ဂျကာတာ – အောက်တိုဘာ(၂၇)

မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာမှုကြောင့် လူဒါဇင်ပေါင်းများစွာသေဆုံး ခဲ့ရတာနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်နိုင်ဖို့အတွက် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးတွေက အောက်တိုဘာလ(၂၇) ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပတဲ့ အဲ့ဒီအစည်းအဝေးကို မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေတော့ ပါဝင်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး တက်ကြွ လှုပ်ရှားသူထောင်ပေါင်းများစွာကို ဖမ်းဆီးကာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် သတ်ဖြတ်ဖြိုခွင်းခဲ့တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာပြီး နောက်ပိုင်းအာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကို တက်ရောက်ခွင့် တားမြစ်ပိတ်ပင် ခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက အင်းစိန်အကျဉ်းထောင်ကို ဗုံးခွဲတိုက်ခိုက်တာနဲ့ ကျချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ(၁၀၀) နီးပါးသေဆုံးခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံက ဒီတွေ့ဆုံဆွေးနွေးမှုဟာ နိုဝင်ဘာလမှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်ခင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုတွန်းအား ပေးမလဲဆိုတဲ့ အကြံပြုချက်တွေ ထွက်ပေါ်လာဖို့ ရည်ရွယ်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးနောက်ခံမပါတဲ့ ကိုယ်စားလှယ်တစ်ဦး စေလွှတ်ဖို့ စစ်ကောင်စီကို ဖိတ်ကြားခဲ့ပေမယ့် သဘောမတူခဲ့ဘူးလို့ အင်ဒိုနီးရှားအစိုးရက ဆိုပါတယ်။

အာဆီယံက နိုင်ငံတကာငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ဦးဆောင်ပြလုပ်နေပေမယ့် စစ်ကောင်စီ နဲ့သဘောတူထားတဲ့ ငြိမ်းချမ်းရေး ကတိကဝတ်တွေကို ပြီးမြောက်ဖို့တော့ လုပ်ဆောင်နိုင်တာမရှိ သေးပါဘူး။

ဘုံသဘောတူညီချက် (၅) ရပ်မှာ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် တွေ့ဆုံဆွေးနွေးမှုစတင်တာအပြင် အာဆီယံဥက္ကဋ္ဌ ရဲ့ သံတမန်တစ်ဦးကို ညှိနှိုင်းရေးကိစ္စရပ်တွေမှာ အဆင်ပြေချောမွေ့စေဖို့ အပါအဝင် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့တို့ ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ က မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး နိုင်ငံတွင်း မတည် ငြိမ်မှုတွေနဲ့ ကူးစက်ရောဂါစိန်ခေါ်မှုတွေကြောင့် လုပ်ဆောင်လို့မရဘူးလို့ စစ်ခေါင်းဆောင်က အရင်က ပြစ်တင်ပြောဆိုထားပါတယ်။

အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်တာတွေမလုပ်ဖို့ မူဝါဒချမှတ်ထားပေမယ့် တချို့သော နိုင်ငံတွေကတော့ စစ်ကောင်စီကို ပြင်းထန်စွာ အရေးယူ ဖို့ တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် တချို့နိုင်ငံတွေကလည်း စစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးဖို့ စိတ်ဝင်စားမှုရှိနေတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

အရှေ့အာရှဆိုင်ရာ အမေရိကန်ထိပ်တန်း သံတမန်က မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဝမ်းနည်း ဖွယ် ကောင်းတယ်လို့ ပြောဆိုခဲ့ပြီး ဂျကာတာမှာ တွေ့ဆုံဆွေးနွေးမှုဟာ ကိုင်တွယ်ဖြေရှင်းမယ့် နည်းလမ်း ရှာဖွေဖို့ ကို အဓိက ဦးစားပေးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

စစ်တပ်ခေါင်းဆောင်ပိုင်းတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန်ဟာ “စစ်အစိုးရကိုဖိအားပေးဖို့ နောက်ထပ်ခြေလှမ်းများ” လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ပြောတာမရှိပါဘူး။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.