ဘန်ကောက်၊ အောက်တိုဘာ(၂၈)

လာမယ့်လမှာ ကျင်းပတော့မယ့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Apec) ထိပ်သီးအစည်း အဝေးအတွက် ဘေးကင်းရေး အစီအမံတွေကို ထားရှိဖို့ အမျိုးသားလုံခြုံရေးကောင်စီ(NSC) ကို ထိုင်းဝန်ကြီး ချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးလိုက်ပါတယ်။

အောက်တိုဘာ ၂၆ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ  သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်က ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး  မြို့တော်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေစဉ် ဘေးကင်းစေဖို့အတွက် လုံခြုံရေးအရာရှိတွေ၊ ရဲတပ်ဖွဲ့တွေ၊ စစ်တပ်နဲ့ ဘန်ကောက်မြို့ သားတွေကိုကိုလည်း ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ အလေးပေးပြောကြားခဲ့တာပါ။

နိုင်ငံအတွက် အကျိုးရှိစေမယ့် အဖွင့်သဘောနဲ့ ချိတ်ဆက်မှုတွေလုပ်ဆောင်ပြီး ညီတူညီမျှ ဖြစ်စေရေး ဆိုတဲ့ အယူအဆအောက်မှာ ထိပ်သီးအစည်းအဝေးရဲ့ အရေးပါမှုကို ပြောကြားခဲ့ပါတယ်။

“ အခုအခါမှာတော့ ထိုင်းနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြားနိုင်ငံတွေအကြား ခရီးသွားလုပ်ငန်းတွေကနေ အကျိုးအမြတ်တွေ ပိုမိုရရှိစေဖို့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ လက်ခံမှုရရှိဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်လို့ ယူဆပါတယ်” လို့  သူကပြောကြားခဲ့ပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံကို လုံခြုံအောင် ထိန်းထားဖို့နဲ့ မကောင်းတဲ့ အဖြစ်အပျက် တွေ ကို မဖြစ်အောင် တားဆီးဖို့ လူတိုင်းကို မေတ္တာရပ်ခံပါတယ်” လို့လည်း သူက ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးပရာယွတ် ဦးဆောင်တဲ့  ကာကွယ်ရေးကောင်စီ အစည်းအဝေးကို တက်ရောက်ခဲ့သူတွေက တော့ နိုင်ငံရဲ့ ပုံရိပ်ကို အပျက်သဘောဆောင်တဲ့ ဖြစ်ရပ်တွေကို လုပ်နိုင်ချေရှိတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အကြမ်းဖက် အုပ်စုတွေကို အနီးကပ် စောင့်ကြည့်ဖို့ သဘောတူခဲ့ကြပါတယ်။

အမျိုးသားထောက်လှမ်းရေးအေဂျင်စီက အထူးဌာနခွဲ ဗျူရိုအပါအဝင် ကြည်းတပ်ထောက်လှမ်းရေး ကွပ်ကဲမှုအ ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့လုံခြုံရေးဗဟိုဌာနတို့ရဲ့  အကူအညီနဲ့ သတင်းစီးဆင်းမှုသေချာစေဖို့  စစ်ခန်းတစ်ခု ဖွင့်လှစ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကာကွယ်ရေးဌာနရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Jittanat Punnotok (ဂျစ်တနက် ပွန်နော့ တော့ ) က ရဲတပ်ဖွဲ့နဲ့ တပ်မ တော်ကို ၎င်းတို့ရဲ့  လက်နက်သိုလှောင်ရာနေရာတွေမှာ  လုံခြုံရေး တင်းကျပ်ဖို့  ညွှန်ကြားထားကြောင်း၊လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ  မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို ဆောလျင်စွာ တုံ့ပြန်နိုင်စေဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ အမိန့်ပေးထားတယ်လို့ ပြောပါတယ်။

အမျိုးသား လုံခြုံရေးကောင်စီမှ အထွေထွေအတွင်းရေးမှူး Supoj Malaniyom )ဆူပို့ မလန်နီယွန် က ဒုတိယ ဝန် ကြီးချုပ် ဦးဆောင်တဲ့ လုံခြုံရေးနဲ့ ယာဉ်ကြောဆိုင်ရာ ဆပ်ကော်မတီက အခု အချိန်အထိ စိုးရိမ်စရာအ ခြေအနေမရှိသေးကြောင်း အစီရင်ခံတင်ပြခဲ့ပါတယ်။

Apec အစည်းအဝေးအတွင်း VIP ပုဂ္ဂိုလ်တွေအတွက် အစောင့်အကြပ်တွေ ပေးအပ်ခြင်း အပါအဝင် မမျှော်လင့် ထားတဲ့ အဖြစ်အပျက်တွေနဲ့  မရေရာတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုတင်ကာကွယ်မှုဆိုင်ရာ အစီအမံတွေကို သဘောတူညီခဲ့ကြောင်း ဗိုလ်ချုပ်ဆူပို့က ပြောကြားခဲ့တာပါ။

ဒါ့အပြင် ရုရှားနိုင်ငံနဲ့ ယူကရိန်းပဋိပက္ခ၊ ထိုင်ဝမ်ရေလက်ကြားနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မငြိမ်မ သက်မှုတွေ၊ တင်းမာမှုတွေ တိုးလာတဲ့ အကြောင်းကိုလည်း အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး  ထိုင်းနိုင်ငံဟာ ဥပဒေနဲ့ နိုင်ငံတကာ တာဝန်ဝတ္တရား တွေကိုအ ခြေခံပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးတဲ့ နေရာမှာလည်း စံပြုလုပ်ငန်း ဆောင် ရွက်မှု လုပ်ထုံးလုပ်နည်းတွေ (SOPs) ကို တင်းတင်းကျပ်ကျပ်လိုက်နာခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံရဲ့ အနာဂတ်လုံခြုံရေးအတွက် ထိရောက်တဲ့ စစ်ဆင်ရေးစီမံချက် (၂၀၂၃-၂၀၂၇) အတွက် အမျိုးသားလုံခြုံရေး အစီအစဉ်ကို ဖန်တီးမှာ ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref;Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.