရွေးကောက်ပွဲမနိုင်လို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနေရာက ဦးသန်းဌေးနုတ်ထွက်တာလို့ဆို

နေပြည်တော် – အောက်တိုဘာ(၄) ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဟောင်းဦးသန်းဌေးက ပြန်လည်ရွေးချယ်မယ့် ပါတီ ဥက္ကဋ္ဌနေရာအတွက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ဒီနေ့ အောက်တိုဘာလ(၄) ရက်နေ့မှာ ကျင်းပနေတဲ့ ပါတီညီလာခံမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ပါတီမှာ တာတန်ထပ်မံထမ်းဆောင်ဖို့ ဆုံးဖြတ်ခဲ့တာဟာရွေးကောက်ပွဲအောင်နိုင်အောင် ဦးမဆောင် နိုင်တာ၊ပါတီဝင်(၂)ထောင်ကျော် အသတ်ခံရတာအတွက်ထိရောက်တဲ့ အကာအကွယ်မပေးနိုင်တာနဲ့ (၇) နှစ်ကြာ ခံစားနေရတဲ့ ခါးနာဝေဒနာကို ခွဲစိတ်ကုသရမှာဖြစ်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ အနားယူဖို့ ဆုံးဖြတ်လိုက်တာဟာ လူမှုကွန်ရက်ပေါ်က…

“အပြစ်မဲ့ ရဟန်းရှင်လူ ၃၆၀၀ ခန့်ကို NUG/PDF အဖွဲ့က တောတွင်းဥပဒေကျင့်သုံးပြီး သတ်ဖြတ်ထား” ဆိုတဲ့ သတင်းအမှား

အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့” အပြစ်မဲ့ ရဟန်းရှင်လူ ၃၆၀၀ ခန့်ကို NUG/PDF အဖွဲ့က တောတွင်းဥပဒေကျင့်သုံးပြီး သတ်ဖြတ်ထား”ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ…

ဟိုင်ဂျပ် ဝတ်ရမယ်ဆိုတဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုကြောင့် နိုင်ငံမတည်ငြိမ်ဖြစ်လာနိုင်တယ်လို့ အီရန်အရှာရှိတွေ သတိပေး

တီဟီရန်၊ အောက်တိုဘာ (၄) ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားစဉ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေဟာ နိုင်ငံကို မတည်ငြိမ် ဖြစ်လာစေတယ်လို့ အီရန်ပါလီမန်လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့ပြီး အန္တရာယ်ဖြစ်စေတဲ့သူတွေကို ပြင်းထန်စွာ ကိုင်တွယ်ဖို့ လည်း တိုက်တွန်းခဲ့ပါတယ်။ တီဟီရန် မြို့တော်မှာ အသက်(၂၂) နှစ်အရွယ် အမျိုးသမီးကို ကျင့်ဝတ်စောင့်ကြည့်ရေးရဲ တပ်ဖွဲ့က ဘာသာရေးနဲ့ မကိုက်ညီ တဲ့ ဝတ်စားဆင်ယင်ပုံကို…

ထိုင်းဝန်ကြီးချုပ် ပရာရွတ် က အနာဂတ်အကြောင်း အနာဂတ်မှ ပြောတာပေ့ါ လို့ ပြောဆို

ဘန်ကောက်၊ အောက်တိုဘာ (၄) အနာဂတ်နိုင်ငံရေးဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း နဲ့ ပတ်သက်တဲ့ မီဒီယာတွေရဲ့ မေးမြန်း ချက်ကို “အနာဂတ်ဟာ အနာဂတ်ပေ့ါနော်”လို့ ထိုင်းဝန်ကြီးချုပ် ပရရွတ်ချန်အိုချာ က ပြောဆိုခဲ့ ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ချက်အရ ပရာရွတ်ရဲ့ သက်တမ်းဟာ ၂၀၂၅ ခုနှစ် ဧပြီလ(၅) ရက်နေ့မှာ အဆုံးသတ်မှာပါ။ တရားရုံးဆုံးဖြတ်ချက်အရ အာဏာရဖလန်ဖရာချရတ်ပါတီဟာ ပရာရွတ်ကိုဝန်ကြီးချုပ်လောင်း…

အာဏာသိမ်းခေါင်းဆောင်က အသက်အန္တရာယ်အာမခံပြီးနောက် ဘာကီနာဖာဆိုသမ္မတရာထူး က နုတ်ထွက်

