ပေကျင်း – အောက်တိုဘာ(၂၈) 

တရုတ်နဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ဖို့ နည်းလမ်း ရှာရမယ်လို့ တရုတ်သမ္မတ ရှီကျင်းဖျင်က သူ့ရဲ့ တတိယအကြိမ် သမ္မတသက်တမ်း စတင်ထမ်း ဆောင်ချိန်မှာ ပြောခဲ့တယ်လို့ CCTV ရုပ်သံ မှာ ဖော်ပြထားပါတယ်။ 

မကြာခင်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်ကို ရန်စမှုတွေနဲ့ ဟောင်ကောင်မှာ ဖြိုခွင်းမှုတွေအပါအဝင် ရှင်ကျန်းက အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ဟာ တင်းမာမူတွေရှိလာခဲ့တာဖြစ်ပါတယ်။ 

ယူကရိန်းကို ရုရှား ကျူးကျော်မှုနဲ့ပတ်သက်ပြီး တရုတ်က သံတမန်ရေးအရ ကာကွယ်ပေးထား တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။ 

“ယနေ့ကမ္ဘာကြီးသည် ငြိမ်းချမ်းမှုရော အေးချမ်းမှုပါ မရှိနေဘူး” လို့ ရှီက ကွန်ဂရက်နောက်ပိုင်း အမေရိကန် – တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီကိုပေးပို့တဲ့ စာမှာ သူ့ရဲ့ ပထမ ဆုံးသဘောထားမှတ်ချက်တချို့ကို ထည့်သွင်းရေးသားခဲ့တာဖြစ်တယ်လို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံမှာ ဖော်ပြခဲ့ပါတယ်။ 

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ဟာ ကမ္ဘာကြီးကို တည်ငြိမ်အေးချမ်း မှုတွေပေးဖို့ ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းသင့်တယ်လို့ အမေရိကန် – တရုတ်ဆက်ဆံရေး အမျိုးသားကော်မတီမှာ ရှီက ပြောခဲ့တာဖြစ်ပါတယ်။ 

တရုတ်နိုင်ငံဟာ အပြန်အလှန်လေးစားမှု ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့နဲ့ ခေတ်သစ်မှာ ပေါင်းစည်းဖို့ နည်းလမ်းတွေ ရှာဖွေဖို့ အမေရိကန်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတယ်လို့ ဆိုခဲ့ပြီး ဒီလိုလုပ် ဆောင်တာဟာ နှစ်နိုင်ငံလုံးအတွက်သာမက ကမ္ဘာကိုပါ အကျိုးရှိစေမှာဖြစ်တယ်လို့ သမ္မတ ရှီက ပြောခဲ့ပါတယ်။ 

“အင်အားကြီးနိုင်ငံတွေ အနေနဲ့ တရုတ်နဲ့ အမေရိကန်ကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင် ရွက်မှုတွေ အားကောင်းလာမှုဟာ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုနဲ့ သေချာမှုကို တိုးမြှင့်ပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာမှာ အထောက်အကူဖြစ်စေမှာပါ” လို့ နယူးယောက်အခြေစိုက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုက မှတ်ချက်ပြုခဲ့ပါတယ်။

နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ပုံဖော်ဖို့နဲ့ စီးပွားရေး သံတမန်ရေး၊စစ်ရေးနဲ့ နည်းပညာဆိုင်ရာ ပါဝါတွေ တိုးမြင့်လာစေဖို့ ရည်ရွယ်ချက်နှစ်ခုလုံးနဲ့ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ တစ်ခုတည်းသော ပြိုင်ဘက်ဖြစ်တယ်လို့ ဘိုင်ဒင်ဦးဆောင်တဲ့ အစိုးရအဖွဲ့က ဒီလထဲက ပြောထားပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က “အမေရိကန်ဟာ တရုတ်နိုင်ငံနဲ့ ပဋိပက္ခဖြစ်ဖို့ ရှာဖွေနေတာ မဟုတ်ဘူး” လို့ အောက်တိုဘာလ(၂၆) ရက်နေ့ကပြောခဲ့ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.