ယူကရိန်းမှာ စစ်ဘက်ဆိုင်ရာ ဇီဝဗေဒအစီအစဉ်တွေ ကျန်ပြန့်စွာ ပူးပေါင်းကြံစည်မှုတွေ ရှိနေ တယ်လို့ အမေရိကန်က ထပ်မံစွပ်စဲခဲ့တာပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အချိန်တွေကို ဖြုန်းတီးခဲ့တဲ့အတွက် အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဇီဝလက်နက် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရုရှားက လုံခြုံရေးကောင်စီမှာ အနည်းဆုံး နှစ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး အမေရိကန်နဲ့ ယူကရိန်းတို့က သူတို့မှာ ဇီဝလက်နက်အစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
လက်ရှိမှာတော့ ရုရှားက တရားဝင်စုံစမ်းစစ်ဆေးဖို့ တွန်းအားပေးနေပြီး သူရဲ့ ပြောဆိုချက်တွေ ကိုစုံစမ်းစစ်ဆေးဖို့ ကောင်စီအဖွဲ့ဝင်(၁၅) ဦးနဲ့ဖွဲ့ထားတဲ့ ကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မူကြမ်းရေးဆွဲထားပါတယ်။
ဗြိတိန်ကုလသမဂ္ဂသံအမတ်ကြီး ဘာဘရာဝူးဝေါထ်ဒ်က ကောင်စီကို ဒီအဓိပ္ပါယ်မရှိတဲ့ အမှား တွေကို ဘယ်လောက်သည်းခံရမှာလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
၁၉၇၅ ခုနှစ်က စတင်အသက်ဝင်ခဲ့တဲ့ ဇီဝလက်နက်ကွန်ဗင်းရှင်းမှာတော့ တစ်ခါမှတောင်းဆို တာမရှိခဲဘဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ရုရှားရဲ့ စွပ်စွဲချက်တွေဟာ သက်သေမရှိဘဲ ပျက်စီးစေဖို့ ဖန်တီးမှုတွေသာဖြစ်တယ်လို့ ဆိုပါ တယ်။
ယူကရိန်းမှာ ဇီဝလက်နက်အစီအစဉ်တွေကို သတိမထားမိဘူးလို့ ကုလသမဂ္ဂလက်နက်ဖျက် သိမ်းရေးအရာရှိတွေက အရင်တည်းက ပြောဆိုထားကြပြီး ရုရှားရဲ့အိမ်နီးချင်းယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ရှစ်လကြာစစ်ပွဲနဲ့ ပတ်သက်ပြီး သမ္မတဗလာဒီမာပူတင်က နောင်တ ရတာမရှိဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပြောဆိုခဲ့ပါတယ်။
ဇီဝလက်နက်ဆိုင်ရာ အဆိုပြုချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တစ်ရပ်ကို တင်သွင်းဖို့ ငြင်းခုံနေစဉ် ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးက “ငါတို့ ဒီလောက်နုံအတယ်လို့ မင်းတကယ်ထင်လား” လို့ ကောင်စီကို ပြောခဲ့ပါတယ်။
ဒါ့အပြင် ” ပင်တဂွန်က ယူကရိန်းမှာရှိတဲ့ သူတို့ရဲ့လျှို့ဝှက်ဇီဝလက်နက် အစီအစဉ်တွေအ ကြောင်း ကုလသမဂ္ဂရဲ့ လက်နက်ဖြုတ်သိမ်းရေးရုံးရဲ့ အဆင့်မြင့်ကိုယ်စားလှယ်ထံ အကြောင်း ကြားမယ်လို့ ခင်ဗျားတကယ်ထင်နေတာလား” လို့ သူကပြောခဲ့တာပါ။
ရုရှားက ဒီဆုံးဖြတ်ချက်မူကြမ်းကို ဘယ်အချိန်မှာ မဲခွဲဆုံးဖြတ်မှာကို ရှင်းရှင်းလင်းလင်းမသိရ သေးဘဲ ဆုံးဖြတ်ချက်တစ်ခုမှာ ထောက်ခံမဲ(၉)မဲလိုအပ်ပြီး ရုရှား၊တရုတ်၊အမေရိကန်၊ပြင်သစ် နဲ့ ဗြိတိန်တို့ရဲ့ ဗီတိုအာဏာကို အသုံးပြုလို့ရမှာမဟုတ်ဘူးလို့ သိရပါတယ်။
အမေရိကန်က ထောက်ပံ့ထားတဲ့ ယူကရိန်းဇီဝလက်နက်ဓာတ်ခွဲခန်းမရှိဘူးလို့ သောမက်စ်ဂရင်း ဖီးလ်က ပြောခဲ့ပြီး ယူကရိန်းနိုင်ငံမှာ တခြားနိုင်ငံတွေလို ကူးစက်ရောဂါတွေ ကာကွယ်ဖို့ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲခန်းအဆောက်အအုံသာရှိတယ်လို့ သူမက ပြောခဲ့ပါတယ်။
“ဒီအစည်းအဝေးက အချိန်ဖြုန်းတာပဲ၊ ယူကရိန်းမှာ ရုရှားတပ်တွေ လုပ်ဆောင်နေတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကနေ အာရုံပြောင်းဖို့ ကြိုးစားတာဖြစ်ပြီး တရားမျှတမှုမရှိတဲ့ စစ်ပွဲကို အကြောင်းပြဖို့ ဗျူဟာတစ်ခုသာဖြစ်တယ်” လို့ သောမက်စ်ဂရင်း ဖီးလ်က ကောင်စီကို ပြော ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ လုပ်ရပ်ဟာ ရှုံးနိမ့်နိုင်တယ်လို့ အနောက်နိုင်ငံတွေရဲ့ သံတမန်တွေက ပြောခဲ့ပါ တယ်။
Ref: CNA