အာဏာသိမ်းခေါင်းဆောင်က အသက်အန္တရာယ်အာမခံပြီးနောက် ဘာကီနာဖာဆိုသမ္မတရာထူး က နုတ်ထွက် ဝါဂါဒူဂူ – အောက်တိုဘာ(၄) ဘာကီနာဖာဆိုစစ်ခေါင်း ကပ္ပတိန်အီဘရာဟင် ထရာအိုရီရဲ့ အာဏာသိမ်းမှုအပြီးနောက်ထပ် အကြမ်းဖက်မှုတွေကိုရှောင်ရှားဖို့အတွက် သမ္မတဒါမီဘာ ဟာ ကမ်းလှမ်းထားတဲ့ အခြေအနေ အတိုင်း ရာထူးက နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ပြန်တဲ့ သဘောတူညီချက်အရ စစ်ခေါင်းဆောင် ထရာအိုရီ ဟာ သမ္မတ ဒါမီဘာရဲ့…

လာမယ့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် စစ်ကောင်စီအနေနဲ့ ဘာတွေ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေပြီးလဲ။ မွန်ပြည်နယ်တဝန်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုအပေါ် ပြည်နယ်စစ်ကောင်စီက အရေးယူဖို့ ရှိပါသလား၊ ခြိမ်းခြောက် ငွေကြေးတောင်းခံနေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ ဘာကြောင့် ခက်ခဲနေတာလဲ။ ဘတ်ဂျက်ငွေသုံးစွဲမှုကို ပြည်သူထံ ချပြသွားဖို့ ရှိပါသလား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

လာမယ့် ရွေးကောက်ပွဲအတွက် ဘာတွေ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေပြီးလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး လောလောဆယ်တော့ အစိုးရအနေနဲ့ ဘာမှမရှိသေးဘူခင်ဗျ။ အစီအစဉ် ဘာမှမလုပ်သေးဘူး။ ကော်မရှင်အဖွဲ့ကတော့ လုပ်ရမယ့် လုပ်ငန်းတွေ လုပ်နေတာပေါ့နော်။ ကော်မရှင်နဲ့အတူ လ.ဝ.က လည်း လုပ်နေတဲ့ကိစ္စတွေ ရှိတယ်။ အစိုးရအဖွဲ့အနေနဲ့တော့ ဘာမှ မလုပ်သေးဘူး။ အခုနောက်ပိုင်း မွန်ပြည်နယ်တစ်ဝန်းမှာ ယာဉ်ထိန်းရဲတွေ မပါဘဲ စစ်တပ်နဲ့…

စစ်အာဏာသိမ်း (၆၁၀) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၃၂ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၄) AAPP ၏ အောက်တိုဘာ (၃) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၆၁၀ )အတွင်း ပြည်သူ (၂၃၃၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၇၄၄ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၅၃) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင်…

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ ငြိမ်းချမ်ရေး ဆွေးနွေးရာမှာ ပင်လုံကတိကဝတ် အကောင်အထည်ဖော်ဆောင်ဖို့ ၊ ဗမာပြည်နယ် ဖွဲ့စည်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ အပါအဝင် အချက် ၄ ချက် တင်ပြဆွေးနွေးခဲ့တာပါ။ SSPP ပါတီဘက်က တင်ပြချက်တွေအပေါ် စစ်ကောင်စီဘက်က ဘယ်လို သဘောထားပေးလာပါသလဲ။ ဗမာပြည်နယ် ဖွဲ့စည်းဖို့ တင်ပြမှုကိုရော လက်ခံပါသလား၊ ဒီတွေ့ဆုံ ဆွေးနွေးပွဲတစ်ခုကို ဘယ်လို မြင်ပါသလဲ။ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုနဲ့ ဆက်သွယ်မေးမြန်းချက်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က စစ်ကောင်စီနဲ့ တွေ့ဆုံစဉ် ပင်လုံကတိကဝတ် အကောင်အထည် ဖော်ဖို့ အပါအဝင် အချက် ၄ ချက် တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ စစ်ကောင်စီဘက်က ဘယ်လို ပြန်ဆွေးနွေးတာ ရှိလဲ။ သူတို့ ဆွေးနွေးတာက ဖွဲ့စည်းပုံ အစားထိုးတဲ့ ပုံစံတော့မရဘူး၊ အခန်းရွေ့တာမျိုးလည်း မရဘူးပေါ့။ အခန်းလိုက် ဇယားလိုက်နဲ့ပဲ အဲ့လိုမျိုး ဆွေးနွေးသွားရင်တော့ ရတယ်…

မော်လမြိုင်မှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး လောင်းကစားဝိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာ

မော်လမြိုင်၊ အောက်တိုဘာ (၄) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်း ဦးစီးသူတွေက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး လောင်းကစားဝိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ မော်လမြိုင်မြို့ခံတွေကို နိုင်ငံရေးအာရုံမရစေဖို့ ရည်ရွယ်ချက်နဲ့ လောင်းကစားဝိုင်းတွေကို တရားဝင်နီးပါး ဖွင့်လှစ်ခွင့်ပြုထားသလို အရပ်သားတွေကိုလည်း ငှားရမ်းပြီး လက်နက်တွေနဲ့ အစောင့်သဘောမျိုး ထားရှိထားတယ်လို့…