ဂျာကာတာ၊ အောက်တိုဘာ (၂၉)

ဘာလီကျွန်းမှာ နိုင်ငံခြားသားတွေ ၁၀ နှစ်အထိ နေထိုင်နိုင်မယ့် ဗီဇာအသစ်တစ်မျိုးကို အင်ဒိုနီးရှားက ခွင့်ပြု ပေးခဲ့ပါတယ်။

ဒါဟာ ဘာလီကျွန်းကို နိုင်ငံခြားသားတွေရဲ့ ဒုတိယအိမ်အဖြစ် ပြုလုပ်နိုင်မယ့် ဗီဇာမူဝါဒသစ်ဖြစ်တယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ယာယီညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့တာပါ။

“ဘာလီကျွန်းနဲ့ တခြားနေရာတွေကို နိုင်ငံခြားခရီးသွားတွေကို လာရောက်ဖို့ ဆွဲဆောင်တဲ့ ရည်ရွယ်ချက်ပါ”လို့ သူကပြောပါတယ်။

“ဒုတိယအိမ်” ဗီဇာအစီအစဉ်အသစ်အရ နိုင်ငံခြားသားတွေဟာ ငါးနှစ် သို့မဟုတ် ၁၀ နှစ်အထိ နေထိုင်နိုင်ပြီး လိုအပ်ချက်တွေနဲ့အညီ လှုပ်ရှားမှုအမျိုးမျိုးကို လုပ်ဆောင်နိုင်မယ်လို့လည်း ဆိုပါတယ်။

စိတ်ဝင်စားသူတွေအနေနဲ့ ဘဏ်စာရင်းထဲမှာ အနည်းဆုံး (အမေရိကန်ဒေါ်လာ ၁၂၈,၄၀၀) ရှိရမှာဖြစ်ပြီး  အနည်းဆုံး ၃၆ လ သက်တမ်းရှိတဲ့ နိုင်ငံကူးလက်မှတ်ရှိရမှာ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ နိုင်ငံရပ်ခြား ကိုယ်စားလှယ်တွေ ထောင်နဲ့ချီ ရောက်ရှိလာနိုင်တဲ့(G20) ထိပ်သီး အစည်းအဝေးကို လာမယ့် နိုဝင်ဘာလလယ်မှာ  အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့လည်း ရှိနေတာပါ။

ဒုတိယအိမ်ဆိုတဲ့  ကာလရှည်နေထိုင်ခွင့် ပေးတဲ့ ဗီဇာ စည်းမျဉ်းသစ်ဟာ အခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာ စတင် အသက်ဝင်မှာလည်း ဖြစ်ပါတယ်။

“ဒီလူဝင်မှုကြီးကြပ်ရေးမူဝါဒဟာ မ္ဘာ့စီးပွားရေးအခြေအနေတွေကြားမှာ နိုင်ငံခြားသားအချို့ အင်ဒိုနီးရှားမှာ နေထိုင်ဖို့နဲ့ အင်ဒိုနီးရှားစီးပွားရေးအတွက် အပြုသဘောဆောင်တဲ့ အထောက်အကူဖြစ်စေဖို့ အတွက် ဘဏ္ဍာရေး မဟုတ်တဲ့မက်လုံးတွေထဲက တစ်ခုဖြစ်ပါတယ်” လို့ လူဝင်မှုကြီးကြပ်ရေး ယာယီညွှန်ချုပ် က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေအပေါ် မှီခိုနေရတဲ့ ဘာလီဟာ COVID-19 ကာလအတွင်းမှည ကိုဗစ် ကပ်ရော ဂါကြောင့် အထိခိုက်ဆုံး ပြည်နယ်ဖြစ်လာပြီး စီးပွားရေးအခြေအနေမှာလည်း ၂၀၂၀ ခုနှစ် တွင် ၉.၃၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂.၄၇ ရာခိုင်နှုန်း အထိအထိ ကျဆင်းခဲ့ရတာပါ။

 “ဒုတိယအိမ်ဗီဇာက လူတွေကို ဘာလီမှာ ကာလရှည်ကြာ နေထိုင်ဖို့ ခွင့်ပြုမှာပါ။ အဲဒီလို ဧည့်သည်များဟာ ဟော်တယ်မှာ နေဖို့ မလိုတော့ဘူးဆိုကတည်းကိုက ခရီးသွားကဏ္ဍတစ်ခုလုံးမှာရှိတဲ့ ကျွန်တော်တို့ကို မလိုအပ်ဘူးလို့ ပြောလိုက်တာပါပဲ” လို့ အင်ဒိုနီးရှား ခရီးသွားအေဂျင်စီတွေရဲ့ အကြီးအကဲ ပူတူ ဝင်နာစထရာ Putu Winastra က ထုတ်ဖော်ပြောကြားထားပါတယ်။

Ref; CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.